Knowledge

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာကျောက်ကပ်အားဆေး

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာကျောက်ကပ်အားဆေးလေး

မသိသူကျော်သွား သိသူဖော်စား..

ဟိုးတစ်လောက မန္တလေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်။ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာတင် ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါပဲတဲ့။

တစ်ချို့ဆိုရင် ကျောက်ကပ်က ၁၀% လောက်ပဲ အလုပ်လုပ်တော့တဲ့အတွက် မကြာခဏကျောက်ကပ်ဆေးနေရလို့ ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့..။ ဒါကြောင့်သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူအကျိုးအတွက် ရှာကြံပြီးဝေမျှပေးပါလို့ တောင်းဆိုလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်ပြီး တရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူဟာတရုတ်ပြည်မှာ နာမည်ကြီးစာရင်းဝင် ဆရာဝန်မကြီးတစ်ယောက်ပါ။ တရုတ်ဆရာဝန်တွေက အနောက်တိုင်းဆေးပညာကို

တရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ ပေါင်းစပ်ပြီး တရုတ်ဘာသာစကားနဲ့ သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံ နှံ့စပ်အောင် သိကြသူတွေဖြစ်ပါတယ်။ မျက်နှာကြည့်လိုက်ရင်သော်၄င်း၊ လက်ကောက်ဝတ်ကို စမ်းလိုက်ရင်သော်၄င်း ဘာဖြစ်နေတယ်ဆိုတာကို ဒက်ကနဲပြောနိုင်ပါတယ်..။

တရုတ်ဆရာဝန်မကြီးကို ကျောက်ကပ်ပျက်စီးမှုအကြောင်းကို မေးမြန်းလိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးနေကြရတာဟာ ကိုယ်တွင်းအဆိပ်တွေ မျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ ဓာတုဗေဒဆေးတွေကို ရေရှည်သုံးစွဲသူတွေ ကျောက်ကပ်ပျက်စီးကြောင်း၊ သဘာဝမဟုတ်တဲ့ဆေးတွေကို သတိထားဖို့လိုကြောင်း၊

အဆိုးဆုံးကတော့Capsuleတွေကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားရင် အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊ ဖြည့်စွက်ဆေးတွေကိုလည်း သဘာဝမဟုတ်ရင် မသုံးသင့်ကြောင်း၊ ဖြည့်စွက်ဆေးဆိုတိုင်းလည်း မိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့ သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊ လူတိုင်းနဲ့ တည့်မှာမဟုတ်ကြောင်းစသည်ဖြင့် အများကြီးပြောသွားပါတယ်။

ဒီတော့ ကျောက်ကပ်ပျက်စီးတဲ့သူတွေ သဘာဝအတိုင်းပြန်ကောင်းရအောင် ဘယ်လိုလုပ်ရမလဲ ဆရာမကြီးလို့ မေးလိုက်ပါတယ်။ ကျောက်ကပ်ပြန်ကောင်းဖို့အတွက် တရုတ်တွေ အားထားဆုံးကတော့..Chinese Yam ပြဲဖစ်ပါတယ်တဲ့ Chinese Yamမှာပါတဲ့ အင်ဇိုင်းတွေက ကျောက်ကပ်ကို ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း များများစားစရာ မလိုဘဲ တစ်နေ့ကို ၁လက်မလောက်စားပေးတာနဲ့ ကျောက်ကပ်က

တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြောင်း၊ ကျောက်ကပ်ပျက်စီးနေသူတွေရေ ကျောက်ကပ်ကို ကာကွယ်ထားလိုသူတွေရော စားသင့်ကြောင်း ဆရာမကြီးကပြောပြပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာမရှိဘူး ဆရာမကြီးလို့ဆိုတော့ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်တဲ့။ ကျောက်ကပ်ပျက်စီးနေသူတွေဟာ ရှောင့်သင့်တာတွေကိုရှောင်ပြီး chinese yam ကို ပုံမှန်စားသွားစေချင်ပါတယ်တဲ့။

မြန်မာအမည်ကတော့ကဒက်ဥပါတဲ့..။ ရခိုင်တွေကတော့ သင်းဖောဥလို့ခေါ်ကြပါတယ်၊ သင်းဒက်ဥလို့လည်း ခေါ်တယ်လို့ သိရပါတယ်။ အချို့ဒေသတွေမှာေ့တာ တောမျောက်ဥလို့လည်း ခေါ်ပါတယ်တဲ့။ တောက မိတ်ဆွေတွေကို

မေးကြည့်တော့ တို့တောမှာ ပေါလွန်းလို့ကွာတဲ့။ ပိန်းဥလိုပဲ ဟင်းချိုလုပ်သောက်ကြတယ်၊ အာလူးလိုလည်း ကြော်စားကြတယ်။ တရုတ်လူမျိုးတွေကတော့ ဝက်နံရိုးနဲ့ စွပ်ပြုတ်လုပ်သောက်ကြကြောင်း သိရပါတယ်။ နဲနဲပြုတ်လိုက်တာနဲ့ စားလို့ရပါပြီ။

အဲ့လောက်နဲ့ ကျွန်တော်က မကျေနပ်သေးဘူးဗျ။ အင်တာနက်ကနေ အသေးစိပ်ထပ်လေ့လာပါတယ်.. ။ အဲဒီမှာ ဘာသွားတွေ့Chinese Yam ဟာ ကျောက်ကပ်တစ်ခုတည်းသာမက အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့ကိုလည်း ပြန်ကောင်းစေနိုင်ကြောင်း ခမ်းခမ်းနားနား ဖော်ပြထားပါတယ်။

အဲဒီ ကလီစာ၄ခုအပြင် အခြားသော ကလီစာတွေကိုလည်းသူ့မှာပါတဲ့ အင်ဇိုင်းတွေ ဟိုမုန်းတွေနဲ့ ပံ့ပိုးသမှု ပြုပေးပါသေးတယ်။ ကဒက်ဥက တစ်ပင်လုံး တန်ဖိုးရှိတာဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း သေသေချာချာ ပြောထားပါတယ်။

(၁) Energy ကိုမြှင့်တင်ပေးခြင်း

(၂)ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေခြင်း (၃)ရင်ကျပ်ပန်းနာကို သက်သာစေခြင်း (၄)ချောင်းခြောက်ဆိုးခြင်းကို ပျောက်စေခြင်း (၅)သံကောင်တုတ်ကောင်များကို ဖယ်ရှားပေးခြင်း

(၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း

(၇)ဝမ်းတွင်းအပူအပုပ်များကို ဖယ်ရှားပေးခြင်း

(၈)ဆီးကောင်းစေခြင်း

(၉)အရိုးပွမှုကို ကာကွယ်ခြင်း

(၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း (၁၁)သွေးတွင်းသကြားဓာတ်ကို ညှိပေးခြင်း

(၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ခြင်း

(၁၃)အူကျန်းမာရေးကို စောင့်ရှောက်ခြင်း

(၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

(၁၅)ကင်ဆာဆဲလ်များကို သတ်ပေးခြင်း

(၁၆)စိတ်ခံစားမှု ၊မငြိမ်သက်မှုများကိုကောင်းစေခြင်း

(၁၇)အစာကြေစေခြင်း

(၁၈)နာတာရှည်ဝမ်းလျောမှုကို ပျောက်စေခြင်း

(၁၉)သွေးဆုံးကိုင်ခြင်းကို သက်သာစေခြင်း

(၂၀)အသရိုက်တစ်ကို သက်သာစေခြင်း

(၂၁)ဇီဝကမ္မဖြစ်စဉ်ကို ထိန်းပေးခြင်း

(၂၂)ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း

(၂၃)တစ်သျူးအသစ်များမွေးပေးခြင်း

(၂၄)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

(၂၅)ကော်လက်စတြောရေချိန်ကို ညှိပေးခြင်း (၂၆)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း (၂၇)အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင် ဖြေပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

Credit-ကိုမင်းကျော်ဝင်း (Min Kyaw Win)