Knowledge

သရေခေတ္တရာပြည်ကို တည်ထောင်ခဲ့သော နဖူးတွင်မှဲ့ရှင်ပါသည့် ဒွတ္တဘောင်မင်းကြီးအကြောင်း

ဒွတ္တဘောင်ဒွတ္တဘောင် မင်းကြီးသည် သရေခေတ္တရာပြည်ကို ရှေးဦးစွာ တည်ထောင်ခဲ့သော မင်းဖြစ်သည်။ ရှေးက သရေခေတ္တရာမြို့ဟောင်း နေရာမှာ ယခုခေတ်ပြည်မြို့အနီးတွင် ရှိသောမှော်ဇာမြို့ကလေးဖြစ်သည်။

ဒွတ္တဘောင်မင်းကြီးသည် ဘေဒါရီ၏ သားတော်ဖြစ်သည်။ နောင်တော် မဟာသမ္ဘဝမင်း နတ်ရွာစံ၍ ညီတော် စူဠသမ္ဘဝမင်း နန်းတက်သော အခါ ဘေဒါရီမိဖုရား၌ မဟာသမ္ဘဝမင်းနှင့်ရသော ပဋိသန္ဓေ ကျန်ရစ်ခဲ့သည်။

ညီတော် စူဠသမ္ဘဝမင်းလက်ထက်တွင် ဒွတ္တဘောင်မင်းကို ဖွားမြင်သောကြောင့် အဘညီနောင်၊ ဒွတ္တဘောင် ဟု ခေါ်ဆိုခဲ့ကြသည်။ဒွတ္တဘောင်မင်းကြီးကား ဖွားမြင်တော်မူကတည်းက နဖူးပေါ်တွင် မှဲ့ရှင်ပါလာသဖြင့် အလွန်ဘုန်းတန်ခိုးကြီးမားလှသည်။ နန်းတက်စဉ်က သိကြားမင်းကိုယ်တိုင် မ, ချီ၍ ရာဇပလ္လင်ပေါ်သို့ တင်ပေးခဲ့ရသည်ဟု သိရသည်။

သရေခေတ္တရာမြို့ကြီးကို သူမြတ် ခုနှစ်ဦး၏ အကူအညီဖြင့် သာသနာ သက္ကရာဇ် ၁၀၁ ခုနှစ်တွင် တည်ထောင်တော်မူခဲ့သည်။ဒွတ္တဘောင်မင်းနှင့် မန္တလေးတောင် – အရှင်ဇောတိကဘိဝံသ၏ မန္တ လေးတောင်သမိုင်းသစ်တွင်မူ သာသနာသက္ကရာဇ် (၁၀၁)ခုနှစ်၊ သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးသည် နဖူးမှည့်ရှင်ရှိ၍ ဘုန်းတန်ခိုး ကြီးသည်။

မျက်စိသုံးလုံး ဘုန်းမီးနေလထွန်းဟုလည်း ဆိုစမှတ်ပြု၏။ ဒွတ္တဘောင်မင်းအား မိုးမိတ်ဘုရင်က သမီးတော်တစ်ပါး ဆက်သ၏။ အလွန်ချော၍ စောမြဝတီ ဟူ၏။ကျန်မိဖုရားများက စောမြဝတီအား မနာလို၊ ဘုရင်ကြီးထံ ကုန်းစကားဆင်သည်။ ဘုရင်ကြီး ဒေါသထွက် ၍ အမိန့်တော်ချမည် ပြုစဉ် မိုးမိတ်ဘုရင်မှာသွားပုံကို ဆင်ခြင်စဉ်းစားမိသည်။

ကျွနျုပ်၏ သမီးအပေါ် စိတ်ငြိုငြင်မှုဖြစ်လျှင် သေဒဏ်မပေးဘဲ ပြည်နှင်ဒဏ်ပေးရန် လျှောက်ထားခဲ့မှု ဖြစ်သည်။ စောမြဝတီကို သေဒဏ်ပေး၍ မဖြစ်၊ တိုင်းပြည်မှ နှင်စေဟု အမိန့်ထုတ်သည်။စောမြဝတီလည်း ဧရာဝတီမြစ် အထက်ဆန်တက်ခဲ့စဉ် မန္တလေးတောင်နှင့် အနောက်တောင်ယွန်း တာနှစ်ထောင်ခန့်အကွာ၌ မင်းကြီးနှင့် ရခဲ့သော ကိုယ်ဝန်သည် နေ့စေ့ကာ သားယောက်ျား မင်းကလေး ဖွားမြင်သည်။

ဖွားမြင်သောနေရာမှာ ယခုမဟာမုနိဘုရားကြီးအောက်ဘက်သားတော်ရဘုရားနေရာတွင် ဖြစ်သည်။ ယင်းကိုစွဲ၍ ထိုနေရာ၌ အာနန္ဒာပုံ စေတီတစ်ဆူ တည်ထားရာ မန္တလေးမြို့ လူထုက သားတော်ရဘုရားဟု အသိများသည်။ ကျွန်းလုံးဥသျှောင်ရပ်ကွက်၌ တည်ရှိသည်။

မဟာမုနိဘုရား အနောက်မုခ်လမ်းမှ တောင်ဘက်သို့ အနည်းငယ်သွားလျှင် ရောက်သည်။ မင်းကလေးဖွားမြင်ရာ မနီးမဝေးရှိသော မြောက်ယွန်းယွန်းရှိ တောင်ကိုလည်း မင်းကလေးတောင်ဟု ခေါ်သည်။ ကာလညောင်း၍ မန္တလေးတောင် ဖြစ်လာသည်ဟု ဖော်ပြထားသည်။

ဒွတ္တဘောင်မင်းကြီးသည် နောင်တရ၍ စောမြဝတီနောက်လိုက်ရာ သားတော်ရဘုရားအနီး အရပ်၌ တဲထိုးနေတော်မူစဉ် တောင်ငယ်ကိုးလုံး ပတ်လည် ဝန်းရံနေသော မင်းကလေးတောင်ပေါ်သို့ တက်ရောက်ခဲ့သည်။ တောင်ငယ်ကိုးလုံး၌ တစ်လုံးအပါဖြစ်သောပတ္တမြားတောင်ထိပ်၌ ဆုတောင်းပြည့်စေတီတည်ပြီး စောင်းတန်းများပါ ဆောက်လုပ်လှူဒါန်းသည်ဟု အဆိုရှိသည်။

စဉ်းစားချင့်ချိန် မှတ်သားလေ့လာစရာများပင် ဖြစ်သည်။
ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စည်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေ လွှတ် တောင်းခံ၏။

မင်းကြီး၏ ဘုန်းတံခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။ပန်ထွာဘုရင် မအား လက်ဆက်ခြင်း – ထိုခေတ်က ခေတ်ပြိုင် တိုင်းပြည်တစ်ခုဖြစ်သောဗိဿနိုးပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သူမှာပန်ထွာဘုရင် မဖြစ်သည်။

ထိုဘုရင်မသည် အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်။သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ဗိဿနိုးမှစည်တော်ကြီး – ထိုဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။

အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်ပါက ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လေ့ရှိပြီး ထိုသို့ တီးခတ်သောအခါ ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းတွင် ရေကြီးလာလေ့ရှိပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။

ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း – ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင် ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။

ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။

မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။ စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်စေသည်။

ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့သည်။

မင်းကြီးသည် မည်မျှပင် ဘုန်းတန်ခိုးကြီးမားလှသော်လည်း ပန်ထွာမင်းသမီး ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင် ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုး နိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင် တော် နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။

မင်းကြီးသည် မြတ်စွာဘုရားဗျာဒိတ်ရသူဖြစ်သောကြောင့် စေတီပုထိုး မြောက်များစွာကို တည်ခဲ့ရာသရေခေတ္တရာမြို့ဟောင်းအနီးတွင် မင်းကြီးတည်တော်မူခဲ့သော စေတီပုထိုးတို့ကို ယနေ့တိုင်အောင် တွေ့မြင်နိုင်ပေသည်။

Credit – Wikipedia

Zawgyi
ဒြတၱေဘာင္ဒြတၱေဘာင္ မင္းႀကီးသည္ သေရေခတၱရာျပည္ကို ေရွးဦးစြာ တည္ေထာင္ခဲ့ေသာ မင္းျဖစ္သည္။ ေရွးက သေရေခတၱရာၿမိဳ႕ေဟာင္း ေနရာမွာ ယခုေခတ္ျပည္ၿမိဳ႕အနီးတြင္ ရွိေသာေမွာ္ဇာၿမိဳ႕ကေလးျဖစ္သည္။

ဒြတၱေဘာင္မင္းႀကီးသည္ ေဘဒါရီ၏ သားေတာ္ျဖစ္သည္။ ေနာင္ေတာ္ မဟာသမၻဝမင္း နတ္႐ြာစံ၍ ညီေတာ္ စူဠသမၻဝမင္း နန္းတက္ေသာ အခါ ေဘဒါရီမိဖုရား၌ မဟာသမၻဝမင္းႏွင့္ရေသာ ပဋိသႏၶေ က်န္ရစ္ခဲ့သည္။

ညီေတာ္ စူဠသမၻဝမင္းလက္ထက္တြင္ ဒြတၱေဘာင္မင္းကို ဖြားျမင္ေသာေၾကာင့္ အဘညီေနာင္၊ ဒြတၱေဘာင္ ဟု ေခၚဆိုခဲ့ၾကသည္။ဒြတၱေဘာင္မင္းႀကီးကား ဖြားျမင္ေတာ္မူကတည္းက နဖူးေပၚတြင္ မွဲ႕ရွင္ပါလာသျဖင့္ အလြန္ဘုန္းတန္ခိုးႀကီးမားလွသည္။ နန္းတက္စဥ္က သိၾကားမင္းကိုယ္တိုင္ မ, ခ်ီ၍ ရာဇပလႅင္ေပၚသို႔ တင္ေပးခဲ့ရသည္ဟု သိရသည္။

သေရေခတၱရာၿမိဳ႕ႀကီးကို သူျမတ္ ခုႏွစ္ဦး၏ အကူအညီျဖင့္ သာသနာ သကၠရာဇ္ ၁၀၁ ခုႏွစ္တြင္ တည္ေထာင္ေတာ္မူခဲ့သည္။ဒြတၱေဘာင္မင္းႏွင့္ မႏၱေလးေတာင္ အရွင္ေဇာတိကဘိဝံသ၏ မႏၱ ေလးေတာင္သမိုင္းသစ္တြင္မူ သာသနာသကၠရာဇ္ (၁၀၁)ခုႏွစ္၊ သေရေခတၱရာ ဒြတၱေဘာင္မင္းႀကီးသည္ နဖူးမွည့္ရွင္ရွိ၍ ဘုန္းတန္ခိုး ႀကီးသည္။

မ်က္စိသုံးလုံး ဘုန္းမီးေနလထြန္းဟုလည္း ဆိုစမွတ္ျပဳ၏။ ဒြတၱေဘာင္မင္းအား မိုးမိတ္ဘုရင္က သမီးေတာ္တစ္ပါး ဆက္သ၏။ အလြန္ေခ်ာ၍ ေစာျမဝတီ ဟူ၏။က်န္မိဖုရားမ်ားက ေစာျမဝတီအား မနာလို၊ ဘုရင္ႀကီးထံ ကုန္းစကားဆင္သည္။ ဘုရင္ႀကီး ေဒါသထြက္ ၍ အမိန႔္ေတာ္ခ်မည္ ျပဳစဥ္ မိုးမိတ္ဘုရင္မွာသြားပုံကို ဆင္ျခင္စဥ္းစားမိသည္။

ကြၽန်ဳပ္၏ သမီးအေပၚ စိတ္ၿငိဳျငင္မႈျဖစ္လွ်င္ ေသဒဏ္မေပးဘဲ ျပည္ႏွင္ဒဏ္ေပးရန္ ေလွ်ာက္ထားခဲ့မႈ ျဖစ္သည္။ ေစာျမဝတီကို ေသဒဏ္ေပး၍ မျဖစ္၊ တိုင္းျပည္မွ ႏွင္ေစဟု အမိန႔္ထုတ္သည္။ေစာျမဝတီလည္း ဧရာဝတီျမစ္ အထက္ဆန္တက္ခဲ့စဥ္ မႏၱေလးေတာင္ႏွင့္ အေနာက္ေတာင္ယြန္း တာႏွစ္ေထာင္ခန႔္အကြာ၌ မင္းႀကီးႏွင့္ ရခဲ့ေသာ ကိုယ္ဝန္သည္ ေန႕ေစ့ကာ သားေယာက္်ား မင္းကေလး ဖြားျမင္သည္။

ဖြားျမင္ေသာေနရာမွာ ယခုမဟာမုနိဘုရားႀကီးေအာက္ဘက္သားေတာ္ရဘုရားေနရာတြင္ ျဖစ္သည္။ ယင္းကိုစြဲ၍ ထိုေနရာ၌ အာနႏၵာပုံ ေစတီတစ္ဆူ တည္ထားရာ မႏၱေလးၿမိဳ႕ လူထုက သားေတာ္ရဘုရားဟု အသိမ်ားသည္။ ကြၽန္းလုံးဥေသွ်ာင္ရပ္ကြက္၌ တည္ရွိသည္။

မဟာမုနိဘုရား အေနာက္မုခ္လမ္းမွ ေတာင္ဘက္သို႔ အနည္းငယ္သြားလွ်င္ ေရာက္သည္။ မင္းကေလးဖြားျမင္ရာ မနီးမေဝးရွိေသာ ေျမာက္ယြန္းယြန္းရွိ ေတာင္ကိုလည္း မင္းကေလးေတာင္ဟု ေခၚသည္။ ကာလေညာင္း၍ မႏၱေလးေတာင္ ျဖစ္လာသည္ဟု ေဖာ္ျပထားသည္။

ဒြတၱေဘာင္မင္းႀကီးသည္ ေနာင္တရ၍ ေစာျမဝတီေနာက္လိုက္ရာ သားေတာ္ရဘုရားအနီး အရပ္၌ တဲထိုးေနေတာ္မူစဥ္ ေတာင္ငယ္ကိုးလုံး ပတ္လည္ ဝန္းရံေနေသာ မင္းကေလးေတာင္ေပၚသို႔ တက္ေရာက္ခဲ့သည္။ ေတာင္ငယ္ကိုးလုံး၌ တစ္လုံးအပါျဖစ္ေသာပတၱျမားေတာင္ထိပ္၌ ဆုေတာင္းျပည့္ေစတီတည္ၿပီး ေစာင္းတန္းမ်ားပါ ေဆာက္လုပ္လႉဒါန္းသည္ဟု အဆိုရွိသည္။

စဥ္းစားခ်င့္ခ်ိန္ မွတ္သားေလ့လာစရာမ်ားပင္ ျဖစ္သည္။
ဒြတၱေဘာင္မင္းႀကီးသည္ သိၾကားမင္းေပးေသာ လွံစၾကၤာႏွင့္ စည္ႀကီးမ်ားကို ရရွိေသာ ဘုန္းကံရွင္မင္းတပါးျဖစ္၏။ နိုင္ငံေတာ္ အရပ္ရပ္၌ တစ္ႏွစ္တစ္ႀကိမ္ အခြန္ေတာ္ ေကာက္ခံေတာ္မူ၏။ အခြန္ေတာ္ မဆက္သေသာ လက္ေအာက္ခံမင္းမ်ားအား လွံစၾကၤာတြင္ စာဆြဲ၍ ေစ လႊတ္ ေတာင္းခံ၏။

မင္းႀကီး၏ ဘုန္းတံခိုးေတာ္ ႀကီးမားလွေသာေၾကာင့္ နဂါးျပည္မွပင္ လာေရာက္၍ အခြန္ေတာ္ဆက္ရ၏။ပန္ထြာဘုရင္ မအား လက္ဆက္ျခင္း ထိုေခတ္က ေခတ္ၿပိဳင္ တိုင္းျပည္တစ္ခုျဖစ္ေသာဗိႆနိုးျပည္ႀကီးအား အုပ္ခ်ဳပ္မင္းလုပ္သူမွာပန္ထြာဘုရင္ မျဖစ္သည္။

ထိုဘုရင္မသည္ အလြန္ေခ်ာေမာလွပသည္ဟု သတင္းႀကီးၿပီး လင္ေယာက္်ားမရွိပဲ တစ္ဦးတည္း တိုင္းျပည္ကို အုပ္ခ်ဳပ္သည္။သေရေခတၱရာကို အုပ္ခ်ဳပ္ေသာ ဒြတၱေဘာင္မင္းႀကီးသည္ ပန္ထြာဘုရင္မကို လက္ဆက္ရန္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္ေပ။ဗိႆနိုးမွစည္ေတာ္ႀကီး ထိုဗိႆနိုးၿမိဳ႕တြင္ အလြန္ထူးျခားေသာ စည္ေတာ္ႀကီးတစ္လုံးရွိသည္။

အကယ္၍ ဗိႆနိုးအား ရန္သူမ်ား လာေရာက္တိုက္ခိုက္ပါက ပန္ထြာဘုရင္မသည္ ထိုစည္ေတာ္ႀကီးကို တီးခတ္ေလ့ရွိၿပီး ထိုသို႔ တီးခတ္ေသာအခါ ဗိႆနိုးၿမိဳ႕ကိုဝန္းရံထားေသာ ရန္ပယ္ေခ်ာင္းတြင္ ေရႀကီးလာေလ့ရွိၿပီး ရန္သူမ်ား ဆုတ္ခြာသြားရေလ့ရွိသည္။

ဒြတၱေဘာင္မင္းႀကီးသည္ ဗိႆနိုးအား သူ၏ တပ္ကို ေစလႊတ္၍ တိုက္ခိုက္ရန္ႀကိဳးစားေသာ္လည္း ထိုစည္ေတာ္ႀကီး၏ အစြမ္းေၾကာင့္ ေအာင္ျမင္နိုင္ျခင္းမရွိေပ။ဒြတၱေဘာင္မင္းမွ သူလွ်ိုေစလႊတ္ျခင္း ဒြတၱေဘာင္မင္းသည္ ထိုစည္ေတာ္ကို ဖ်က္ဆီးရန္အတြက္ သူလွ်ိုတစ္ေယာက္ကို တန္ခိုးရွင္ ရေသ့ေယာင္ ေဆာင္ေစၿပီး ဗိႆနိုးသို႔ေစလႊတ္သည္။

ထိုသူ၏ လွည့္စားမႈမ်ားကို ပန္ထြာဘုရင္မက ယုံၾကည္သျဖင့္ တန္ခိုးရွင္ဟု ထင္မွတ္ၿပီး နန္းေတာ္တြင္ ကိုးကြယ္ထားသည္။ ထိုအခါ ထိုရေသ့က ဘုရင္မကို အယုံသြင္း၍ သူ၏ အစြမ္းျဖင့္ ထိုစည္ေတာ္ႀကီးကို ပို၍အစြမ္းရွိေအာင္ ျပဳျပင္ေပးမည္ဟု လွည့္ဖ်ားသည္။ေနာက္တစ္ခါရန္သူမ်ား လာတိုက္ခ်ိန္တြင္ ထိုစည္ေတာ္ႀကီးကို တီးခတ္ပါက နတ္ေဒဝါတို႔လာေရာက္၍ ကူညီတိုက္ခိုက္ေပးရန္ စီရင္ေပးမည္ဟု ဆိုသည္။

မိဖုရားက ယုံၾကည္၍ ျပင္ဆင္ရန္ အပ္ႏွံေသာအခါတြင္ ထိုရေသ့က စည္ေတာ္ႀကီးကို ဖ်က္ဆီး၍ ထြက္ေျပးတိမ္းေရွာင္သြားေလသည္။ စည္ေတာ္ႀကီး ပ်က္စီးသြားေၾကာင္း သိရွိေသာအခ်ိန္တြင္ ဒြတၱေဘာင္မင္းမွ သူ၏ တပ္ကို ေစလႊတ္၍ တိုက္ခိုက္ေစသည္။

ပန္ထြာဘုရင္မသည္ ထိုအခ်ိန္မွ စည္ေတာ္ႀကီး ပ်က္စီးသြားေၾကာင္းသိသျဖင့္ မည္သို႔မွ်မတတ္နိုင္ေတာ့ေပ။ ေနာက္ဆုံးတြင္ ဒြတၱေဘာင္မင္းသည္ ဗိႆနိုးကို သိမ္းပိုက္၍ ပန္ထြာဘုရင္မႏွင့္ လက္ဆက္ခဲ့သည္။

မင္းႀကီးသည္ မည္မွ်ပင္ ဘုန္းတန္ခိုးႀကီးမားလွေသာ္လည္း ပန္ထြာမင္းသမီး ဆက္သလိုက္ေသာ မ်က္ႏွာသုတ္ပုဝါကို သုတ္မိကတည္းက မွဲ႕ရွင္ ကြယ္၍ ဘုန္းတန္ခိုးနိမ့္ခဲ့ရသည္။ ထိုသို႔ ဘုန္းတန္ခိုး နိမ့္ခဲ့ေသာေၾကာင့္ မိမိပိုင္ နိုင္ငံေတာ္အရပ္ရပ္၌ ေဖာင္ေတာ္စီး၍ အခြန္ေတာ္ လွည့္လည္ေကာက္ခံရာပုသိမ္ျမစ္ဝအလြန္ ေနဂေရအငူစြန္းသို႔ေရာက္လွ်င္ ေဖာင္ ေတာ္ နစ္ျမဳပ္၍ နတ္႐ြာစံလြန္ေတာ္မူခဲ့သည္။

မင္းႀကီးသည္ ျမတ္စြာဘုရားဗ်ာဒိတ္ရသူျဖစ္ေသာေၾကာင့္ ေစတီပုထိုး ေျမာက္မ်ားစြာကို တည္ခဲ့ရာသေရေခတၱရာၿမိဳ႕ေဟာင္းအနီးတြင္ မင္းႀကီးတည္ေတာ္မူခဲ့ေသာ ေစတီပုထိုးတို႔ကို ယေန႕တိုင္ေအာင္ ေတြ႕ျမင္နိုင္ေပသည္။

Credit Wikipedia