Local News

❝ သေရမည့်အချိန်ကို ကြိုသိသူ ❞

🌷🙏❝ သေရမည့်အချိန်ကို ကြိုသိသူ ❞🌷🙏

🙏“တပည့်တော်မ ဒီနေ့ ညနေ ငါးနာရီတိတိမှာ ဆုံးမှာဖြစ်လို့ ဆရာတော်ရဲ့တရားစခန်း အလုပ် မပျက်အောင် အိမ်ကိုပြန်ခွင့်ပြုပါဘုရား ” တဲ့။ ဆရာတော်က အေးအေးသက်သာပဲ ခွင့်ပြုလိုက်ပါတယ်။

အာနာပါန သမာဓိကနေ ဝိပဿနာကို တက်ကြတဲ့ ယောဂီတချို့ဟာ ခုလိုပဲ မိမိသေမယ့်ရက်ကို ကြိုသိနေတတ်ပါတယ်။

အာနာပါန သမာဓိစွမ်းအားကြောင့် သိရတာပါ။ ယောဂီတိုင်းတော့ မသိနိုင်ပါဘူး။

သေတယ်ဆိုတာ တရားမသိတဲ့သူတွေအတွက် အထူး အဆန်း ဖြစ်နေပေမယ့် တရားသိတဲ့သူတွေအတွက် ကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။

ပရမတ် ရုပ်နာမ် တွေရဲ့ ခဏသေနေမှု (ခဏိကမရဏ) ကို အမြဲ ကြည့်နေတဲ့ ယောဂီအတွက် အများက သမုတ်ထားတဲ့ တခါတရံသေမှု (သမုတိမရဏ) ဟာ အထူးအဆန်း မဟုတ်ဘူးဆိုတာ သဘာဝကျပါတယ်။

ဒါယိကာမကြီးဟာ သမီးအငယ်ဆုံး အိမ်မှာ သေဖို့နေရာ ရွေးလိုက်တယ်။

အထုပ်အပိုးတွေနဲ့ ပြန်လာတဲ့ အမေကိုတွေ့ရတော့ သမီးငယ်က တရားစခန်း မပြီးသေးပဲ ဘာကြောင့် ထွက်လာခဲ့တာလဲလို့ မေးတော့ ”

အမေ ဒီနေ့ ညနေ ငါးနာရီဆုံးမှာ၊ သမီး အမေ့ကို နောက်ဆုံးပြုစုခွင့် ရအောင် သမီးအိမ်ကို ရွေးလိုက်တာ” တဲ့။

အသက်ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတဲ့သူမျိုးက ပြောရမယ့်စကားကို ကောင်းကောင်းမွန်မွန် မာမာကျန်းကျန်းနဲ့ မိခင်က ပြောနေတာဆိုတော့ သမီးငယ်က မယုံဘူး။

ဒါကြောင့် သူ့အကိုတွေ အစ်မတွေကိုတောင် သွားပြီး အကြောင်းမကြားဘူး။

မိခင်ရဲ့စကားကို မယုံပေမယ့် အမေစိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လိုအပ်တာတွေ အကုန်ပြုစုပေးတယ်။ ရေမိုးချိုး ခေါင်းပါ လျှော်ပြီးတာနဲ့ ညနေ(၄)နာရီလောက်မှာ ညစာ,စားတယ်။

စားသောက်ပြီးတာနဲ့ ကုတင်တစ်လုံးကို ပြင်ခိုင်းတယ်။ ကုတင်ပေါ်ထိုင်ပြီးတာနဲ့ ဝိပဿနာတရားကို နာကြားအားထုတ်သင့်တဲ့အကြောင်း သမီးကို ရှင်းပြတယ်။

မှတ်သားစရာ အကောင်းဆုံး စကားတခွန်းကတော့ “သမီးရေ တချို့က နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားရှင်ကို ဆီမီးငါးတိုင်၊ ကြာငါးခိုင်နဲ့ လက်ဦးဖူးတွေ့ ပူဇော်ရပါလို၏လို့ ဆုတောင်းလေ့ရှိကြတယ်။

ဒါပေမယ့် ခုဘဝမှာတော့ ဝိပသနာတရား နာကြာရကောင်းမှန်း ရှုပွားရကောင်းမှန်း မသိကြဘူး။

ဝိပဿနာနဲ့ ပက်သက်လို့ ရုပ်နာမ်အဓိပ္ပါယ်ကိုတောင် ကျကျနန မသိခဲ့သူတွေဟာ အရိမေတ္တယျဘုရားနဲ့တွေ့လည်း တရားရဖို့ နေနေသာသာ ဘုရားမှန်းတောင် သိမှာမဟုတ်ပါဘူး။

တကယ်တော့ သမီးရယ် တရားမြင်မှ ဘုရားမြင်တာပါ။ဂေါတမမြတ်စွာ ဘုရားဖြစ်တော်မူစက ပ ဉ္စဝဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောရအောင် မိဂဒါဝုန်တောကို တပါးတည်း ကြွလာတယ်။ လမ်းမှာ ဥပကအမည်ရှိတဲ့ တက္ကတွန်းတစ်ယောက်နဲ့ တွေ့တယ်။

ကိလေသာကင်းစင်သူတွေရဲ့ တင့်တယ်သပ္ပါယ်မှုဟာဘေးလူ တွေအနေနဲ့ ကြည်ညိုလို့ မဝနိုင်ပါဘူး။ ဒါကြောင့် ဘုရားကိုမြင်မြင်ချင်း ကြည်ညို လေးစားသွားတယ်။

ဒါကြောင့် ဘယ်အမည်ရှိတယ်။ ဘယ်ဆရာထံ နည်းခံပြီး တရားကျင့်တယ်ဆိုတာကို မေးမြန်းတယ်။ ဒါ့ကြောင့် ဘုရားရှင်က မာရ်ငါးပါးကို အောင်မြင်တော်မူပြီးဖြစ်လို့ ငါ့အမည်ကို “ဇိန” လို့ ခေါ်တယ်။

ငါ့မှာ ဆရာမရှိ ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိမြင်တော်မူတော်လို့ မိန့်တော်မူပါတယ်။

ဒီအခါမှာ ဥပက က ခေါင်းလေး တစ်ငြိမ့်ငြိမ့်နဲ့ ဇိန ဆိုတာ ဟုတ်လောက်ပါတယ်လို့ မှတ်ချက်ချရင်း ဘုရားရှင်အနားက ခွာသွားတယ်။ ဘာတရားမှ နာမသွားခဲ့ဘူး။

ဥပကတက္ကတွန်းဟာ အရင် ကသပဘုရားရှင် သာသနာနောက်ပိုင်း ကာလတုန်းက ဝိပသနာတရားကို နာကြားရှုပွားခြင်းမရှိပဲ ဂေါတမမြတ်စွာဘုရားကို သူတပါးထက် အရင်ဖူးတွေ့ရပါလို၏ လို့ ဆုတောင်းဖူးခဲ့လိမ့်မယ်။

ဒါပေမယ့် အရင်ဘဝတုန်းက တရားကိုမြင်အောင် မကြိုးစားတော့ ခုဘဝမှာ ဘုရားကို မြင်တွေ့ရသော်လည်း တရားရဖို့ နေနေသာသာ ဘုရားမှန်းတောင် မသိခဲ့ပါဘူး။

ဒါကြောင့် သမီးလည်း ဘုရားကို တကယ်မြင်ချင်ရင် အခုဘဝကတည်းက တရားကို တကယ်မြင်အောင် ဝိပဿနာကို နာကြားအားထုတ်ပါ ” တဲ့။

ဒီစကားလေးကိုပြောပြီး ညနေငါးနာရီထိုးတိတိမှာပဲခေါင်းအုံး ပေါ်အသာအယာလှဲချပြီး ပြုံးပြုံးလေး ရုပ်နာမ်ချုပ်သွားခဲ့ပါတယ်။

ပြုံးတယ်ဆိုတာကတော့ မမဲ့တာကို ပြောင်းပြန် ပြန်ပြီး ပြောနေကြတာပါ။ အမှန်ကတော့ ကြည်လင်သန့်ရှင်းတဲ့ မျက်နှာနဲ့တည်တည်ကြည်ကြည် ရုပ်နာမ်ချုပ်သွားတာပါ။

Credit –✍️

#photocrd

Zawgyi

🌷🙏❝ ေသရမည့္အခ်ိန္ကို ႀကိဳသိသူ ❞🌷🙏

🙏“တပည့္ေတာ္မ ဒီေန႔ ညေန ငါးနာရီတိတိမွာ ဆုံးမွာျဖစ္လို႔ ဆရာေတာ္ရဲ့တရားစခန္း အလုပ္ မပ်က္ေအာင္ အိမ္ကိုျပန္ခြင့္ျပဳပါဘုရား ” တဲ့။ ဆရာေတာ္က ေအးေအးသက္သာပဲ ခြင့္ျပဳလိုက္ပါတယ္။

အာနာပါန သမာဓိကေန ဝိပႆနာကို တက္ၾကတဲ့ ေယာဂီတခ်ိဳ႕ဟာ ခုလိုပဲ မိမိေသမယ့္ရက္ကို ႀကိဳသိေနတတ္ပါတယ္။

အာနာပါန သမာဓိစြမ္းအားေၾကာင့္ သိရတာပါ။ ေယာဂီတိုင္းေတာ့ မသိနိုင္ပါဘူး။

ေသတယ္ဆိုတာ တရားမသိတဲ့သူေတြအတြက္ အထူး အဆန္း ျဖစ္ေနေပမယ့္ တရားသိတဲ့သူေတြအတြက္ ကေတာ့ အထူးအဆန္း မဟုတ္ေတာ့ပါဘူး။

ပရမတ္ ႐ုပ္နာမ္ ေတြရဲ့ ခဏေသေနမႈ (ခဏိကမရဏ) ကို အျမဲ ၾကည့္ေနတဲ့ ေယာဂီအတြက္ အမ်ားက သမုတ္ထားတဲ့ တခါတရံေသမႈ (သမုတိမရဏ) ဟာ အထူးအဆန္း မဟုတ္ဘူးဆိုတာ သဘာဝက်ပါတယ္။

ဒါယိကာမႀကီးဟာ သမီးအငယ္ဆုံး အိမ္မွာ ေသဖို႔ေနရာ ေရြးလိုက္တယ္။

အထုပ္အပိုးေတြနဲ႔ ျပန္လာတဲ့ အေမကိုေတြ႕ရေတာ့ သမီးငယ္က တရားစခန္း မၿပီးေသးပဲ ဘာေၾကာင့္ ထြက္လာခဲ့တာလဲလို႔ ေမးေတာ့ ”

အေမ ဒီေန႔ ညေန ငါးနာရီဆုံးမွာ၊ သမီး အေမ့ကို ေနာက္ဆုံးျပဳစုခြင့္ ရေအာင္ သမီးအိမ္ကို ေရြးလိုက္တာ” တဲ့။

အသက္ဖုတ္လွိုက္ဖုတ္လွိုက္ ျဖစ္ေနတဲ့သူမ်ိဳးက ေျပာရမယ့္စကားကို ေကာင္းေကာင္းမြန္မြန္ မာမာက်န္းက်န္းနဲ႔ မိခင္က ေျပာေနတာဆိုေတာ့ သမီးငယ္က မယုံဘူး။

ဒါေၾကာင့္ သူ႔အကိုေတြ အစ္မေတြကိုေတာင္ သြားၿပီး အေၾကာင္းမၾကားဘူး။

မိခင္ရဲ့စကားကို မယုံေပမယ့္ အေမစိတ္ခ်မ္းသာရင္ၿပီးေရာ ဆိုၿပီး လိုအပ္တာေတြ အကုန္ျပဳစုေပးတယ္။ ေရမိုးခ်ိဳး ေခါင္းပါ ေလၽွာ္ၿပီးတာနဲ႔ ညေန(၄)နာရီေလာက္မွာ ညစာ,စားတယ္။

စားေသာက္ၿပီးတာနဲ႔ ကုတင္တစ္လုံးကို ျပင္ခိုင္းတယ္။ ကုတင္ေပၚထိုင္ၿပီးတာနဲ႔ ဝိပႆနာတရားကို နာၾကားအားထုတ္သင့္တဲ့အေၾကာင္း သမီးကို ရွင္းျပတယ္။

မွတ္သားစရာ အေကာင္းဆုံး စကားတခြန္းကေတာ့ “သမီးေရ တခ်ိဳ႕က ေနာင္ပြင့္မယ့္ အရိေမေတၱယ်ဘုရားရွင္ကို ဆီမီးငါးတိုင္၊ ၾကာငါးခိုင္နဲ႔ လက္ဦးဖူးေတြ႕ ပူေဇာ္ရပါလို၏လို႔ ဆုေတာင္းေလ့ရွိၾကတယ္။

ဒါေပမယ့္ ခုဘဝမွာေတာ့ ဝိပသနာတရား နာၾကာရေကာင္းမွန္း ရႈပြားရေကာင္းမွန္း မသိၾကဘူး။

ဝိပႆနာနဲ႔ ပက္သက္လို႔ ႐ုပ္နာမ္အဓိပၸါယ္ကိုေတာင္ က်က်နန မသိခဲ့သူေတြဟာ အရိေမတၱယ်ဘုရားနဲ႔ေတြ႕လည္း တရားရဖို႔ ေနေနသာသာ ဘုရားမွန္းေတာင္ သိမွာမဟုတ္ပါဘူး။

တကယ္ေတာ့ သမီးရယ္ တရားျမင္မွ ဘုရားျမင္တာပါ။ေဂါတမျမတ္စြာ ဘုရားျဖစ္ေတာ္မူစက ပ ဥၥဝဂီငါးဦးကို ဓမၼစၾကာတရားဦး ေဟာရေအာင္ မိဂဒါဝုန္ေတာကို တပါးတည္း ႂကြလာတယ္။ လမ္းမွာ ဥပကအမည္ရွိတဲ့ တကၠတြန္းတစ္ေယာက္နဲ႔ ေတြ႕တယ္။

ကိေလသာကင္းစင္သူေတြရဲ့ တင့္တယ္သပၸါယ္မႈဟာေဘးလူ ေတြအေနနဲ႔ ၾကည္ညိဳလို႔ မဝနိုင္ပါဘူး။ ဒါေၾကာင့္ ဘုရားကိုျမင္ျမင္ခ်င္း ၾကည္ညိဳ ေလးစားသြားတယ္။

ဒါေၾကာင့္ ဘယ္အမည္ရွိတယ္။ ဘယ္ဆရာထံ နည္းခံၿပီး တရားက်င့္တယ္ဆိုတာကို ေမးျမန္းတယ္။ ဒါ့ေၾကာင့္ ဘုရားရွင္က မာရ္ငါးပါးကို ေအာင္ျမင္ေတာ္မူၿပီးျဖစ္လို႔ ငါ့အမည္ကို “ဇိန” လို႔ ေခၚတယ္။

ငါ့မွာ ဆရာမရွိ ကိုယ္ေတာ္တိုင္ သဗၺညဳတဉာဏ္ေတာ္ကို ထိုးထြင္း၍ သိျမင္ေတာ္မူေတာ္လို႔ မိန႔္ေတာ္မူပါတယ္။

ဒီအခါမွာ ဥပက က ေခါင္းေလး တစ္ၿငိမ့္ၿငိမ့္နဲ႔ ဇိန ဆိုတာ ဟုတ္ေလာက္ပါတယ္လို႔ မွတ္ခ်က္ခ်ရင္း ဘုရားရွင္အနားက ခြာသြားတယ္။ ဘာတရားမွ နာမသြားခဲ့ဘူး။

ဥပကတကၠတြန္းဟာ အရင္ ကသပဘုရားရွင္ သာသနာေနာက္ပိုင္း ကာလတုန္းက ဝိပသနာတရားကို နာၾကားရႈပြားျခင္းမရွိပဲ ေဂါတမျမတ္စြာဘုရားကို သူတပါးထက္ အရင္ဖူးေတြ႕ရပါလို၏ လို႔ ဆုေတာင္းဖူးခဲ့လိမ့္မယ္။

ဒါေပမယ့္ အရင္ဘဝတုန္းက တရားကိုျမင္ေအာင္ မႀကိဳးစားေတာ့ ခုဘဝမွာ ဘုရားကို ျမင္ေတြ႕ရေသာ္လည္း တရားရဖို႔ ေနေနသာသာ ဘုရားမွန္းေတာင္ မသိခဲ့ပါဘူး။

ဒါေၾကာင့္ သမီးလည္း ဘုရားကို တကယ္ျမင္ခ်င္ရင္ အခုဘဝကတည္းက တရားကို တကယ္ျမင္ေအာင္ ဝိပႆနာကို နာၾကားအားထုတ္ပါ ” တဲ့။

ဒီစကားေလးကိုေျပာၿပီး ညေနငါးနာရီထိုးတိတိမွာပဲေခါင္းအုံး ေပၚအသာအယာလွဲခ်ၿပီး ျပဳံးျပဳံးေလး ႐ုပ္နာမ္ခ်ဳပ္သြားခဲ့ပါတယ္။

ျပဳံးတယ္ဆိုတာကေတာ့ မမဲ့တာကို ေျပာင္းျပန္ ျပန္ၿပီး ေျပာေနၾကတာပါ။ အမွန္ကေတာ့ ၾကည္လင္သန႔္ရွင္းတဲ့ မ်က္ႏွာနဲ႔တည္တည္ၾကည္ၾကည္ ႐ုပ္နာမ္ခ်ဳပ္သြားတာပါ။

Credit –✍️

#photocrd