မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၂ ခုနှစ်အတွင်း BWF ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့သဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်လည်မြင့်တက်လာပြီး နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၅၉)နေရာ၌ ရပ်တည်နေကြောင်း သိရသည်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ပြိုင်ပွဲများ မယှဉ်ပြိုင်နိုင်သဖြင့် သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ သဖြင့် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် သိသိသာသာပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
သက်ထားသူဇာသည် ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၈၀)ကျော်အထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၀)ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၆၃)၊ ဒီဇင်ဘာ (၂၇)ရက်နှင့် ယခုနှစ် ဇန်နဝါရီ (၃)ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၅၉)နေရာ ရပ်တည်နေခြင်းဖြစ်သည်။

သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရပြီးနောက်ပိုင်း ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ် (BWF) က စီစဉ်ကျင်းပသည့် ပြိုင်ပွဲများအနက် အဆင့်သတ်မှတ်ချက်ပိုမိုမြင့်မားသည့်ပြိုင်ပွဲများတွင်သာ ဆက်တိုက်ယှဉ်ပြိုင်လာသဖြင့် ရမှတ်ရရှိမှုတွင် ပိုမိုမြင့်မားလာခြင်းဖြစ်သည်။
သက်ထားသူဇာသည် ရမှတ်စုစုပေါင်း (၂၂၉၂၀)မှတ်ဖြင့် အဆင့် (၅၉)နေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်(၁၇) ရက်က ထုတ်ပြန်မှုတွင် အဆင့် (၅၇) နေရာအထိ ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။
သက်ထားသူဇာသည် ၂၀၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ (၁၄)ခုတွင် ရမှတ်စုစုပေါင်း (၂၆၄၁၀) ရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲများအနက် ဘာရိန်း International Series ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရခဲ့ပြီး ကျန်ပြိုင်ပွဲများတွင် ကွာတားဖိုင်နယ် နှင့် အခြားအဆင့်များမှ ထွက်ခဲ့ရသည်။
သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့် ပြိုင်ပွဲများတွင် ၂၀၁၈ ခုနှစ်မှစ၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်း မရှိဘဲ ယင်းနောက်ပိုင်းမှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
Credit Elevensports
Zawgyi
ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာသည္ ၂၀၂၂ ခုႏွစ္အတြင္း BWF ၿပိဳင္ပြဲမ်ား ဆက္တိုက္ယွဥ္ၿပိဳင္ခဲ့သျဖင့္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္ ျပန္လည္ျမင့္တက္လာၿပီး ေနာက္ဆုံးထုတ္ျပန္ခဲ့သည့္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္တြင္ အဆင့္ (၅၉)ေနရာ၌ ရပ္တည္ေနေၾကာင္း သိရသည္။
ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ၂၀၂၁ ႏွစ္ကုန္ပိုင္းႏွင့္ ၂၀၂၂ ႏွစ္ဆန္းပိုင္းတြင္ ၿပိဳင္ပြဲမ်ား မယွဥ္ၿပိဳင္ႏိုင္သျဖင့္ သက္ထားသူဇာသည္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္ က်ဆင္းသြားခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္းမွစတင္ကာ ၿပိဳင္ပြဲမ်ား ဆက္တိုက္ယွဥ္ၿပိဳင္ခဲ့ သျဖင့္ ႏွစ္ကုန္ပိုင္းတြင္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္ သိသိသာသာျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။
သက္ထားသူဇာသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္ (၈၀)ေက်ာ္အထိ က်ဆင္းသြားခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာ (၂၀)ရက္က ထုတ္ျပန္သည့္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္တြင္ အဆင့္ (၆၃)၊ ဒီဇင္ဘာ (၂၇)ရက္ႏွင့္ ယခုႏွစ္ ဇန္နဝါရီ (၃)ရက္ ထုတ္ျပန္သည့္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္တြင္ အဆင့္ (၅၉)ေနရာ ရပ္တည္ေနျခင္းျဖစ္သည္။
သက္ထားသူဇာသည္ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္ရၿပီးေနာက္ပိုင္း ကမ႓ာ့ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ (BWF) က စီစဥ္က်င္းပသည့္ ၿပိဳင္ပြဲမ်ားအနက္ အဆင့္သတ္မွတ္ခ်က္ပိုမိုျမင့္မားသည့္ၿပိဳင္ပြဲမ်ားတြင္သာ ဆက္တိုက္ယွဥ္ၿပိဳင္လာသျဖင့္ ရမွတ္ရ႐ွိမႈတြင္ ပိုမိုျမင့္မားလာျခင္းျဖစ္သည္။
သက္ထားသူဇာသည္ ရမွတ္စုစုေပါင္း (၂၂၉၂၀)မွတ္ျဖင့္ အဆင့္ (၅၉)ေနရာ၌ ရပ္တည္ေနျခင္းျဖစ္သည္။ သက္ထားသူဇာသည္ ကမ႓ာ့အဆင့္သတ္မွတ္ခ်က္ အျမင့္ဆုံးအျဖစ္ ၂၀၂၀ ျပည့္ႏွစ္ မတ္(၁၇) ရက္က ထုတ္ျပန္မႈတြင္ အဆင့္ (၅၇) ေနရာအထိ ေရာက္႐ွိခဲ့ဖူးေၾကာင္း သိရသည္။
သက္ထားသူဇာသည္ ၂၀၂၂ ခုႏွစ္အတြင္း ယွဥ္ၿပိဳင္ခဲ့သည့္ ၿပိဳင္ပြဲ (၁၄)ခုတြင္ ရမွတ္စုစုေပါင္း (၂၆၄၁၀) ရယူႏိုင္ခဲ့သည္။ သက္ထားသူဇာသည္ ယင္းၿပိဳင္ပြဲမ်ားအနက္ ဘာရိန္း International Series ၿပိဳင္ပြဲတြင္ ပူးတြဲတတိယဆုရခဲ့ၿပီး က်န္ၿပိဳင္ပြဲမ်ားတြင္ ကြာတားဖိုင္နယ္ ႏွင့္ အျခားအဆင့္မ်ားမွ ထြက္ခဲ့ရသည္။
သက္ထားသူဇာသည္ ကမ႓ာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ (BWF) က က်င္းပသည့္ ၿပိဳင္ပြဲမ်ားတြင္ ၂၀၁၈ ခုႏွစ္မွစ၍ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ မတ္လမွ ၂၀၂၁ ခုႏွစ္ ႏွစ္လယ္ပိုင္းအထိ ၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ရျခင္း မ႐ွိဘဲ ယင္းေနာက္ပိုင္းမွသာ ၿပိဳင္ပြဲမ်ား ျပန္လည္ယွဥ္ၿပိဳင္ရျခင္းျဖစ္သည္။
Credit Elevensports



