စစ္ကိုင္းၿမိဳ႕တြင္ အလႉခံထြက္သည့္ (၁၆)ႏွစ္အရြယ္ ဆရာေလး ၂ ပါး ၄ ရက္ၾကာေပ်ာက္ဆုံး
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာခ႐ိုင္၊ ေခ်ာင္းဦးၿမိဳ႕တြင္ အလႉခံထြက္သည့္ ဆရာေလး ၂ ပါးမွာ ၄ ရက္ၾကာ ေပ်ာက္ဆုံးေနေၾကာင္း သိရပါတယ္။
ဆြမ္းခံထြက္သည့္ဆရာေလး ၂ ပါးမွာ ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ ေခ်ာင္းဦးၿမိဳ႕ရွိ သီလရွင္ေက်ာင္းတြင္တ ည္းၿပီး
နံနက္ခင္းတြင္ ေခ်ာင္းဦးၿမိဳ႕ထဲသို႔ အလႉခံထြက္ရင္း ညေနခင္းအခ်ိန္တြင္ ေက်ာင္းသို႔ျပန္ေရာက္လာ ျခင္းမရွိေၾကာင္း သိရပါတယ္။
ေပ်ာက္ဆုံးသည့္ ဆရာေလး ၂ ပါးမွာ စစ္ကိုင္းၿမိဳ႕၊ ေဇယ်ာတိုးခ်ဲ႕ရပ္ကြက္၊ “ရတနာသိဃၤေ႐ႊဘို ေက်ာင္း တိုက္”တြင္ သီတင္းသုံးေနထိုင္သည့္ ဆရာေလး ၂ ပါး ျဖစ္ေၾကာင္း သိရပါတယ္။
“ဒီဆရာေလး ၂ ပါးက ေခ်ာင္းဦးၿမိဳ႕ကို ေရာက္တဲ့ေမာ္ေတာ္ယာဥ္နဲ႔လိုက္သြားတယ္။
ေက်ာင္းကိုလည္းေရာ က္တယ္။ နံနက္ခင္းေရာက္ေတာ့ အလႉခံထြက္တာ။ ညေနခင္းက်ေတာ့ ဆရာေလး ၂ ပါးျပန္မေရာက္ဘူး။
ဆရာေလးတစ္ပါးရဲ႕အမ်ိဳးက ေတာင္သာမွာရွိတယ္။ အဲ့ကိုေရာက္လားလို႔ ေမးတယ္မလာဘူးေျပာတယ္” လို႔ ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးမွ သိရပါတယ္။
မပုဏၰမီေထရီ၊ မဇာေဏသီ ထိုေပ်ာက္ဆုံးေနသည့္ ဆရာေလး ၂ ပါးမွာ အသက္ (၁၆) ႏွစ္အ႐ြယ္ မပုဏၰမီ ေထရီႏွင့္ အသက္ (၁၇) ႏွစ္အ႐ြယ္ မဇာေဏသီ ျဖစ္ေၾကာင္း၊
ထိုဆရာေလးႏွစ္ပါးကို ျပည္သူမ်ားမွ ေတြ႕ရွိပါက ဆက္သြယ္ရန္ဖုန္း
၀၉-၄၅၂၄၄၄၁ ၁၆၊၀၉-၉၇၁၂၁၈၀၀၀ တို႔ကိုအေၾကာင္းၾကားႏိုင္ပါတယ္။
credit to orginal
unicode
စစ်ကိုင်းမြို့တွင် အလှူခံထွက်သည့် (၁၆)နှစ်အရွယ် ဆရာလေး ၂ ပါး ၄ ရက်ကြာပျောက်ဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် အလှူခံထွက်သည့် ဆရာလေး ၂ ပါးမှာ ၄ ရက်ကြာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဆွမ်းခံထွက်သည့်ဆရာလေး ၂ ပါးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ချောင်းဦးမြို့ရှိ သီလရှင်ကျောင်းတွင်တ ည်းပြီး
နံနက်ခင်းတွင် ချောင်းဦးမြို့ထဲသို့ အလှူခံထွက်ရင်း ညနေခင်းအချိန်တွင် ကျောင်းသို့ပြန်ရောက်လာ ခြင်းမရှိကြောင်း သိရပါတယ်။
ပျောက်ဆုံးသည့် ဆရာလေး ၂ ပါးမှာ စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်၊ “ရတနာသိင်္ဃရွှေဘို ကျောင်း တိုက်”တွင် သီတင်းသုံးနေထိုင်သည့် ဆရာလေး ၂ ပါး ဖြစ်ကြောင်း သိရပါတယ်။
“ဒီဆရာလေး ၂ ပါးက ချောင်းဦးမြို့ကို ရောက်တဲ့မော်တော်ယာဉ်နဲ့လိုက်သွားတယ်။
ကျောင်းကိုလည်းရော က်တယ်။ နံနက်ခင်းရောက်တော့ အလှူခံထွက်တာ။ ညနေခင်းကျတော့ ဆရာလေး ၂ ပါးပြန်မရောက်ဘူး။
ဆရာလေးတစ်ပါးရဲ့အမျိုးက တောင်သာမှာရှိတယ်။ အဲ့ကိုရောက်လားလို့ မေးတယ်မလာဘူးပြောတယ်” လို့ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ သိရပါတယ်။
မပုဏ္ဏမီထေရီ၊ မဇာဏေသီ ထိုပျောက်ဆုံးနေသည့် ဆရာလေး ၂ ပါးမှာ အသက် (၁၆) နှစ်အရွယ် မပုဏ္ဏမီ ထေရီနှင့် အသက် (၁၇) နှစ်အရွယ် မဇာဏေသီ ဖြစ်ကြောင်း၊
ထိုဆရာလေးနှစ်ပါးကို ပြည်သူများမှ တွေ့ရှိပါက ဆက်သွယ်ရန်ဖုန်း
၀၉-၄၅၂၄၄၄၁ ၁၆၊၀၉-၉၇၁၂၁၈၀၀၀ တို့ကိုအကြောင်းကြားနိုင်ပါတယ်။
credit to orginal