CB ဘဏ်ရဲ့ ATM စက်တွေမှာ အခြားဘဏ်တွေရဲ့ ATM ကဒ်နဲ့ ငွေသားထုတ်ယူနိုင်ပြီဟုဆို
ဒီဇင်ဘာ ၁ ရက် ယနေ့မှ စတင်ပြီး CB ဘဏ်ရဲ့ ATM စက်တွေမှာ အခြားမည်သည့်ဘဏ်တွေရဲ့ ATM ကဒ်နဲ့ မဆို ငွေသားထုတ်ယူနိုင်ပြီလို့ CB ဘဏ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် အသိပေးကြေညာထားတာတွေ့ရပါတယ်။
ထုတ်ပြန်ချက်အရ အခြားသော မည်သည့်ဘဏ်ရဲ့ MPU Debit ကတ်မဆို ၁ ရက်လျှင် ငွေသား ၃ သိန်းထုတ်ယူနိုင်မှာပြီး တပတ်လျှင် ၅ သိန်းကျပ်ထိ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အခြားသော ဘဏ်တွေရဲ့ ATM ကတ်တွေနဲ့ CB ဘဏ်ရဲ့ ATM စက်တွေမှာ ငွေသားထုတ်ယူတဲ့အခါ ဝန်ဆောင်ခအနေနဲ့ ဘယ်လိုနှုန်းထားဖြင့် ကောက်ခံသွားမယ်ဆိုတာမျိုးတော့ အတိအကျထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
CB ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ “CB Bank ၏ ATM စက်များတွင် MPU Debit ကတ်များအားလုံးဖြင့် ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း
CB Bank ၏ ATM စက်များတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ မည်သည့်ဘဏ်၏ MPU Debit ကတ်များဖြင့်မဆို တစ်ရက်လျှင် ကျပ် ၃ သိန်းနှုန်းဖြင့်
သီတင်းတစ်ပတ်လျှင် ကျပ် ၅ သိန်းအထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” ဆိုပြီး ဒီဇင်ဘာလ ၁ ရက်နေ့ ယနေ့ နံနက်ပိုင်းမှာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
Source: CB Bank Facebook Page