Unicode
အခန်းထဲသို့ ရေတွေထည့်ကာ ရေစိမ်နေသည့်အပြင် ပန်ကာလေးဖွင့်ပြီး တီဗွီကြည့်ရင်း အပန်းဖြေနေခဲ့သည့် ဘီလီယံနာသူဋ္ဌေးကြီးတွေထက်ပင် ဇိမ်ကျနေခဲ့သော လူငယ်လေး

ဇိမ်ကျကျနေတတ်သူများကို ကြည့်လိုက်လျှင် အားလုံးဟာ ငွေကြေးချမ်းသာကြွယ်ဝနေသူများသာဖြစ်ပါတယ်။သို့သော်လည်း.. လောကစည်းစိမ်ကို ငွေကြေးချမ်းသာသူများသာမကဘဲ ဆင်းရဲချို့တဲ့သူများကလည်း စိတ်ကိုပျော်အောင်ထားပြီး ဇိမ်ကျစွာနေနိုင်ကျပါတယ်။
ယခုအခါမှာလည်း ငွေကြေးမကုန်ဘဲ လောကစည်းစိမ်ကို ကောင်းမွန်စွာခံစားနေခဲ့သည့်.. လူငယ်လေးတစ်ယောက်၏ပုံရိပ်တွေဟာ လိုင်းပေါ်တွင် ပျံနှံလာခဲ့ပါတယ်။လူငယ်လေးဟာ သူ၏အခန်းထဲသို့ ရေတွေဖြည့်ခဲ့ပြီး ရေစိမ်ရင်း တီဗွီကြည့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
ရေစိမ်နေရင်း အစားလေးစားကာ တီဗွီကြည့်နေသည့် လူငယ်လေး၏ ပုံစံဟာ ငွေကြေးမကုန်ကျသော်လည်း.. အလွန်ပျော်ရွင်ပြီး စိတ်ချမ်းသာနေပုံရပါတယ်။အပူအပင်မရှိဘဲ နေထိုင်နိုင်ခြင်းသည် ပျော်ရွင်သောကမ္ဘာတစ်ခုကို တည်ဆောက်နိုင်ခြင်းပင်ဖြစ်ပါတယ်။

Shoon (Cele Daily)
=============
Zawgyi

Shoon (Cele Daily)



