International News

ကွယ်လွန်သွားတဲ့ ဇနီးရဲ့အသက်ကိုကောက်ပြီးထိုးရာက ဘတ် ၁၂ သန်းထီ ဆွတ်ခူးခဲ့တဲ့ ဆိုင်ကယ် ကယ်ရီသမား…..

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက်ရှိ Samut Prakan ခရိုင်မှာ နေထိုင်တဲ့ ဆိုင်ကယ်အငှားယာဉ်မောင်းဟာ ယမန်နေ့က ထွက်ရှိ

တဲ့ ထိုင်းထီ ဘတ်ငွေ ၁၂ သန်း (အမေရိကန်ဒေါ်လာ ၃၄၅,၀၅၀.၇၆) ကို ဆွတ်ခူးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါ

တယ်။

Bang Phli ခရိုင် King Kaew နေရာတဝိုက်မှာ အငှားဆိုင်ကယ်ကယ်ရီမောင်းပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတဲ့ Ek ဆိုတဲ့

အမျိုးသားဟာ လွန်ခဲ့သည့်တစ်ပတ်က ကွယ်လွန်သွားခဲ့တဲ့ သူ့ရဲ့ဇနီးရဲ့ အသက်ကို ပြန်ကောက်ပြီး ထီနံပါတ် 375805 ကို ရွေးချယ်

ထိုးခဲ့တယ်လို့ ဆိုပါတယ်။ ထီထွက်လာတော့ သူထိုးခဲ့တဲ့ နံပါတ်တူ လက်မှတ်နှစ်စောင်ကနေ ဘတ်ငွေ ၁၂ သန်းဆုကြီးကို ဖြစ်နေခဲ့တာပါ။

ထီက ရရှိလာတဲ့ ငွေများကို အကြွေးဆပ်ဖို့ ၊ ဇနီးဟောင်းအတွက် ကုသိုလ်ပြုရန် အသုံးစွဲသွားမယ်လို့ ဆိုပါတယ်။ သတင်းသမား

တွေကို ဖြေကြားရာမှာတော့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အလုပ်ကို ဆက်လုပ်ဦးမလား ဒါမှမဟုတ် ရပ်နားတော့မှာလားကို မ

ဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်။ အခုလက်ရှိတော့ ထီပေါက်ခဲ့တဲ့ပိုက်ဆံတွေကို ခဏလောက် အိပ်ပြီး ပွေ့ဖက်ထားချင်ပါတယ်လို့ ဆိုပါ

တယ်

Zawgyi









