ပိုမိုအားကောင်းလာတဲ့ လေဖိအားနည်းလေဝဲကြောင့် ဒီဇင်ဘာလ ၄ ရက်နေ့ ၅ ရက်နေ့တွေမှာ မိုးကြီးလေထန် သတိပြုရမည့်
ဒေသများအတွက် မိုးလေဝသ ဆရာမလေး စုစုစံမှ ကြိုတင်အသိပေးထုတ်ပြန်ပေးထားပါတယ်။
ထုတ်ပြန်ချက်မှာ ”96B လေဖိအားနည်းလေဝဲ Andaman Sea ကပ္ပလီပင်လယ်ပြင်အရှေ့တောင်ပိုင်းတွင်လေဖိအားနည်းလေဝဲ
စနစ်တစ်ခုဖြစ်ပေါ်လာပါတယ်။
အနောက်ဖက်အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဦးတည်သွားရောက်မှာဖြစ်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလ ၄ ရက်နေ့ ၅ ရက်နေ့ ကော့သောင်းကျွန်းစုများမြိတ်ကျွန်းစုများ မိုးကြီးလေထန်နိုင်ပါတယ်။
ကော့သောင်းကျွန်းစုများနှင့် အနောက်ဖက်ကပ္ပလီပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွားလာခြင်းများ
မပြုလုပ်သင့်ပါဘူး အန္တရာယ်ရှိပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းလေဝဲသည် ပိုမိုအားကောင်းလာနိုင်ပြီး မန်ဒိုစ့် ဆိုင်
ကလုံးမုန်တိုင်း အဖြစ်
ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း အိန္ဒိယနိုင်ငံအရှေ့တောင်ဖက်ကမ်းခြေရဲ့အရှေ့ဖက်အနီးကိုချဥ်းကပ်ရောက်ရှိနိုင်
ပြီး ချန်းနိုင် တမီးနာဒုဒေသတွေကိုရောက်ရှိနိုင်ပါတယ်” ဆိုပြီး ကြိုတင်သတိပေးထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။
Source: မင်း ဂွတ် သီး Su Su San