ဘုရား…ဘုရား…ဘုရား….လုပ္ရက္လိုက္ၾကတာ…က်န္ခဲ့တဲ့ ဇနီးကေတာ့ ကေလးႏွစ္ေယာက္နဲ႔ဒုကၡေရာက္ရွာပါပီ😢
အမ်ိဳးသားႏွစ္ဦးက အငွားယာဥ္ေမာင္တစ္ဦးကို…
ရန္ကုန္တိုင္း၊ေထာက္ၾကန႔္ၿမိဳ႕ နယ္တြင္ အမ်ိဳးသားႏွစ္ဦးကအငွားယာဥ္ေမာင္တစ္ဦးကိုဓားနဲ႔ထိုးသတ္ကာကားလုယူခဲ့မႈျဖစ္ပြားခဲ့တယ္လို႔သတင္းရရွိပါတယ္။
ဒီဇင္ဘာ၁ရက္ေန႔ညေန၄နာရီအခ်ိန္ခန႔္ကေထာက္ၾကန႔္အငွားယာဥ္ဂိတ္တြင္အမ်ိဳးသားႏွစ္ဦးကေထာက္ၾကန႔္မွေလွာ္ကားသို႔ကားငွားစီးခဲ့ၿပီးေနာက္တကၠစီယာဥ္ေမာင္းကိုဓားနဲ႔ထိုးသတ္ကာကားကိုလုယူခဲ့တာျဖစ္တယ္လို႔ေသဆုံးသူ၏မိသားစုဝင္တစ္ဦးကေျပာပါတယ္။
“အိမ္မွာေန႔လည္ကထမင္းျပန္ လာစားေသးတယ္။ညေန၃နာရီခြဲေလာက္မွဂိတ္ကိုျပန္ထြက္သြားတာ။ညေန၄နာရီေလာက္မွာလူႏွစ္ေယာက္ကားငွားၿပီးေဈးစစ္တယ္။
တစ္ေသာင္းသုံးေထာင္နဲ႔ေတာင္းတာတစ္ေသာင္းနဲ႔ေဈးစစ္ေသးတယ္။ၿပီးမွေပးမယ္ဆိုၿပီးေလွာ္ကားဆိုေတာ့နီးတယ္ဆိုၿပီးလိုက္သြားတာ။
ညေနမွသူ႔အေလာင္းကိုကားလမ္းေဘးမွာေတြ႕တဲ့သူကရဲစခန္းဖုန္းဆက္ေတာ့မွအိမ္ကလူေတြသိရတာပါ”လို႔ ေသဆုံးသူ၏မိသား စုဝင္တစ္ဦးကေျပာပါတယ္။
ေသဆုံးခဲ့သူမွာအသက္၃၃ႏွစ္အ႐ြယ္ကိုရွိန္းသူစိုးျဖစ္ၿပီးေထာက္ၾကန႔္ၿမိဳ႕နယ္တြင္ေနထိုင္သူျဖစ္ကာမိသားစုပိုင္အငွားယာဥ္ကိုေမာင္းႏွင္ေနသူတစ္ဦးျဖစ္ၿပီးလူခ်င္လူခင္ေပါမ်ားသူတစ္ဦးလည္းျဖစ္တယ္လို႔ေဒသခံတစ္ဦးကေျပာပါတယ္။
ကိုရွိန္းသူစိုးအေလာင္းကိုေလွာ္ကားေက်ာက္ခြဲစက္အေက်ာ္ႏွစ္ႀကိတ္ရွစ္ဆူဘုရားအနီးကားလမ္းေဘးမွာေတြ႕ရွိခဲ့တာျဖစ္ၿပီးလည္ပင္းထိုးသြင္းဒဏ္ရာတစ္ခ်က္နဲ႔ေသဆုံးခဲ့တာျဖစ္တယ္လို႔မိသားစုဝင္တစ္ဦးကေျပာပါတယ္။
“အခ်ိန္ကအရမ္းျမန္တယ္။သူေလးနာရီေက်ာ္ေလာက္ေအာ္ဒါပါသြားတယ္။
သတင္းၾကားေတာ့ညေန၅နာရီခြဲမွာသတင္း ၾကားၿပီးလိုက္သြားတယ္။သူ႔လက္ထဲမွာဖုန္းေတြ႕တယ္။သူအကူအညီေတာင္းဖို႔ႀကိဳးစားေသးတာေနမယ္။လူတိုင္းအေပၚေစတနာအရမ္းေကာင္းတဲ့သူပါ။
ရန္လဲမျဖစ္တတ္ပါဘူး။တရားခံေတြကိုအျမန္ဆုံးဖမ္းမိေစခ်င္ပါတယ္”လို႔ ေသဆုံးသူ၏ဇနီးျဖစ္သူကေျပာပါတယ္။
အသတ္ခံရသူကိုရွိန္းသူစိုးတြင္၁၀ႏွစ္အ႐ြယ္သားတစ္ေယာက္နဲ႔၁ႏွစ္၁၀လအ႐ြယ္သားငယ္တစ္ဦးက်န္ခဲ့တယ္လို႔မိသားစုဝင္တစ္ဦးကေျပာပါတယ္။
“လူ႔အသက္တစ္ေခ်ာင္းကိုတန္ဖိုးမထားတတ္ၾကတဲ့ဒုစ႐ိုက္သမားေတြေၾကာင့္လူေတြဒုကၡ ေရာက္တာထက္ပိုဒုကၡေရာက္ေနၾကတာပါ”လို႔ ေသဆုံးသူ၏ ဇနီးျဖစ္သူကေျပာပါတယ္။
အဆိုပါလူသတ္မႈကိုေထာက္ၾကန႔္ရဲစခန္းတြင္အမႈဖြင့္လွစ္ထားၿပီးေသဆုံးသူအေလာင္းကိုအင္းစိန္ျပည္သူ႔ေဆး႐ုံမွာထားရွိထားတယ္လို႔သူကေျပာပါတယ္။
ရန္ကုန္တိုင္းအတြင္းေန႔စဥ္လုယက္မႈခါးပိုက္ႏႈိက္မႈအုပ္စုဖြဲ႕လုယက္မႈဓားျပမႈေတြျဖစ္ပြားေနေပမယ့္က်ဴးလြန္တဲ့တရားခံေတြကိုေတာ့မိေအာင္ဖမ္းဆီးႏိုင္မႈေတြနည္းပါးေနၿပီးလုံၿခဳံမႈမရွိတဲ့အတြက္ျပည္သူေတြအေနျဖင့္မ်ားစြာဒုကၡေရာက္ရတယ္လို႔ေဒသခံေတြကေျပာပါတယ္။
MeKongNews
unicode
အမျိုးသားနှစ်ဦးက အငှားယာဉ်မောင်တစ်ဦးကို…
ရန်ကုန်တိုင်း၊ထောက်ကြန့်မြို့ နယ်တွင် အမျိုးသားနှစ်ဦးကအငှားယာဉ်မောင်တစ်ဦးကိုဓားနဲ့ထိုးသတ်ကာကားလုယူခဲ့မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။
ဒီဇင်ဘာ၁ရက်နေ့ညနေ၄နာရီအချိန်ခန့်ကထောက်ကြန့်အငှားယာဉ်ဂိတ်တွင်အမျိုးသားနှစ်ဦးကထောက်ကြန့်မှလှော်ကားသို့ကားငှားစီးခဲ့ပြီးနောက်တက္ကစီယာဉ်မောင်းကိုဓားနဲ့ထိုးသတ်ကာကားကိုလုယူခဲ့တာဖြစ်တယ်လို့သေဆုံးသူ၏မိသားစုဝင်တစ်ဦးကပြောပါတယ်။
“အိမ်မှာနေ့လည်ကထမင်းပြန် လာစားသေးတယ်။ညနေ၃နာရီခွဲလောက်မှဂိတ်ကိုပြန်ထွက်သွားတာ။ညနေ၄နာရီလောက်မှာလူနှစ်ယောက်ကားငှားပြီးဈေးစစ်တယ်။
တစ်သောင်းသုံးထောင်နဲ့တောင်းတာတစ်သောင်းနဲ့ဈေးစစ်သေးတယ်။ပြီးမှပေးမယ်ဆိုပြီးလှော်ကားဆိုတော့နီးတယ်ဆိုပြီးလိုက်သွားတာ။
ညနေမှသူ့အလောင်းကိုကားလမ်းဘေးမှာတွေ့တဲ့သူကရဲစခန်းဖုန်းဆက်တော့မှအိမ်ကလူတွေသိရတာပါ”လို့ သေဆုံးသူ၏မိသား စုဝင်တစ်ဦးကပြောပါတယ်။
သေဆုံးခဲ့သူမှာအသက်၃၃နှစ်အရွယ်ကိုရှိန်းသူစိုးဖြစ်ပြီးထောက်ကြန့်မြို့နယ်တွင်နေထိုင်သူဖြစ်ကာမိသားစုပိုင်အငှားယာဉ်ကိုမောင်းနှင်နေသူတစ်ဦးဖြစ်ပြီးလူချင်လူခင်ပေါများသူတစ်ဦးလည်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
ကိုရှိန်းသူစိုးအလောင်းကိုလှော်ကားကျောက်ခွဲစက်အကျော်နှစ်ကြိတ်ရှစ်ဆူဘုရားအနီးကားလမ်းဘေးမှာတွေ့ရှိခဲ့တာဖြစ်ပြီးလည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်နဲ့သေဆုံးခဲ့တာဖြစ်တယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။
“အချိန်ကအရမ်းမြန်တယ်။သူလေးနာရီကျော်လောက်အော်ဒါပါသွားတယ်။
သတင်းကြားတော့ညနေ၅နာရီခွဲမှာသတင်း ကြားပြီးလိုက်သွားတယ်။သူ့လက်ထဲမှာဖုန်းတွေ့တယ်။သူအကူအညီတောင်းဖို့ကြိုးစားသေးတာနေမယ်။လူတိုင်းအပေါ်စေတနာအရမ်းကောင်းတဲ့သူပါ။
ရန်လဲမဖြစ်တတ်ပါဘူး။တရားခံတွေကိုအမြန်ဆုံးဖမ်းမိစေချင်ပါတယ်”လို့ သေဆုံးသူ၏ဇနီးဖြစ်သူကပြောပါတယ်။
အသတ်ခံရသူကိုရှိန်းသူစိုးတွင်၁၀နှစ်အရွယ်သားတစ်ယောက်နဲ့၁နှစ်၁၀လအရွယ်သားငယ်တစ်ဦးကျန်ခဲ့တယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။
“လူ့အသက်တစ်ချောင်းကိုတန်ဖိုးမထားတတ်ကြတဲ့ဒုစရိုက်သမားတွေကြောင့်လူတွေဒုက္ခ ရောက်တာထက်ပိုဒုက္ခရောက်နေကြတာပါ”လို့ သေဆုံးသူ၏ ဇနီးဖြစ်သူကပြောပါတယ်။
အဆိုပါလူသတ်မှုကိုထောက်ကြန့်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားပြီးသေဆုံးသူအလောင်းကိုအင်းစိန်ပြည်သူ့ဆေးရုံမှာထားရှိထားတယ်လို့သူကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းနေ့စဉ်လုယက်မှုခါးပိုက်နှိုက်မှုအုပ်စုဖွဲ့လုယက်မှုဓားပြမှုတွေဖြစ်ပွားနေပေမယ့်ကျူးလွန်တဲ့တရားခံတွေကိုတော့မိအောင်ဖမ်းဆီးနိုင်မှုတွေနည်းပါးနေပြီးလုံခြုံမှုမရှိတဲ့အတွက်ပြည်သူတွေအနေဖြင့်များစွာဒုက္ခရောက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။
MeKongNews