ၿပီးခဲ့သည့္ ႏိုဝင္ဘာလကုန္က အဖမ္းခံခဲ့ရသည့္ ဇာတ္မင္းသား ဖိုးခ်စ္ ျပန္လည္လြတ္ေျမာက္
ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာ လကုန္ပိုင္းက ဖမ္းဆီးခံခဲ့ရသည့္ ဇာတ္မင္းသား ဖိုးခ်စ္ကို ျပန္လည္လြတ္ေျမာက္လာပီ ျဖစ္ေၾကာင္း သိရသည္
ဇာတ္သဘင္မင္းသား ဖိုးခ်စ္အား ၎၏ အနီးကပ္မိတ္ေဆြ တစ္ဦးႏွင့္အတူ ႏိုဝင္ဘာလ (၃၀) ရက္က ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး
လက္ရွိတြင္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း သိရသည္။
” ဟုတ္ပါတယ္။ ႏွစ္ကုန္ပိုင္းေလာက္မွာ အျပင္ျပန္ေရာက္လာတာေပါ့ေနာ္။
ျပန္လြတ္လာၿပီဆိုတာေတာ့ ဟုတ္ပါတယ္ ” ဟု မင္းသား ဖိုးခ်စ္ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။
ႏိုင္ငံေက်ာ္ ဇာတ္သဘင္မင္းသား ဖိုးခ်စ္ႏွင့္ ေတးေရး ေတးဆို သွ်န္ထြန္း – (ျမန္မာစာ) တို႔အား
ႏိုဝင္ဘာလ(၃၀)ရက္က ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး သွ်န္ထြန္း (ျမန္မာစာ) ႏွင့္ ညီမျဖစ္သူတို႔ကို
ဒီဇင္ဘာ (၁၁) ရက္တြင္ ျပန္လႊတ္ေပးခဲ့ပီး ဇာတ္မင္းသားဖိုးခ်စ္ကိုမူ ဆက္လက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ စစ္ေဆးေနရာမွ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၃၀) ရက္က ဇာတ္မင္းသား ဖိုးခ်စ္ကို သက္ဆိုင္ရာက ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။
unicode
ပြီးခဲ့သည့် နိုဝင်ဘာလကုန်က အဖမ်းခံခဲ့ရသည့် ဇာတ်မင်းသား ဖိုးချစ် ပြန်လည်လွတ်မြောက်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ဇာတ်မင်းသား ဖိုးချစ်ကို ပြန်လည်လွတ်မြောက်လာပီ ဖြစ်ကြောင်း သိရသည်။
ဇာတ်သဘင်မင်းသား ဖိုးချစ်အား ၎င်း၏ အနီးကပ်မိတ်ဆွေ တစ်ဦးနှင့်အတူ နိုဝင်ဘာလ (၃၀) ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး
လက်ရှိတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
” ဟုတ်ပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ အပြင်ပြန်ရောက်လာတာပေါ့နော်။
ပြန်လွတ်လာပြီဆိုတာတော့ ဟုတ်ပါတယ် ” ဟု မင်းသား ဖိုးချစ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
နိုင်ငံကျော် ဇာတ်သဘင်မင်းသား ဖိုးချစ်နှင့် တေးရေး တေးဆို သျှန်ထွန်း – (မြန်မာစာ) တို့အား
နိုဝင်ဘာလ(၃၀)ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သျှန်ထွန်း (မြန်မာစာ) နှင့် ညီမဖြစ်သူတို့ကို
ဒီဇင်ဘာ (၁၁) ရက်တွင် ပြန်လွှတ်ပေးခဲ့ပီး ဇာတ်မင်းသားဖိုးချစ်ကိုမူ ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ စစ်ဆေးနေရာမှ ပြီးခဲ့သည့် ဒီဇင်ဘာ (၃၀) ရက်က ဇာတ်မင်းသား ဖိုးချစ်ကို သက်ဆိုင်ရာက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
credit to orginal