ေက်းဇူးအထူးတင္စြာျဖင့္ဂုဏ္ျပဳအပ္ပါသည္ရွင္သည္ေန႔ ေန႔ခင္း ၁၂နာရီေလာက္က ကာ့ေမေမ ေဆးခန္းသြားျပရန္အတြက္ ေမေမႏွင့္မမ Taxi ငွား၍
အိမ္မွ ဗဟိုစည္ေဆး႐ုံသို႔ သြားရာတြင္ ေမေမ့ပိုက္ဆံအိတ္ ကားေပၚေမ့က်န္ခဲ့ပါသည္…
ဖုန္းက ေမေမ့လက္ထဲတြင္ ကိုင္ထား၍ ပါလာၿပီး ပိုက္ဆံအိတ္မွာ ေပါင္ေပၚမွေန၍ ကားထဲက်က်န္ခဲ့တာ သားအမိႏွစ္ေယာက္စလုံး မသိလိုက္ပါ…
ေမေမက ေရွ႕အပတ္ထဲေဆး႐ုံတက္စရာရွိေသာေၾကာင့္ စာ႐ြက္စာတမ္းေတြ ဖိုင္တြဲေတြ ဓါတ္မွန္ေတြ စုံပလုံစိေအာင္ယူသြားရေသာေၾကာင့္
မမလည္းကိုင္စရာေတြမ်ားၿပီး ပိုက္ဆံအိတ္က သူကိုင္ထားမလို ကိုယ္ကိုင္ထားမလိုနဲ႔ ကားေပၚက်န္ခဲ့ျခင္းျဖစ္ပါတယ္…
အိတ္ထဲမွာ ေငြသား ၆သိန္းေလာက္ပါသြားပါတယ္…ေဆးခန္းျပမွာမို႔ လိုအပ္တာေတြ စစ္ရမွာမို႔ ေမေမက လိုလိုပိုပိုထည့္ထားျခင္းျဖစ္ပါတယ္…
မမချမာ သူ႔လက္ထဲက ေပ်ာက္သြားတယ္ဆိုၿပီး ငိုမလိုလိုေတြျဖစ္…ခ်က္ခ်င္းနမာဇ္ဖတ္ Allah ဆီ ဆုေတာင္း…
ကိုယ္ေတြအေမ မုဆိုးမႀကီးရဲ႕ Halal ပိုက္ဆံေလးျပန္ရပါေစလို႔ ညီအစ္မေတြ Duaေတြလုပ္ ဆုေတြေတာင္းၾကနဲ႔…ျပန္ရေတာ့မယ္ေတာ့ မထင္ပါဘူး မမရယ္…
မေကာင္းတဲ့ နဟတ္စ္ေတြ ထြက္သြားတယ္ဘဲမွတ္လိုက္ေပါ့လို႔လည္းေျပာမိသလို..ဥစၥာရင္းမွန္ရင္ျပန္ရမွာေပါ့ မမရယ္ဆိုၿပီးလည္း
ႏွစ္သိမ့္အားေပးလိုက္ေပမယ့္ သည္ေခတ္ သည္အခ်ိန္အခါထဲ ျပန္ရေတာ့မွာ မဟုတ္ဘူးလို႔ဘဲမွတ္ထားလိုက္ပါတယ္…
သည္လိုနဲ႔ ေမေမတို႔ အိမ္ေရာက္ၿပီး ၂နာရီေလာက္ေနေတာ့ ကားသမားဦးေလးႀကီးက အိမ္တံခါးဆိုက္ဆိုက္ၿမိဳက္ၿမိဳက္လာေခါက္ၿပီး ေမေမ့အိတ္ကိုျပန္လာေပးပါတယ္…
အိတ္ထဲက ေမေမ့မွတ္ပုံတင္မိတၱဴကေန အိမ္လိပ္စာေတြ႕ၿပီး အေရာက္လာေပးတာပါ…
ပိုင္ရွင္ချမာေဆးခန္းလာျပရင္း က်န္ခဲ့တာ ဘယ္ေလာက္ေတာင္ ေသာကမ်ားေနရွာမလဲဆိုတဲ့ ကိုယ္ခ်င္းစာစိတ္နဲ႔ လာေပးတာပါတဲ့ေလ…
အခုလို ခိုးဆိုး လုယက္ေနတဲ့ သည္ေခတ္ႀကီးထဲ ဘယ္ေလာက္ေတာင္ ႐ိုးသားတဲ့စိတ္ဓါတ္ပိုင္ရွင္လဲေနာ္…
အရမ္းကိုခ်ီးက်ဴးေလးစားပါတယ္ ဦးေလးႀကီးရယ္…ေက်းဇူးတင္လြန္းလို႔ ဂုဏ္ျပဳေငြ တစ္သိန္းကို မနည္းေပးရတယ္…မ်ားတယ္ မယူဘူးတဲ့ေလ….
ဓါတ္ပုံ႐ိုက္တာေတာင္ မနည္းေျပာၿပီး႐ိုက္ယူရတယ္…ရွက္လို႔တဲ့…သည္ေခတ္သည္အခါႀကီးထဲ သည္လို စိတ္ထားျမင့္ျမတ္သူ လူမ်ိဳးကိုမွ ပုံတင္ဂုဏ္မျပဳရင္ ဘယ္လိုလူမ်ိဳးကို ပုံတင္ဂုဏ္ျပဳရမလဲရွင္!
ရွားမွရွား ႐ိုးသားလြန္းသူ ျမင့္ျမတ္ေသာစိတ္ထားပိုင္ရွင္ Taxi No. BB 9882 ေမာင္းႏွင္သူ ဦးေလးႀကီးအား သည္Post ေလးႏွင့္အတူ ေလးစားစြာ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္ရွင့္…🤩😍☺
(ဦးေလးႀကီးက အာရွေတာ္ဝင္ေဆး႐ုံေရွ႕ ဂိတ္ထိုးပါတယ္ရွင့္)
Credit
unicode
ကျေးဇူးအထူးတင်စွာဖြင့်ဂုဏ်ပြုအပ်ပါသည်ရှင်သည်နေ့ နေ့ခင်း ၁၂နာရီလောက်က ကာ့မေမေ ဆေးခန်းသွားပြရန်အတွက် မေမေနှင့်မမ Taxi ငှား၍
အိမ်မှ ဗဟိုစည်ဆေးရုံသို့ သွားရာတွင် မေမေ့ပိုက်ဆံအိတ် ကားပေါ်မေ့ကျန်ခဲ့ပါသည်…
ဖုန်းက မေမေ့လက်ထဲတွင် ကိုင်ထား၍ ပါလာပြီး ပိုက်ဆံအိတ်မှာ ပေါင်ပေါ်မှနေ၍ ကားထဲကျကျန်ခဲ့တာ သားအမိနှစ်ယောက်စလုံး မသိလိုက်ပါ…
မေမေက ရှေ့အပတ်ထဲဆေးရုံတက်စရာရှိသောကြောင့် စာရွက်စာတမ်းတွေ ဖိုင်တွဲတွေ ဓါတ်မှန်တွေ စုံပလုံစိအောင်ယူသွားရသောကြောင့်
မမလည်းကိုင်စရာတွေများပြီး ပိုက်ဆံအိတ်က သူကိုင်ထားမလို ကိုယ်ကိုင်ထားမလိုနဲ့ ကားပေါ်ကျန်ခဲ့ခြင်းဖြစ်ပါတယ်…
အိတ်ထဲမှာ ငွေသား ၆သိန်းလောက်ပါသွားပါတယ်…ဆေးခန်းပြမှာမို့ လိုအပ်တာတွေ စစ်ရမှာမို့ မေမေက လိုလိုပိုပိုထည့်ထားခြင်းဖြစ်ပါတယ်…
မမခမြာ သူ့လက်ထဲက ပျောက်သွားတယ်ဆိုပြီး ငိုမလိုလိုတွေဖြစ်…ချက်ချင်းနမာဇ်ဖတ် Allah ဆီ ဆုတောင်း…
ကိုယ်တွေအမေ မုဆိုးမကြီးရဲ့ Halal ပိုက်ဆံလေးပြန်ရပါစေလို့ ညီအစ်မတွေ Duaတွေလုပ် ဆုတွေတောင်းကြနဲ့…ပြန်ရတော့မယ်တော့ မထင်ပါဘူး မမရယ်…
မကောင်းတဲ့ နဟတ်စ်တွေ ထွက်သွားတယ်ဘဲမှတ်လိုက်ပေါ့လို့လည်းပြောမိသလို..ဥစ္စာရင်းမှန်ရင်ပြန်ရမှာပေါ့ မမရယ်ဆိုပြီးလည်း
နှစ်သိမ့်အားပေးလိုက်ပေမယ့် သည်ခေတ် သည်အချိန်အခါထဲ ပြန်ရတော့မှာ မဟုတ်ဘူးလို့ဘဲမှတ်ထားလိုက်ပါတယ်…
သည်လိုနဲ့ မေမေတို့ အိမ်ရောက်ပြီး ၂နာရီလောက်နေတော့ ကားသမားဦးလေးကြီးက အိမ်တံခါးဆိုက်ဆိုက်မြိုက်မြိုက်လာခေါက်ပြီး မေမေ့အိတ်ကိုပြန်လာပေးပါတယ်…
အိတ်ထဲက မေမေ့မှတ်ပုံတင်မိတ္တူကနေ အိမ်လိပ်စာတွေ့ပြီး အရောက်လာပေးတာပါ…
ပိုင်ရှင်ခမြာဆေးခန်းလာပြရင်း ကျန်ခဲ့တာ ဘယ်လောက်တောင် သောကများနေရှာမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ လာပေးတာပါတဲ့လေ…
အခုလို ခိုးဆိုး လုယက်နေတဲ့ သည်ခေတ်ကြီးထဲ ဘယ်လောက်တောင် ရိုးသားတဲ့စိတ်ဓါတ်ပိုင်ရှင်လဲနော်…
အရမ်းကိုချီးကျူးလေးစားပါတယ် ဦးလေးကြီးရယ်…ကျေးဇူးတင်လွန်းလို့ ဂုဏ်ပြုငွေ တစ်သိန်းကို မနည်းပေးရတယ်…များတယ် မယူဘူးတဲ့လေ….
ဓါတ်ပုံရိုက်တာတောင် မနည်းပြောပြီးရိုက်ယူရတယ်…ရှက်လို့တဲ့…သည်ခေတ်သည်အခါကြီးထဲ သည်လို စိတ်ထားမြင့်မြတ်သူ လူမျိုးကိုမှ ပုံတင်ဂုဏ်မပြုရင် ဘယ်လိုလူမျိုးကို ပုံတင်ဂုဏ်ပြုရမလဲရှင်!
ရှားမှရှား ရိုးသားလွန်းသူ မြင့်မြတ်သောစိတ်ထားပိုင်ရှင် Taxi No. BB 9882 မောင်းနှင်သူ ဦးလေးကြီးအား သည်Post လေးနှင့်အတူ လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ရှင့်…🤩😍☺
(ဦးလေးကြီးက အာရှတော်ဝင်ဆေးရုံရှေ့ ဂိတ်ထိုးပါတယ်ရှင့်)
Credit