စက္တင္ဘာလအတြက္အထူးေဟာစာတမ္း
အားလံုးေသာမိတ္ေဆြမ်ားက်န္းမာခ်မ္းသာၾကပါေစ
တနဂၤေႏြသားသမီးမ်ားအတြက္
လူမ်ိဳးျခားက ကူညီျခင္း၊ ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္ေသာကိစၥမ်ား ေအာင္ျမင္ျခင္းမ်ားႀကံဳမည္။ နာမည္ဂုဏ္သတင္း တိုးတက္ျခင္း ဘုန္တန္ခိုး တိုးတက္ျခင္းမ်ား ႀကံဳရမည္။ မနာလိုသူလည္း ေပၚလိမ့္မည္။
ဤကာလအတြင္း မည္သည့္အခက္အခဲႏွင့္ ႀကံဳသည္ ျဖစ္ေစ အားကိုး မရွာႏွင့္။ ဒုကၡေပးမည့္သူမ်ားသာ ေပၚလာတတ္သည္။ ဘုရားဆင္တုေတာ္၊ ပံုေတာ္၊ ရဟႏၱာပံုေတာ္မ်ား ၾကြလာတတ္သည္။
ေက်ာဒုကၡေျပးျခင္း၊ ေက်ာ၌ေရာဂါရျခင္း ျဖစ္မည္။ အိမ္ျပင္၊ အိမ္ ေဆာင္၊ အိမ္ေျပာင္း မျပဳပါႏွင့္။ မထင္မွတ္ေသာ ခရီးမ်ား မရည္ရြက္ေသာ ခရီးမ်ားသြားရတတ္သည္။ သူတစ္ပါးကိစၥအတြက္ ခရီးသြားရတတ္သည္။
အလွဴပြဲ မဂၤလာပြဲ အစီစဥ္မ်ား အထစ္အေငါ့ႀကံဳျခင္း ရက္ေရႊ႕ျခင္းမ်ား ႀကံဳရတတ္သည္။ အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ေရးအဆင္မေျပ ျဖစ္ေနမည္။ ဤလအတြင္း အမႈအခင္း မျဖစ္ေစရန္ အထူးဂရုစိုက္ပါ။
ျဖစ္လွ်င္ မၿပီးႏိုင္ဘဲ ျဖစ္ေနတတ္ သည္။ ေငြႏွင့္လိုက္လွ်င္ ႐ႈံးသြားတတ္ပါသည္။ အိမ္ေထာင္ဘက္ က်န္းမာေရး ညံ့လိမ့္မည္။ ခါး ေအာက္ပိုင္း ဒုကၡေပးတတ္သည္။ ေဆး႐ုံ၊ ေဆးခန္းသို႔သြားရတတ္သည္။
မိမိထက္ျမင့္သူနိမ့္သူ ႏွစ္ဦးလံုးက ဒုကၡေပးလာတတ္ ေသာအခ်ိန္ ျဖစ္ပါသည္။ လုပ္ေဖာ္ကိုင္ဘက္မ်ား ေအာင္ျမင္ေတာ့မလိုလိုႏွင့္ အခက္ အခဲႀကီးစြာ ႀကံဳတတ္သည္။ အလုပ္တြင္ အပ်က္စီးအဆံုး႐ႈံး အေလအလြင့္မ်ားေနလိမ့္မည္။
ေငြေပ်ာက္ျခင္း ေၾကြးတင္ျခင္း ေငြအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကံဳရတတ္သည္။ႀကီးကဲသူ အထက္လူႀကီးမ်ားေၾကာင့္ စိတ္ညစ္ရတတ္သည္။ အာမခံမလုပ္ပါႏွင့္။ စပ္တူအေရာင္း၀ယ္ အႀကီးအက်ယ္ မလုပ္ပါႏွင့္။
လက္ရွိအလုပ္အကိုင္ ေျပာင္းခ်င္စိတ္ေပၚလာမည္။ ေျပာင္းလွ်င္ ပိုဆိုးသြားတတ္သည္။ အထူးသတိျပဳရန္ ။ အစာအဆိပ္ျဖစ္ျခင္း၊ ေျခေထာက္ ခါး၊ သြား ဒုကၡေပးျခင္းမ်ား ႀကံဳရတတ္သည္။ ပစၥည္း မဌားရမ္းပါႏွင့္ ဆံုးလိမ့္မည္။
ေအာက္လက္ငယ္သား ထြက္သြားျခင္း၊ က်န္းမာေရးညံ့ျခင္း ႀကံဳရ တတ္သည္။ ထီကံေကာင္းေသာ ကာလျဖစ္ပါသည္။ ပညာအသစ္တစ္ခု ရတတ္သည္။
ဤကာလအတြင္းေကာင္းက်ိဳးခ်မ္း သာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အည့ံအခိုက္မ်ား သက္သာေျပ ေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂရုစိုက္ျပဳလုပ္ေလ။
မုန္႔ဖက္ထုပ္ (၇) ထုပ္ ဘုရားလွဴဒါန္းပါ။ ဒန္ေပါက္ကို သံဃာေတာ္ မ်ားအား ကပ္လွဴဒါန္းပါေလ။
အားလံုးေသာမိတ္ေဆြမ်ားက်န္းမာခ်မ္းသာၾကပါေစ…..။ဆရာေအာင္ခ်စ္မင္း
unicode
စက်တင်ဘာလအတွက်အထူးဟောစာတမ်း
အားလုံးသောမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ
တနင်္ဂနွေသားသမီးများအတွက်
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။
ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။
ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။
လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။
အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။
ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
မုန့်ဖက်ထုပ် (၇) ထုပ် ဘုရားလှူဒါန်းပါ။ ဒန်ပေါက်ကို သံဃာတော် များအား ကပ်လှူဒါန်းပါလေ။
အားလုံးသောမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ….။ဆရာအောင်ချစ်မင်း