စိတ်မကောင်းစရာပါ
Photo #SurapotSukkha #อำเภอมหาราช #ฉิดวัคซีนมะเร็งปากมดลูก #เด็ดหญิงเสียชีวิต
#SiThuMaung
Unicode
စိတ်မကောင်းစရာပါ
၁၁နှစ်သမီးငယ်လေးကိုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရင်းလျှော့ခ်ဖြစ်ကာနေရာမှာပင်သေဆုံးသွား
#စိတ်မကောင်းစရာပါ #ထိုင်းမှာဖြစ်သွားတာပါ
ထိုင်းနိုင်ငံ အယုဒ္ဒယခရိုင် မဟာရတ်မြို့ကအသက် (၁၁ ) နှစ်အရွယ်သမီးငယ်လေးကို ကျောင်းမှာ ဆရာဝန်တွေက ( Cervical Cancer Vaccine ) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးလိုက်ပြီး သိပ်မကြားဘူး ကလေးက ” ရင်ဘတ်အောင့်တယ် အောင့်တယ် ” ဆိုပြီး အန်တယ် ၊ သိပ်မကြာပါဘူး ကလေးက သေဆုံးသွားခဲ့ပါတယ် ။
ပုံမှန်ဘာရောဂါအခံမှလည်းမရှိဘူးလို့မိဘတွေကရေးသားထားပါတယ် ။ ဘာ့ကြောင့်သေဆုံးတာလဲလို့မည်သူမှမှတ်ချက်မပေးထားပါဘူး ။စာသင်ကျောင်းတွေမှာကာကွယ်ဆေးတွေယခုလို လိုက်ပြီးထိုးကြတဲ့အခါ ကလေးမှာ Fever ရှိနေလား ? မရှိဘူးလား ? ဆိုတာ ကနဦး Temperature မစမ်းသပ်မိတာလား တော့မသိပါဘူး ၊ ကလေးဟာအဖျားအနည်းငယ်ရှိနေတယ်လို့သိရပါတယ်. ၊ မကြာခင်သူ့မွေးနေ့ရောက်တော့မှာဖြစ်ပါတယ်..
ဒါ့ကြောင့်စာသင်ကျောင်းတွေမှာဘဲဖြစ်ဖြစ် , ရပ်ကွက်ထဲမှာဘဲဖြစ်ဖြစ် ကလေးသူငယ်တွေအတွက် ကာကွယ်ဆေးထိုးကြရမယ်ဆိုရင် ဆေးရဲ့ အာနိသင်နဲ့ Side – effect ဘေးထွက်ဆိုးကျိုးသက်ရောက်မှု တွေကိုအရင်လေ့လာပါတယ် ၊ ကိုယ့်သားသမီးကခံနိုင်ရည်ရှိနိုင်လား ? ဖျားနေသလားပေါ့…
စိတ်ချမှထိုးခိုင်းပါတယ် ၊ တစ်ချို့ကာကွယ်ဆေးတွေကအရမ်းပြင်းထန်တယ်လို့သိထားလို့ပါ ၊ ကိုယ်တွေက ဆရာဝန်မဟုတ်တော့ 💉 Vaccine တွေအကြောင်းနားမှမလည်တာ ၊ ဒီတော့နီးစပ်ရာခင်မင်ရတဲ့ဆရာဝန်တွေကို မေးရမြန်းရပါတယ် ၊ သေချာမှထိုးခိုင်းပါတယ်
အခုတော့ ဆရာ/မတွေကလည်း တာဝန်ပေါ့လျာ့ကြသလို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်း သေချာမစစ်မိကြတော့ စေတနာကနေ သုံးဘက်စလုံးယူကျုံးမရ ဝေဒနာဖြစ်ခဲ့ရပြီး မိဘဖြစ်သူတွေက သင်္ခန်းစာအဖြစ် နောက်နောင်ဒီလိုမဖြစ်စေဘို့ တာဝန်ရှိသူတွေအနေနဲ့အထူးသတိပြုကြပေးကြဘို့ ရေးသားထားတာလေးကိုတွေ့မိလို့ မိဘတွေရော ဆရာ/မတွေပါသတိပြုစရာအဖြစ်ပြန်လည်မျှဝေပေးလိုက်ရခြင်းပါ 😪
Photo #SurapotSukkha #อำเภอมหาราช #ฉิดวัคซีนมะเร็งปากมดลูก #เด็ดหญิงเสียชีวิต
#SiThuMaung