Knowledge


မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ

အူအတက်ပေါက်ခါနီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာများကတော့..ခါတိုင်းထက် ပို၍ဆိုးရွားစွာ ဗိုက်အောင့်ခြင်း အူအတက်ရောင်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဟာ လွန်စွာဆိုးရွားကာ ချက်နားတစ်ဝိုက်မှတဆင့် ညာဘက်ဝမ်းဗိုက် အောက်ပိုင်းထိ ပျံ့နှံ့နိုင်ပါတယ် ။ဒီလိုနာကျင်မှုဟာ အူအတက် ပေါက်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် သေချာစေဖို့အတွက် ကွန်ပျူတာဓာတ်မှန်ကဲ့သို့ စစ်ဆေးမှုမျိုးကိုမူ ပြုလုပ်သင့်ပါတယ် ။

အူအတက်ရောင်တဲ့ လူနာတွေမှာ မတူညီတဲ့ မသက်မသာဖြစ်မှုတွေ အမျိုးမျိုးရှိ တတ်ကြပါတယ် ။လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကားပေါ်တက်ခြင်းစတဲ့ လှုပ်လှုပ်ရှားရှား အပြုအမူတွေကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားရပါက ဝမ်းဗိုက်တပြင်လုံးဟာ ရောင်ရမ်းနေလို့ပဲ ဖြစ်ပါတယ် ။

၎င်းအခြေအနေသည် အူအတက်ပေါက် လုဆဲဆဲ (သို့) ပေါက်ပြီးတာ ဖြစ်နိုင်ပါတယ် ။ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း –အူအတက်ရောင်တဲ့သူတိုင်း ဒီလိုရောဂါ လက္ခဏာတွေ ခံစားရတာမဟုတ်ပါဘူး ။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအပြင် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုပါက စစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ် ။

အူအတက်ရောင်ရမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တွေကို အကျိုးသက်ရောက်မှု ရှိစေနိုင်တာကြောင့် ပျို့အန်ခြင်းတွေ ခံစားရစေတာဖြစ်ပါတယ် ။

ပုံမှန်ထက်ပို၍ ဆီးခဏခဏသွားခြင်း အချို့သူတွေမှာ အူအတက်သည် ဆီးခုံရိုးအောက်နားမှာ တည်ရှိနိုင်တာကြောင့် ဆီးအိမ်နဲ့ ကပ်နေလေ့ရှိပါတယ် ။ ဆီးအိမ်ဟာ ရောင်ရမ်းနေတဲ့ အူအတက်နဲ့ ထိတွေ့မိတာကြောင့် သွားဆွသလိုဖြစ်ပြီး ရောင်ရမ်းလာပါတော့တယ် ။

အကျိုးဆက်အနေနဲ့ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးသွားတဲ့အခါမှာလည်း အလွန်နာကျင်ပါတယ် ။ ဒါဟာ ဆီးလမ်းကြောင်း ပိုးဝင်တာရဲ့ အချက်ပေးလက္ခဏာ ဖြစ်နိုင်ပေမယ့်လည်း အခြားရောဂါ လက္ခဏာတွေနဲ့ တွဲနေပါက အူအတက်ရောင်တာ ပိုဖြစ်နိုင်ပါတယ် ။

အဖျားကြီးပြီး ချမ်းတုန်ခြင်း ကိုယ်အပူချိန်မြင့်တက်၍ ချမ်းတုန်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောင်ရမ်းမှုတစ်ခုခု ရှိနေတာကို ဆိုလိုပါတယ် ။ အူအတက်ရောင်တဲ့အခါမှာ တုံ့ပြန်တဲ့အနေနဲ့ခန္ဓာကိုယ်ဟာ ဓာတုပစ္စည်းအများအပြား ထုတ်လုပ်၍ အချက်ပေးကာ တိုက်ခိုက်ဖို့ ဆဲလ်တွေကို ထိုနေရာသို့ ရောက်အောင် ခေါ်ဆောင်ပါတယ် ။

ဤနည်းအားဖြင့် နာကျင်မှုဝေဒနာအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ကို ခံစားစေရစေတာဖြစ်ပါတယ်.. ။ ဒါကြောင့် ဗိုက်အောင့်တာ အပြင် အဖျားပါကြီးပါက ဆရာဝန်နဲ့ ချက်ချင်း သွားရောက်ပြသ သင့်ပါတယ်.. ။စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း သတိလစ် မေ့မြောတာတွေ၊ စိတ်ဂယောင် ချောက်ခြားတွေ ဖြစ်လာပါက ရောဂါပိုးတွေဟာ သွေးထဲရောက်လာတဲ့ လက္ခဏာဖြစ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ် ။

အဲလိုဖြစ်ရတာဟာ ဦးနှောက်ထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေလို့မဟုတ်ဘဲ ရောဂါပိုးတွေ ပိုမိုပျံ့နှံ့လာပြီး အောက်ဆီဂျင် အပါအဝင် အခြား ခန္ဓာကိုယ် အရင်းအမြစ်တွေကို သုံးစွဲလိုက်တာကြောင့် ဦးနှောက်ဟာ လုံလောက်စွာ မရတော့ဘဲ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ် ။

ဒါကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ခံစားမှုအခြေအနေ ပြောင်းလဲလာပြီဟု အထင်ရှိပါက ( အူအတက်ရောင်တာဖြစ်စေ၊ အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်စေ ) အမြန်ဆုံး အကူအညီ ရယူသင့်ပါတယ် ။ယခုပြောပြတဲ့ အူအတက်ပေါက်ခါနီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာများကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။

စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလို ကူညီနိုင်မှာမဟုတ် ။ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။

လူကြီးမင်းတို့ရဲ့ အားပေးမှုတွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော်.. ။

ယခုလို အချိန်ပေး ဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။

Credit – မူရင်းတင်သူ