Local News

အခြေခံလုပ်ခလစာ အနည်းဆုံးအခကြေးငွေတစ်ရက် ၇၂၀၀ကျပ်တိုးမြှင့်သတ်မှတ်မယ်လို့ သတင်းများထွက်ပေါ်

အနည်းဆုံးအခကြေးငွေ(လုပ်ခလစာ) တစ်ရက် လက်ရှိသတ်မှတ်ထားသော ကျပ် ၄၈၀၀ ကနေ ကျပ် ၇၂၀၀ သတ်မှတ်မယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတွင်း အနည်းဆုံးအခ ကြေးငွေသတ်မှတ်ထုတ်ပြန်နိုင်ရေးကိုစီစဉ်နေကြောင်း

အလုပ်သမားဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက်တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကနေကျပ်၈၀၀၀ထက်မနည်းတဲ့နှုန်းထား တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုချိန်ကျပ် ၇၂၀၀ သတ်မှတ်မယ်ဆိုပြီးကနဦးသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ အသစ်ပြောင်းလဲသတ်မှတ်မယ့်အနည်းဆုံး အခကြေးငွေ(လုပ်ခလစာ) နှုန်းထားတစ်ရပ်ကိုမကြာခင်ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက်နေရာဒေသနှင့်လုပ်ငန်းအမျိုးအစားမခွဲခြားဘဲတစ်နိုင်ငံလုံးတစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄၈၀၀ ကျပ်(လေးထောင်ရှစ်ရာကျပ်)သတ်မှတ်ထားပြီး

ယင်းနှုန်းထားကို ၂၀၁၈ ခုနှစ်ကသတ်မှတ်ထားခြင်းဖြစ်ကာအဆိုပါနှုန်းထားကို ၂ နှစ်မှာတစ်ကြိမ် ပြင်ဆင်ရမယ်လို့ဆိုပေမယ့်လက်ရှိအချိန်အထိပြင်ဆင်သတ်မှတ်နိုင်ခြင်းမရှိသေးတာပါ။အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့လတ်တလော၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ

ကျွမ်းကျင်လုပ်သား စစ်ဆေးအကဲဖြတ်ခြင်းကိုလျာထားချက်ပြည့်မီစေရန်နဲ့ ပြည်ပရောက်မြန်မာ လုပ်သားများအလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရေး၊ပြည်တွင်းတွင် Labour Intensive Industry များအလုံးအရင်းဝင်ရောက်လာစေရေးအတွက်လည်းမူဝါဒချမှတ်လုပ်ဆောင်နေတယ်လို့ တော့ပြောကြားထားပါတယ်။

Credit to Original Writer

Unicode