Local News

၂၄ နာရီမှ ၇၂ နာရီအတွင်း မိုးကြီးနိုင်သောဒေသများကို သတိပေးထုတ်ပြန်ပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ












unicode

နောက် ၂၄ နာရီမှ ၇၂ နာရီအတွင်း အချိန်အခါမဟုတ် မိုးကြီးနိုင်သောဒေသများကို ကြိုတင်သတိပေးထုတ်ပြန်ပေးလိုက်တဲ့ မိုးလေဝသဆရာမလေး စုစုစံ

နောက် ၂၄ နာရီမှ ၇၂ နာရီအတွင်း မိုးကြီးနိုင်သောဒေသများအတွက် သတိပေးထုတ်ပြန်ချက်ကို မိုးလေဝသဆရာမလေး စုစုစံ မှ ကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်မှာ ”96B INVEST နောက် ၂၄ နာရီအတွင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနိုင်ငံတောင်ပိုင်းနှင့် တနင်္သာရီတိုင်းတောင်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပါတယ်

Cyclone Mandous နောက် ၂၄ နာရီမှ ၇၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ 96B Invest သည် TS မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ပါတယ်။

ဒီနေ့ ညနေ ညနှင့် 05/12/2022 မနက် ကော့သောင်းကျွန်းစုများတွင် မိုးကြီးနိုင်ပါတယ်” လို မိုးလေဝသ စုစုစံမှ သတိပေးထုတ်ပြန်ပေးထားပါတယ်။

အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်အမှတ်စဉ် (၁၁/၂၀၂၂) မိုးဇလရဲ့ ထုတ်ပြန်ချက်အရ

ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်”

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်

မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်”ဟု မိုးဇလမှ ထုတ်ပြန်ထားပါတယ်