Knowledge
ည အိပ်ယာဝင် (၇) ခေါက် ရွတ်ပြီးအိပ်က လောကီအစီအရင် စုန်း နတ် ပယောဂ ကင်းစေသည့်ဂါထာတော်
unicode
သင်္ဂင်္ဟ ဂါထာ (သို့ ) ဝေ ဒါ သာ ကု ။ ဤဂါထာတော်ကြီး ကို မန္တလေးတိုင်း အမရပူရ မြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာ တော်ကြီး မှတ်တမ်း တွင်.. တန်ပြန် ဂါထာ ဟု၎င်း သရဖူဆောင်း ဂါထာ ဟု၎င်းဖော်ပြပါရှိသည်။
ဂါထာတော် ၏ အစွမ်းနှင့် အသုံးပြုပုံ မှာ.. ရေ (သို့ ) ဆေး ကို ၃ ခေါက်ရွတ် ပြီး သောက်က ဆေးအာနိသင် ထက်မြတ်စေ၏ ။
၎င်း ဂါထာ အား ကျောက်စရစ်ခဲ လုံး ကို(၃၇) ခေါက်ရွတ်ဆို ပြီး အိမ်ပေါက်ဝ ထားက သူခိုး ဓားပြအန္တ ရာယ် ကင်းဝေး ၏ ။
ည အိပ်ရာဝင် (၇) ခေါက် ရွတ်ပြီးအိပ်က လောကီအစီအရင် စုန်း နတ် ပယောဂ ကင်း၏။
သင်္ဂင်္ဟဂါထာ ( ဂါထာပြန်) ဝေ ၊ ဒါ ၊ သာ ၊ ကု ၊ ကု၊ သာ ၊ ဒါ ၊ ဝေ ။ ဒါ ၊ ယ ၊ သာ ၊ တ ၊ တ ၊ သာ ၊ ယ ၊ ဒါ ။ သာ ၊ သာ ၊ ဓိ ၊ ကု ၊ ကု ၊ ဓိ ၊ သာ ၊ သာ ။ ကု ၊ တ ၊ ကု ၊ ဘု ၊ ဘု ၊ ကု ၊ တ ၊ ကု ။
ဂါထာ အနက် (၁)ဝေ ၊ ဒါ ၊ သာ ၊ ကု ၊ ကု၊ သာ ၊ ဒါ ၊ ဝေ ။ ငါ ၏ ရန်သူ ဟူသမျှ တို့ သည် ဝေးစွာသော အရပ် သို့ လျင်မြန်စွာ ပြေးစေကုန်းသတည်း ငါ့ အား မကောင်း သဖြင့် ကြံစည်သူတို့သည် မိမိ အလို ကို အကြံအစည် ပျက်သော အားဖြင့် ပျောက်စေကုန်သတည်း ။
(၂) ဒါ ၊ ယ ၊ သာ ၊ တ ၊ တ ၊ သာ ၊ ယ ၊ ဒါ ။ ငါ၏ ဒါန စေတနာ ကြောင့် အခြံအရံ အကျော်စော တို့သည် ပွားများစေကုန်သတည်း ငါပြုမိသော အကုသိုလ် (၁၀) ပါး တို့သည် ငါ ပြုမိသော ကုသိုလ် (၁၀) ပါး ၏ တန်ခိုးအားတော်ကြောင့် ပြေပျောက်စေကုန်သတည်း ။
(၃) သာ ၊ သာ ၊ ဓိ ၊ ကု ၊ ကု ၊ ဓိ ၊ သာ ၊ သာ ။ စက်ဆုပ်ဖွယ်သော သူတို့အား ၎င်းအမျက် မာန ဒေါသ ရှိသောသူတို့အား၎င်း ဆုံးမ သြဝါဒ ပေးခြင်း ဖြင့်သာလျှင် အောင်မြင်စေသတည်း ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့် ရှည်မြင့်စွာ မပေါင်းဖော်ရသည် ဖြစ်ပါစေသတည်း ။
(၄) ကု ၊ တ ၊ ကု ၊ ဘု ၊ ဘု ၊ ကု ၊ တ ၊ ကု ။ ကုသိုလ် ပြု စရိုက် ပြုကျင့်လေ့ ရှိသော သူတော်ကောင်း တို့နှင့်သာလျှင် ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ တွေ့ဆုံပေါင်းဖော်ခြင်း ကို ပြုရပါစေသတည်း အကုသိုလ် ဒုစရိုက် ပွားများသူတို့နှင့် ဖြစ်လေ ရာ သံသရာ ဘဝအဆက်ဆက်၌ အခါ ခပ်သိမ်း တွေ့ဆုံ ပေါင်းဖော်ခြင်းမပြုရသည် ဖြစ်ပါစေသတည်း ။
၎င်း ဂါထာ ကို နေ့ည မပြက် ရွတ်ဖတ် ပုတီးစိပ် က ဘုန်းတန်ခိုး အာနုဘော် ကြီးစေ၏ ။ကျက်သရေ တိုးစေ၏ ။ လူ နှင့် နတ်များ ချစ်ခင်၏ ။ သူတစ်ပါး မကောင်း မကြံစည်နိုင်။
ရောင်းကုန်စွံလိုလျှင် ရောင်းလိုသောပစ္စည်း အား ထိုဂါထာရွတ်ဖတ်ထားသော ရေ သနပ်ခါး ဖြင့် ပက်ဖြန်းပါ။ ၎င်း ဂါထာတော်သည် တာဝတိံသာ ဝေဇယန္တာနန်းမြို့လေးထောင့် တွင် စိုက်ထားသော ကျောက်တိုင်လေး တိုင် တွင် ရေး သား ထား သည့်ဂါ ထာ ဖြစ်လေ သည်။
မြန်မာသက္ကရာဇ် ( ၁၂၄၈) ခု့ နှစ်ခန့်က အထက်ချင်းတွင်း (မုံရွာ ) အလုံ မြို့နယ် ရှိ တစ်ခု့ ထဲသော တောရကျောင်းတွင် သီတင်းသုံး နေထိုင်သော ဘုန်းတော်ကြီး တစ်ပါး သည် ထို ဂါထာ ကိုနေ့ ည မပြက် ပုတီးစိပ်လေသည်။ ရပ်ရွာ ဒကာ / မ များ သည် ဘုရားတည်ရန်ငွေများ ကို ဆရာတော် ထံ အပ်နှံထား ၏ ။
ထိုငွေများ အား တိုက်ခိုက်ရန် ဓားပြ များ ကျောင်း ကို ရှာသော်လည်း တညလုံး ရှာမရ ဖြစ်ခဲ့၏အရုဏ် တက်မှသာ ကျောင်း၏ နေရာမှန်ကို တွေ့ ကြ ၍ ဆရာတော် အား ထိုဓားပြများမှတောင်းပန်လျှောက်ထား ခဲ့လေ သည်။