Knowledge

ခေတ်လူငယ်တွေ သိပ်မသိတော့တဲ့ ” ဈေးအစ ဇာတ်အလယ် ဖ-ာအဆုံး ” ဆိုတဲ့ ရှေးလူကြီးစကား

ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခု ဖြစ်ပေါ် စေလိမ့်မည်ဟု ထင်မိပါသည် ။

ဖာ ဆိုသော စကားက အဓိပ္ပါယ် နှစ်ခွထွက်နေသော စကားဖြစ်ပါသည် ။

မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော စကားဟု ထင်ကောင်း ထင်ပါလိမ့်မည် ။

ထို အတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည် ။

” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ ရှေးလူကြီး သူမတို့၏ အချိန်ကာလ နှင့် နေရာ ဒေသ ရွေးတတ်ရန်မှာ ကြားခဲ့သော စကားစုသည် ။ ။

ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။ ။

ဈေးအစဆိုသည်မှာ ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍ ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုပါသည် ။ ။

ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ် ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ ။ ။

ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ် ။ ။ ဒါ့ကြောင့် ဈေးအစဟု ဆိုရေးရှိတာပါ ။ ။

ဇာတ်အလယ်တဲ့ ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့.. ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြ တတ်သောကြောင့် ဇာတ်ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည် ။ ။

ဖာ အဆုံးတဲ့ ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာ ဖြစ်ပါသည် ။

အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်းထားနိုင်သော သေတ္တာ ကဲ့သို့သော ဖာ သေတ္တာကို ဆိုလိုခြင်း ဖြစ်သည် ။ ။

ထိုဖာများကို ရောင်းချမည့် သူများသည် ဖာ သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုး ရောင်းချကြပါသည် ။

ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာ သေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာ ကိုထားလေ့ ရှိပါသည် ။

သို့မှသာ အောက်ဆုံးဖာ သည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ် ။ ။ ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ် ။

ထို့ကြောင့် ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံ အဓိပ္ပါယ်ကို မှန်ကန်စွာ သိ၍ အခြေအနေအချိန် ကာလကို သိတတ် သူများ ဖြစ်ကြပါစေဟု ။ ။

အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ ။ #Crd orginal writer