Knowledge

သံပခြုပ် သွေး..ယောင်္ကျားဆေး.တဲ့ …

သံပခြုပ် သွေး..ယောင်္ကျားဆေး.တဲ့ …

ကျောက်သွေးစုပ်တဲ့ သံပခြုပ်ဆိုတာ

သံပခြုပ်ဆိုတာ ရေအောက်ကြမ်းပြင်ရှိ ကြက်မောက်သီး နှင့် ပုံစံရော အရွယ်ပါတူသည့် တစ်ကိုယ်လုံးမှာ မာကျောတဲ့ဆူးချွန်တွေ ဖုံးထားတဲ့ သုံးစင်တီမီတာကနေ တစ်ဆယ် စင်တီမီတာလောက်ထိ ကြက်ဥ အရွယ် ရေငန်သတ္တဝါလေးတွေ ပါ။

ရေချိုနှင့် မိုးရေကို အလွန်ကြောက်ကြပြီး မိုးလယ်မိုးကြီးချိန်များမှာ အများအပြား သေဆုံးလေ့ ရှိကြပါတယ်။ အထူးသဖြင့် ပူနွေးသော ဘင်္ဂလားပင်လယ် ကမ်းရိုးတမ်း များမှာ နေထိုင်ကျက်စားကြပါတယ်။

ကျောက်တန်းတွေပေါ်က အဆင်ပြေရာ ကျောက်ခေါင်းထဲမှာ သူတို့ ခိုအောင်းနေတတ် လေ့ရှိပါတယ် ။ ရေကျချိန် ဆို သံပခြုပ်ကောင်လေးတွေ ဟာ ပင်လယ်အောက် က ကျောက်တုံးတွေမှာ ကပ်နေပြီး ကျောက်သွေးတွေ ကို ဆုပ်ယူ အသက်ရှင်နေထိုင်လေ့ ရှိပါတယ်။

ဆူးချွန်တွေနဲ့ အန္တရယ်တွေကို ကာကွယ်လေ့ရှိပြီး ပါးစပ်က သူတို့ခန္ဒာကိုယ်ရဲ့ အောက်ဖက်မှာရှိတာပါ။ မြန်မာနိုင်ငံ ချောင်းသာ ငွေဆောင် နဲ့ တောင်ပိုင်းမြိတ်ကျွန်းစု ကမ်းခြေများမှာ တွေ့မြင်နိုင်ပါတယ်။

သံပခြုပ်ဆိုတဲ့ ထူးခြားတဲ့ ပင်လယ်သတ္တဝါ တစ်ကောင်ရဲ့ ထူးကဲလှတဲ့ အကျိုးသက်ရောက်မှု့တွေကတော့ အများကြီး ရှိပါတယ်။ သံပခြုပ်ကောင်ရဲ့ အတွင်းသားမှာမူ အလွန်နူးညံ့ပြီး ခွန်အားကို တိုးစေသည်ဟု ဆိုကြပါတယ်။

အရက်နဲ့စိမ် လိုက်ရင် သူ့ကိုယ်မှ ကျောက်သွေးများ ကျပီး အရက်က သွေးရောင်အတိုင်းပြောင်းသွားလေ့ ရှိပါတယ် တချို့ကတော့ အစိမ်းစားလေ့ ရှိကြပါတယ်။ သောက်ရတာတော့ ညှီနံ့ နဲနဲ ရှိပါတယ် ။

အလွန်ရှားပါးပြီး ဆေးစွမ်း အတော်ထက်တယ်လို့ အယူအဆရှိ ပါတယ်။ သံပခြုပ်ကောင် ကို ယောက်ျား မိန်းမ မရွေးသောက်သုံးနိုင် ပီး ကိုယ်ခံစွမ်းအား ကိုကောင်းစေတယ်လို့ ဆိုလေ့ရှိပါတယ်။

ရောဂါ တော်တော်များများ ကို ပျောက်စေပြီး မဖြစ်အောင်လဲ တားဆီးကာကွယ်ပေး လို့ ကမ်းခြေ တို့ ကျွန်းစု တို့ရောက်တဲ့ အခါမှာ လူအများစိတ်ဝင်တစားနဲ့ ဝယ်ယူသောက်သုံးလေ့ ရှိပါတယ်။ဆူးများမှာဆွေးနေသောသံကဲ့သို့ရှိပြီးအလွန်ချွန်ထက်သည်။ စူးမိလျှင်ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန် ခဲ့သည်။စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင်နာသည်။

အပြင်းအထန် ယောင်ကိုင်းလာသည်။ ရက်အနည်းငယ် အတွင်း ယောင်သော နေရာပုတ်သွားတတ်တယ် လို့ ပြောကြတဲ့ အတွက် ဆူးကိုတော့ တိထားစေ လိုပါတယ်။

Crd

Zawgyi

ေက်ာက္ေသြးစုပ္တဲ့ သံပျခဳပ္ဆိုတာ

သံပျခဳပ္ဆိုတာ ေရေအာက္ၾကမ္းျပင္ရွိ ၾကက္ေမာက္သီး ႏွင့္ ပုံစံေရာ အ႐ြယ္ပါတူသည့္ တစ္ကိုယ္လုံးမွာ မာေက်ာတဲ့ဆူးခြၽန္ေတြ ဖုံးထားတဲ့ သုံးစင္တီမီတာကေန တစ္ဆယ္ စင္တီမီတာေလာက္ထိ ၾကက္ဥ အ႐ြယ္ ေရငန္သတၱဝါေလးေတြ ပါ။

ေရခ်ိဳႏွင့္ မိုးေရကို အလြန္ေၾကာက္ၾကၿပီး မိုးလယ္မိုးႀကီးခ်ိန္မ်ားမွာ အမ်ားအျပား ေသဆုံးေလ့ ရွိၾကပါတယ္။ အထူးသျဖင့္ ပူေႏြးေသာ ဘဂၤလားပင္လယ္ ကမ္း႐ိုးတမ္း မ်ားမွာ ေနထိုင္က်က္စားၾကပါတယ္။

ေက်ာက္တန္းေတြေပၚက အဆင္ေျပရာ ေက်ာက္ေခါင္းထဲမွာ သူတို႔ ခိုေအာင္းေနတတ္ ေလ့ရွိပါတယ္ ။ ေရက်ခ်ိန္ ဆို သံပျခဳပ္ေကာင္ေလးေတြ ဟာ ပင္လယ္ေအာက္ က ေက်ာက္တုံးေတြမွာ ကပ္ေနၿပီး ေက်ာက္ေသြးေတြ ကို ဆုပ္ယူ အသက္ရွင္ေနထိုင္ေလ့ ရွိပါတယ္။

ဆူးခြၽန္ေတြနဲ႔ အႏၲရယ္ေတြကို ကာကြယ္ေလ့ရွိၿပီး ပါးစပ္က သူတို႔ခႏၵာကိုယ္ရဲ႕ ေအာက္ဖက္မွာရွိတာပါ။ ျမန္မာႏိုင္ငံ ေခ်ာင္းသာ ေငြေဆာင္ နဲ႔ ေတာင္ပိုင္းၿမိတ္ကြၽန္းစု ကမ္းေျခမ်ားမွာ ေတြ႕ျမင္ႏိုင္ပါတယ္။

သံပျခဳပ္ဆိုတဲ့ ထူးျခားတဲ့ ပင္လယ္သတၱဝါ တစ္ေကာင္ရဲ႕ ထူးကဲလွတဲ့ အက်ိဳးသက္ေရာက္မႈ႕ေတြကေတာ့ အမ်ားႀကီး ရွိပါတယ္။ သံပျခဳပ္ေကာင္ရဲ႕ အတြင္းသားမွာမူ အလြန္ႏူးညံ့ၿပီး ခြန္အားကို တိုးေစသည္ဟု ဆိုၾကပါတယ္။

အရက္နဲ႔စိမ္ လိုက္ရင္ သူ႔ကိုယ္မွ ေက်ာက္ေသြးမ်ား က်ပီး အရက္က ေသြးေရာင္အတိုင္းေျပာင္းသြားေလ့ ရွိပါတယ္ တခ်ိဳ႕ကေတာ့ အစိမ္းစားေလ့ ရွိၾကပါတယ္။ ေသာက္ရတာေတာ့ ညႇီနံ႔ နဲနဲ ရွိပါတယ္ ။

အလြန္ရွားပါးၿပီး ေဆးစြမ္း အေတာ္ထက္တယ္လို႔ အယူအဆရွိ ပါတယ္။ သံပျခဳပ္ေကာင္ ကို ေယာက္်ား မိန္းမ မေ႐ြးေသာက္သုံးႏိုင္ ပီး ကိုယ္ခံစြမ္းအား ကိုေကာင္းေစတယ္လို႔ ဆိုေလ့ရွိပါတယ္။

ေရာဂါ ေတာ္ေတာ္မ်ားမ်ား ကို ေပ်ာက္ေစၿပီး မျဖစ္ေအာင္လဲ တားဆီးကာကြယ္ေပး လို႔ ကမ္းေျခ တို႔ ကြၽန္းစု တို႔ေရာက္တဲ့ အခါမွာ လူအမ်ားစိတ္ဝင္တစားနဲ႔ ဝယ္ယူေသာက္သုံးေလ့ ရွိပါတယ္။ဆူးမ်ားမွာေဆြးေနေသာသံကဲ့သို႔ရွိၿပီးအလြန္ခြၽန္ထက္သည္။ စူးမိလွ်င္ဆူးေႂကြသြားၿပီး အသားထဲျမဳပ္က်န္ ခဲ့သည္။စကၠန႔္ပိုင္းအတြင္း အဆိပ္တက္ကာ မခံမရပ္ႏိုင္ေအာင္နာသည္။

အျပင္းအထန္ ေယာင္ကိုင္းလာသည္။ ရက္အနည္းငယ္ အတြင္း ေယာင္ေသာ ေနရာပုတ္သြားတတ္တယ္ လို႔ ေျပာၾကတဲ့ အတြက္ ဆူးကိုေတာ့ တိထားေစ လိုပါတယ္။

Crd