Knowledge

နောင်တချိန် ငါ့သမီးလေးကို ပြောပြရမယ် (သမီးရှိတဲ့ မိဘများ ဖတ်ဖြစ်အောင် ဖတ်သွားပါ)

တချိန် ငါ့သမီးလေးကို ပြောပြရမယ်

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့”ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား..

၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး….

သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့

ခပ်လွယ်လွယ်တွေးလိုက်တာတွေ သိပ်များနေပြီလားလို့လည်းတွေးမိပါ့…ခုခေတ် ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?

ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာ..

.ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘောကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ…

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့် မိန်းကလေးမျိုးကို

သိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်း ပြောပြချင်သေးတယ် (တချို့တွေကိုဆိုလိုတာနော် အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော…..

အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ် ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို

ဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေစ…

အိမ်ထောင်မပြုခင် လူ့လောကအတွက် အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်အောင် မိဘတွေက လက်နက်မျိုးစုံ တပ်ဆင်ပေးနေတာကို ငါ့သမီးတို့သိပါလေစ…

ရော့ ပညာလက်နက် ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာ ကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက် ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး ငါခွဲခြားနိုင်တယ် ။

ရော့ အလုပ်အကိုင်လက်နက် ငါ့မှာ အလုပ်အကိုင်ရှိတယ် အသိုင်းအဝိုင်းရှိတယ် ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ် အဲဒီလိုလက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလား

မွေးရာပါလက်နက်ဟာ တစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာ ငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား..

ပညာကမစုံ အတွေ့အကြုံကမရင့်ကျက် အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့ လင်ယူလိုက်မှ ဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာ…

တကယ်လို့များ သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာ ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်…

လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီး သူ့ကိုပါ ရှာကျွေးနေရရင် ငါ့သမီးတို့ အလကားနေအလကား လင်တစ်ယောက် အဖက်တင်နေမှာပေါ့…

ကဲ…. ဘဝက ထင်သလောက်လွယ်သေးလား?လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲ ထွက်လိုက်စမ်းပါ ။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့အတွက် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ ငါ့သမီးတွေ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ…။

Owner CRDTO စာပေချစ်သူများကို အစဉ်လေးစားလျှက် (မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် )