Local News
“အသက် (၅၉) နှစ်မှာ အိမ်ထောင်ဆက်(၄၅) ဆက်၊ ( မယား ၄၅ )ဦးယူခဲ့တဲ့ ကျောက်ဖြူက ဦးမောင်ဟန်ထွန်း”
” ကျောက်ဖြူက အိမ်ထောင်ဆက်(၄၅) ဆက် ( မယား ၄၅ )ဦးဖြင့် ခေသူမဟုတ် ” ရခိုင်ပြည်က ” ခေသူမဟုတ် ..”ခေါင်းစဉ်ဖြင့် ရင်ထဲကကျောက်ဖြူ ကနေဖော် ပြတင်ပေးလိုက်ရပါသည်..။
ဦးမောင်ဟန်ထွန်း၊ အသက် ( ၅၉) နှစ်သည် ရခိုင်ပြည် ။
ကျောက်ဖြူမြို့နယ် မင်းချောင်း ကျေးရွာ အုပ်စု က မြို့ချောင်းကျေးရွာ နေထိုင်သူ အဖ ဦးမောင်ပုချေ ၏ သားဖြစ်ပါသည် ။
ရခိုင်ပြည်အတွင်းက အထူးဆန်းဆုံးအနေဖြင့်အဆိုပါ #ဦးမောင်ဟန်ထွန်း သည် အိမ်ထောင်ဆက် (၄၅) ဆက် ( မယား ၄၅ )ဦးထိ အိမ်ထောင်ကျခဲ့ကြောင်း အံ့သြစွာနဲ့ သိရပါသည် ။
လက်ရှိသားသမီး ( ၂၀ )ဦး၊ မြေး ( ၈ )ဦး၊ မြစ် ( ၂ )ဦးရှိပြီး ယခု လက်ရှိ ဇနီး #မသိန်းရွှေ နှင့် အတူ ပေါင်းသင်းနေထိုင်လျှက်ရှိကြောင်း သိရသည်။
ဦးမောင်ဟန်ထွန်းမှာ လက်ရှိဇနီးသာတစ်သက်လုံးပေါင်း သင်း နေထိုင်သွားမည်ဖြစ်ကြောင်းအကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲခဲ့ရင်လည်း ဆက်လက်အိမ်ထောင် မပြုတော့ကြောင်း ပြောပြသိရပါသည် ။
ဤသည်မှာ ခွင့်ပြု ပြီးကာယကံရှင်၏ဆန္ဒ အရ တင်ပေးခြင်းဖြစ်ကြောင်း သိရမှုအား ရင်ထဲကကျောက်ဖြူ ကနေ သင့်တော်ဆီလျော်စွာ ပြန်လည်တည်းဖြတ်ကာ အားလုံးတွက် အတုယူနိုင်ဖို့ မဟုတ်ပေမယ့် သိရှိနိုင်ရအောင်တင်ပြပေးခြင်းသာဖြစ်၍ တင်ပေးလိုက်ရပါသည်။
Zawgyi