ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်ရှိသွားပြီဖြစ်တဲ့ မန်းဒပ်စ် ဆိုင်ကလုံးမုန်တိုင်း လက်ရှိအခြေအနေ
ဒီဇင်ဘာလ ၈ ရက်နေ့ ယနေ့မှာ ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့ 96B လေဖိအားနည်းလေဝဲသည် ပိုမိုအားကောင်းကာ Cyclonic
Storm MANDOUS Cyclone အဆင့်ကိုရောက်ရှိသွားပြီဖြစ်တယ်လို့ မိုးလေဝသ ဆရာမလေး စုစုစံထုတ်ပြန်ပေးထားပါတယ်။
အဆိုပါ မုန်တိုင်းဟာ အိန္ဒိယနိုင်ငံချန်းနိုင်မြို့ကိုဦးတည်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံဖက်ကိုဦးတည်ဖွယ်မရှိသော်လည်း အဆိုပါမုန်တိုင်းရဲ့
အထက်လေစီးကြောင်းမှရေငွေ့ပါတဲ့ မိုးတိမ်များ မြန်မာနိုင်ဖက်မျောလွှင့်လာနိုင်ပြီး
နောက်၂၄နာရီအတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းကရင်ပြည်နယ်မြောက်ပိုင်းကယားပြည်နယ် ရှမ်းပြည်နယ်မိုင်းဆတ်ခရိုင်နှ
င့်တာချီလိတ်ခရိုင်ဒေသတွေမှာမိုးရွာနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ မန်းဒပ်စ် ဆိုင်ကလုံးမုန်တိုင် အရှိကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ရက်နေ့အတွင်း
ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်းပဲခူးတိုင်းတွေကို မိုးကွက်ကျားရွာနိုင်တယ်လို့ မိုးလေဝသ ဆရာမလေး စုစုစံက ထုတ်ပြန်ပေးထားပါတယ်။
မိုးဇလ ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်စ်ဟာ ဟိုင်းကြီးကျွန်းနဲ့ ကိုကိုးကျွန်းအနီး တည်ရှိနေပြီး မြန်မာဘက်ကို ဦးတည်
ရွေ့လျားမည့်အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်သတ်မှတ်ထားပြီး
လာမည့် ၇၂ နာရီအတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ကရင်နှင့် မွန်ပြည်နယ်တို့ မိုးကြီး နိုင်တယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း မန်းဒပ်စ်သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ
အိန္ဒိယနိုင်ငံ တမီးလ်နာဒူး မြောက်ပိုင်း- ပူဒူချယ်ရီမြို့နှင့် စရီဟာရီခိုတ မြို့တို့ကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။
crd
zawgyi
ဆိုင္ကလုန္းမုန္တိုင္းအဆင့္ေရာက္ရွိသြားၿပီျဖစ္တဲ့ မန္းဒပ္စ္ ဆိုင္ကလုံးမုန္တိုင္း လက္ရွိအေျခအေန
ဒီဇင္ဘာလ ၈ ရက္ေန႔ ယေန႔မွာ ဘဂၤလားပင္လယ္မွာျဖစ္ေပၚေနတဲ့ 96B ေလဖိအားနည္းေလဝဲသည္ ပိုမိုအားေကာင္းကာ Cyclonic
Storm MANDOUS Cyclone အဆင့္ကိုေရာက္ရွိသြားၿပီျဖစ္တယ္လို႔ မိုးေလဝသ ဆရာမေလး စုစုစံထုတ္ျပန္ေပးထားပါတယ္။
အဆိုပါ မုန္တိုင္းဟာ အိႏၵိယႏိုင္ငံခ်န္းႏိုင္ၿမိဳ႕ကိုဦးတည္သြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံဖက္ကိုဦးတည္ဖြယ္မရွိေသာ္လည္း အဆိုပါမုန္တိုင္းရဲ႕
အထက္ေလစီးေၾကာင္းမွေရေငြ႕ပါတဲ့ မိုးတိမ္မ်ား ျမန္မာႏိုင္ဖက္ေမ်ာလႊင့္လာႏိုင္ၿပီး
ေနာက္၂၄နာရီအတြင္း ဧရာဝတီတိုင္း ရန္ကုန္တိုင္း ပဲခူးတိုင္းကရင္ျပည္နယ္ေျမာက္ပိုင္းကယားျပည္နယ္ ရွမ္းျပည္နယ္မိုင္းဆတ္ခ႐ိုင္ႏွ
င့္တာခ်ီလိတ္ခ႐ိုင္ေဒသေတြမွာမိုး႐ြာႏိုင္တယ္လို႔ ဆိုပါတယ္။
အဆိုပါ မန္းဒပ္စ္ ဆိုင္ကလုံးမုန္တိုင္ အရွိေၾကာင့္ ဒီဇင္ဘာလ ၈ ရက္ေန႔မွ ၁၀ရက္ေန႔အတြင္း
ရခိုင္ျပည္နယ္ေတာင္ပိုင္း ဧရာဝတီတိုင္းပဲခူးတိုင္းေတြကို မိုးကြက္က်ား႐ြာႏိုင္တယ္လို႔ မိုးေလဝသ ဆရာမေလး စုစုစံက ထုတ္ျပန္ေပးထားပါတယ္။
မိုးဇလ ထုတ္ျပန္ခ်က္အရ ဆိုင္ကလုန္းမုန္တိုင္း မန္းဒပ္စ္ဟာ ဟိုင္းႀကီးကြၽန္းနဲ႔ ကိုကိုးကြၽန္းအနီး တည္ရွိေနၿပီး ျမန္မာဘက္ကို ဦးတည္
ေ႐ြ႕လ်ားမည့္အေျခအေနမရွိတဲ့အတြက္ အဝါေရာင္အဆင့္သတ္မွတ္ထားၿပီး
လာမည့္ ၇၂ နာရီအတြင္း ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ကရင္ႏွင့္ မြန္ျပည္နယ္တို႔ မိုးႀကီး ႏိုင္တယ္လို႔ ဆိုပါတယ္။
ဆိုင္ကလုန္း မုန္တိုင္း မန္းဒပ္စ္သည္ အေနာက္- အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး လာမည့္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ
အိႏၵိယႏိုင္ငံ တမီးလ္နာဒူး ေျမာက္ပိုင္း- ပူဒူခ်ယ္ရီၿမိဳ႕ႏွင့္ စရီဟာရီခိုတ ၿမိဳ႕တို႔ကိုျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္တယ္လို႔ဆိုပါတယ္။
crd