Knowledge

ကွယ်လွန် ပြီးတဲ့နောက် ဝိညာဉ် ဘဝ နဲ့ အိမ် မှာ ၇ ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်

ကွယ်လွန် ပြီးတဲ့နောက် ဝိညာဉ် ဘဝ နဲ့ အိမ် မှာ ၇ ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်

မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘဝ ဟောင်းမှ ဘဝ သစ်သို့ ပြောင်းကြရာ၌ သေလျှင်သေခြင်း မိမိ တို့ အိမ်မှ ထွက်မသွားပဲ ကွန်လွန် သူ တိုင်း ၇-ရက်လည်အောင် စောင့်နေတယ်လို့ ယူဆကြပါတယ် ။

ထို့ပြင် ရက်လည် သပိတ်သွတ် မှ သာဓု ခေါ်ကာ ရောက်ရမည့်ဘဝကို ပြောင်းသွားသည်ဟု အတွေးတိမ်စွာဖြင့်လည်း အထင်လွဲနေကြပါတယ်.. ။

အမှန်အားဖြင့် ထိုသို့ ထင်မြင်ယူဆနေခြင်းမှာ လွဲမှားနေပါတယ် ။

ထိုကိစ္စရှင်းလင်းရလျှင် ပဋိသန္ဓေ စိတ် စေတသိတ်နှင့် ကမ္မဇရုပ်တို့၏ ပထမဆုံးဖြစ်တည်ရာ ဥပါဒ်ခဏ ကို ပဋိသန္ဓေ လို့ခေါ်ပါတယ် ။ထို့သို့ ပဋိသန္ဓေ နေကြသော အမျိုးအစားက ၃-မျိုးရှိပါတယ် ။

(၁) သံသေဒဇ ပဋိသန္ဓေ

(၂) သြပပါတိက ပဋိသန္ဓေ

(၃) ဂဗ္ဘသေယျက ပဋိသန္ဓေ ဆိုပြီး ၃-မျိုးရှိပါတယ် ။

ထို သတ္တဝါ သုံးမျိုးအနက် ပြိတ္တာ သရဲ၊မှင်စာ၊တစ္ဆေ၊ဘီလူး၊အစရှိတဲ့ ပြိတ္တာ အမျိုးအစားတို့က ကိုယ်အထင်အရှားဖြင့် ဘွားခနဲ ပေါ်လာကြတဲ့ သြပပါတိက သတ္တဝါ အမျိုးအစားမှာ ပါဝင်ပါတယ် ။

ထို ပြိတ္တာ အမျိုးအစားတွေကို သေထရည်ပြု ၊ သာဓုခေါ်လတ်၊လှူခံမြတ်မှ၊သေသူရ၏ဆိုတဲ့အတိုင်း မိမိတို့အတွက် ရည်မှန်းပြီး..သံဃာတော် တို့အား လှူဒါန်မှု ပြုကာ အမျှပေးဝေရာ၌ သာဓု ခေါ်ဆိုနိုင်ခွင့်ရပြီဆိုမှ ထိုပြိတ္တာဘုံဘဝမှ လွတ်မြောက်နိုင်ကြမှာဖြစ်ပါတယ်။လူတစ်ယောက် ကွယ်လွန်ပြီးသည့်နောက် ဝိညာဉ်ဘဝဖြင့် အိမ်မှာ ၇-ရင်နေသည်ဟူသော အယူဆမှာ လုံးဝမဟုတ်ပါချေ ။

သို့ရာတွင် တွေးခေါ်မြော်မြင်မှုနည်းပါးစွာဖြင့် ကွယ်လွန်သူ၏ ။ အနီးမှာ စားသောက်ဖွယ်ရာများ ပြင်ဆင်ထားခြင်း၊ အခေါင်းတလားကို သယ်ယူသည့်အခါမှာလည်းပဲ အခေါင်းပေါ်မှာ စားမြိန်စာထုပ်ကို တင်ပေးလိုက်ခြင်း၊ မီးသဂြိင်္ဟ်

ခြင်းမပြုပဲ အုတ်ဂူသွင်းသည့်အခါ အုတ်ဂူ တွင်းသို့ အစားအသောက်များ၊အဝတ်အထည်များ ထည့်ပေးလိုက်ခြင်းအစရှိတဲ့ ကျွေးမွေးခြင်း ပေးကမ်းခြင်းတို့မှ..ာ ကွန်လွန်သူ အဖို့ စားသောက် သုံးစွဲနိုင်ခြင်းမရှိသည့်အတွက် အကျိုးမဲ့ဖြစ်ရုံးမကပဲ ကျန်ရစ်သူတို့အဖို့လဲ အချိန်ကုန် ငွေကုန်ခြင်း သာ အဖတ်တင်ပါလိမ့်မယ် ။

ထို့သို့ မရောင်ရာ ဆီးလူးမည့်အစားသံဃာတော်အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီးပစ္စည်းလေးပါးကိုလှူဒါန်းကာ ရေစက်သွန်ချအမျှပေးဝေပါက ပေတဂတိမှာ ရှိနေကြတဲ့မိမိတိုရဲ့သက်ဆိုင်ရာ ကွယ်လွန်သူ တွေ ရနိုင်ကြမှာပါလို့. မှန်ကန်သောနည်းစနစ်ကို အကြံပြုရင်း.. ။

< Credit >