Knowledge

ကင်ဆာနှင့် နှလုံးရောဂါကို ကာကွယ်ပေးသည့်အပြင် အရိုးတွေကိုပါကျန်းမာသန်စွမ်းစေတဲ့ ဗန်ဒါစေ့

ကင်ဆာနှင့် နှလုံးရောဂါကို ကာကွယ်ပေးသည့်အပြင် အရိုးတွေကိုပါကျန်းမာသန်စွမ်းစေတဲ့ ဗန်ဒါစေ့

သင့်ကို ငယ်ငယ်က လူကြီးသူမတွေက ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့ကို စားခိုင်းတာ ဘာကြောင့်လဲလို့ထင်ပါသလဲ။ ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့မှာ သင်ထားတာထက်ပို အာဟာရတွေအများကြီးပါဝင်ပါတယ်။ သူ့မှာ အရေးကြီး ဗီတာ မင်နှင့်သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဘာကြောင့် ဗန်ဒါစေ့တွေကို ရေစိမ်ခိုင်းတာလဲ..? ခြောက် သွေ့နေ တဲ့ ဗန်ဒါ အစေ့မှာ အပင်ပေါက်ဖို့အတွက် အစိုပြန်မှုများမှ ကာကွယ်ထားတဲ့ အင်ဇိုင်းများရှိနေပါတယ်။

ဗန်ဒါစေ့ကို ရေထဲမှာ စိမ်လိုက်ရင်တော့ အဲ့ဒီ အင်ဇိုင်းများ မရှိတော့ပါဘူး..။ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက အစာခြေရတာ ပိုပြီး လွယ်ကူစေပြီး အစာခြေစနစ်ကို အားကောင်းစေတဲ့ အဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ တစ်ည လောက်ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက တခြား ခြောက်သွေ့နေတဲ့ ဗန်ဒါစေ့များထက်ပိုပြီး အဟာရဓာတ်ပိုများပြီး လွယ်ကူစွာအစာခြေနိုင်ပါတယ်။

ကင်ဆာကို ကာကွယ်ပေးဗန်ဒါစေ့များက အူမကြီးအတွင်း အစာလှုပ်ရှားမှုကို ကူညီ ပေးကာ အူမကြီးထဲမှာ အစာစုပုံပိတ်ဆို့ခြင်းကိုလည်း လျော့ချပေးတာကြေင့် အူမကြီး ကင်ဆာ ဖြစ်မှုကို ကာကွယ် ပေးပါတယ်။ သကြားဓာတ်ကို မြှင့်တင်ပေးသလို တစ်နေ့ကို ဗန်ဒါစေ့ လက်တစ်စုပ်စာ စားပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးပါတယ်။

သူတို့ကManganese၊ ကော့ပါး နဲ့ Riboflavinဓာတ်တွေပါဝင်တာကြောင့် စွမ်းအင်ထုတ်လုပ်မှုနှင့် ဇီဝကမ္မဖြစ်စဉ် တွေကိုအားကောင်းစေပါတယ်။နှလုံးရောဂါ ကာကွယ်ပေးဗန်ဒါစေ့များမှာ Mono-unsaturated Fats၊ ပရိုတင်းနှင့် ပိုတက်စီယမ်တို့ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင် အီးပါဝင်တာကြောင့်နှလုံး ရောဂါဖြစ်ပွားမှုကို လျော့ချစေပြီး Magnesium လည်းပါဝင်တာကြောင့် နှလုံးရုတ်တရပ် ရပ်တန့်မှုကိုကာကွယ်ပေးပါ တယ်။

ဦးနှောက်အတွက်ကောင်းဦးနှောက် ကျန်းမာရေးကို အားကောင်းစေမယ့် အဟာရတွေကြွယ်ဝစွာပါဝင်ပါ တယ်။ Riboflavin နဲ့ L-Carnitine တို့လို ဦးနှောက်ကို အားကောင်းစေတယ့် အဟာရများကြွယ်ဝစွာပါဝင်ပြီး ဦး နှောက် စွမ်းဆောင်မှုကို တိုးတက်စေကာ အယ်ဇိုင်းမာ ရောဂါဖြစ်ပွားနိုင်ချေကို လည်းလျော့ချပေးပါ တယ်။ဗန်ဒါစေ့ များကလည်း သွေးအတွင်း ကော်လက်စထရောကိုလည်း လျော့ချပေးပါတယ်။

ဗီတတာမင် E နဲ့ကယ်ဆီယမ် ဓာတ် များကလည်း ကော်လက်စထရောဓာတ်ကို ထိန်းညှိပေးပါတယ်။ အရိုးတွေကို ကျန်းမာ သန်စွမ်းစေတဲ့ အစွမ်းရှိတဲ့ သူ့မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ Phosphorous ဓာတ်တွေပါဝင်တာကြောင့် အရိုးကျန်းမာရေးကိုအားကောင်း စေ ပါတယ်။ Phosphorous ဓာတ်တွေက အရိုးနှင့် သွားတွေကို ခိုင်မာ စေပြီး အရိုးပွခြင်းမှလည်းကာကွယ်ပေးပါ တယ်။

Credit ~ wikidogs

ကင္ဆာႏွင့္ ႏွလုံးေရာဂါကို ကာကြယ္ေပးသည့္အျပင္ အရိုးေတြကိုပါက်န္းမာသန္စြမ္းေစတဲ့ ဗန္ဒါေစ့

သင့္ကို ငယ္ငယ္က လူႀကီးသူမေတြက ေရစိမ္ထားတဲ့ ဗန္ဒါသီးေစ့ကို စားခိုင္းတာ ဘာေၾကာင့္လဲလို႔ထင္ပါသလဲ။ ေရစိမ္ထားတဲ့ ဗန္ဒါသီးေစ့မွာ သင္ထားတာထက္ပို အာဟာရေတြအမ်ားႀကီးပါဝင္ပါတယ္။ သူ႔မွာ အေရးႀကီး ဗီတာ မင္ႏွင့္သတၱဳဓာတ္ေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ဘာေၾကာင့္ ဗန္ဒါေစ့ေတြကို ေရစိမ္ခိုင္းတာလဲ..? ေျခာက္ ေသြ႕ေန တဲ့ ဗန္ဒါ အေစ့မွာ အပင္ေပါက္ဖို႔အတြက္ အစိုျပန္မႈမ်ားမွ ကာကြယ္ထားတဲ့ အင္ဇိုင္းမ်ားရွိေနပါတယ္။

ဗန္ဒါေစ့ကို ေရထဲမွာ စိမ္လိုက္ရင္ေတာ့ အဲ့ဒီ အင္ဇိုင္းမ်ား မရွိေတာ့ပါဘူး။ေရစိမ္ထားတဲ့ ဗန္ဒါေစ့မ်ားက အစာေျခရတာ ပိုၿပီး လြယ္ကူေစၿပီး အစာေျခစနစ္ကို အားေကာင္းေစတဲ့ အဟာရဓာတ္ေတြလည္း အမ်ားႀကီးပါဝင္ပါတယ္။ တစ္ည ေလာက္ေရစိမ္ထားတဲ့ ဗန္ဒါေစ့မ်ားက တျခား ေျခာက္ေသြ႕ေနတဲ့ ဗန္ဒါေစ့မ်ားထက္ပိုၿပီး အဟာရဓာတ္ပိုမ်ားၿပီး လြယ္ကူစြာအစာေျခနိုင္ပါတယ္။

ကင္ဆာကို ကာကြယ္ေပးဗန္ဒါေစ့မ်ားက အူမႀကီးအတြင္း အစာလႈပ္ရွားမႈကို ကူညီ ေပးကာ အူမႀကီးထဲမွာ အစာစုပုံပိတ္ဆို႔ျခင္းကိုလည္း ေလ်ာ့ခ်ေပးတာေၾကင့္ အူမႀကီး ကင္ဆာ ျဖစ္မႈကို ကာကြယ္ ေပးပါတယ္။ သၾကားဓာတ္ကို ျမႇင့္တင္ေပးသလို တစ္ေန႔ကို ဗန္ဒါေစ့ လက္တစ္စုပ္စာ စားေပးရင္ ခႏၶာကိုယ္မွာရွိတဲ့ စြမ္းအင္ေတြကို ျမႇင့္တင္ေပးပါတယ္။

သူတို႔ကManganese၊ ေကာ့ပါး နဲ႔ Riboflavinဓာတ္ေတြပါဝင္တာေၾကာင့္.. စြမ္းအင္ထုတ္လုပ္မႈႏွင့္ ဇီဝကမၼျဖစ္စဥ္ ေတြကိုအားေကာင္းေစပါတယ္။ႏွလုံးေရာဂါ ကာကြယ္ေပးဗန္ဒါေစ့မ်ားမွာ Mono-unsaturated Fats၊ ပရိုတင္းႏွင့္ ပိုတက္စီယမ္တို႔ပါဝင္တာေၾကာင့္ ႏွလုံးေရာဂါကို ကာကြယ္ေပးပါတယ္။ သူ႔မွာ ဗီတာမင္ အီးပါဝင္တာေၾကာင့္ႏွလုံး ေရာဂါျဖစ္ပြားမႈကို ေလ်ာ့ခ်ေစၿပီး Magnesium လည္းပါဝင္တာေၾကာင့္ ႏွလုံး႐ုတ္တရပ္ ရပ္တန႔္မႈကိုကာကြယ္ေပးပါ တယ္။

ဦးေႏွာက္အတြက္ေကာင္းဦးေႏွာက္ က်န္းမာေရးကို အားေကာင္းေစမယ့္ ..အဟာရေတြႂကြယ္ဝစြာပါဝင္ပါ တယ္။ Riboflavin နဲ႔ L-Carnitine တို႔လို ဦးေႏွာက္ကို အားေကာင္းေစတယ့္ အဟာရမ်ားႂကြယ္ဝစြာပါဝင္ၿပီး ဦး ေႏွာက္ စြမ္းေဆာင္မႈကို တိုးတက္ေစကာ အယ္ဇိုင္းမာ ေရာဂါျဖစ္ပြားနိုင္ေခ်ကို လည္းေလ်ာ့ခ်ေပးပါ တယ္။ဗန္ဒါေစ့ မ်ားကလည္း ေသြးအတြင္း ေကာ္လက္စထေရာကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

ဗီတတာမင္ E နဲ႔ကယ္ဆီယမ္ ဓာတ္ မ်ားကလည္း ေကာ္လက္စထေရာဓာတ္ကို ထိန္းညႇိေပးပါတယ္။ အရိုးေတြကို က်န္းမာ သန္စြမ္းေစတဲ့ အစြမ္းရွိတဲ့ သူ႔မွာ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြ၊ Phosphorous ဓာတ္ေတြပါဝင္တာေၾကာင့္ အရိုးက်န္းမာေရးကိုအားေကာင္း ေစ ပါတယ္။ Phosphorous ဓာတ္ေတြက အရိုးႏွင့္ သြားေတြကို ခိုင္မာ ေစၿပီး အရိုးပြျခင္းမွလည္းကာကြယ္ေပးပါ တယ္။

Credit ~ wikidogs