စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး တည်ထားကိုးကွယ်နေတဲ့ နေပြည်တော်က မာရဝိဇယ
ဆင်းတုတော်ကြီးမှာ မျက်လုံးအောက်က အစင်းကြောင်းတွေပေါ်ပြီး
“မျက်ရည်ကျသလိုဖြစ်နေ”လို့ ဘုရားကြီးကို အဝတ်တွေနဲ့ ကာရန်ကာ ပြန်လည် ပြုပြင်နေပြီး ဘုရားဖူးခွင့်၊ ဓာတ်ပုံရိုက်ခွင့်တွေ ပိတ်ပင်ထားတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေက ပြောပါတယ်
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတဦးက “ဘုရားကြီးကို ပိတ်ထားတယ်။ ဖူးမျှော်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပိတ်ထားတယ်၊ ကြိတ်ပြီးတော့ မျက်နှာတော် ပြုပြင်နေတာ သေချာတယ်”လို့ ဆိုပါတယ်။
အခု “မာရဝိဇယ” ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာပါမယ်။ “တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်မည်”လို့ စစ်ကောင်စီ သတင်းစာတွေက ဆိုထားပါတယ်။
နေပြည်တော်ကို ရောက်လာဖို့ စကျင်ကျောက်တော်ကြီး တည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်း အထိ ရေလမ်းကြောင်း၊ အဲဒီကနေတဆင့် မန္တလေး-ရန်ကုန် အမြန် လမ်းအတိုင်း နေပြည်တော်အထိ စက်ယန္တရားကြီးတွေနဲ့ ခက်ခက်ခဲခဲ သယ်ယူခဲ့ရပြီး သယ်ဆောင်တဲ့လမ်းမှာ တောင်သူတွေရဲ့ မြေနေရာ ပျက်စီးဆုံးရှုံးတာတွေလည်း ကြုံခဲ့ရပါသေးတယ်။
တောင်သူတွေဘက်က ကန့်ကွက်နေချိန် စစ်တပ်က အာဏာသိမ်းလိုက်တာမို့ နောက်ပိုင်း အဲဒီသတင်းတွေလည်း ပျောက်သွားခဲ့ရပါတယ်။ အမြန်လမ်းကနေတဆင့် သယ်ယူချိန်မှာ အမြန်လမ်းမှာ လက်ရှိ အသုံးပြုနေတဲ့ တံတားတွေ အပေါ်ကို ဖြတ်လို့ မရတာကြောင့် လမ်းကြောင်းအသစ်တွေ ဖောက်ပြီး သယ်ယူရတာလည်း ဖြစ်ပါတယ်။
ဒီရုပ်ပွားတော်ကြီးဆီကို အာဏာရှင်ဟောင်း ဦးသန်းရွှေလည်း အခုလဆန်းပိုင်းမှာ သွားရောက်ခဲ့တဲ့ ပုံတွေ လူမှု ကွန်ရက်မှာ ဓာတ်ပုံနဲ့ တကွ ပျံ့နှံ့ခဲ့ပါသေးတယ်။
“မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”ဆိုတဲ့ အမည်နာမဟာ “မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ် အန္တရာယ် အပေါင်းကို အထူးအောင်မြင်တော်မူသောမြတ်စွာဘုရား” လို့ အဓိပ္ပာယ် ရပါတယ်။
“ဒီလို မျက်ရည်ကျတယ်ဆိုတဲ့ ပုံစံဆိုရင်တော့ အတိတ်နမိတ်အရ မကောင်းဘူး။ တိုင်းပြည်မှာ အခု ဖြစ်ပျက်နေတာတွေကလည်း တခုမှ ကောင်းတာလည်း မရှိတော့ တိုင်းပြည်လည်း အေးချမ်းမယ့်ပုံ မပေါ်သေးဘူး။ အဲဒါကို မြင်ရတယ်။ ဒီလို သတင်းကြားရင် စစ်တပ်က လူကြီးတွေလည်း စိတ်ချမ်းသာမယ် မထင်ဘူး။ ယတြာတွေတောင် လုပ်ပြီးနေလောက်ပြီ” လို့ ရန်ကုန်မြို့က ဗေဒင်ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
အခု ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် တိုင်းပြည်အေးချမ်း သာယာမှု ရှိစေဖို့၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှု ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာပါ။
ဒီဘုရားကို မင်းအောင်လှိုင်ဘုရားလို့ လူတွေက ခေါ်ကြပြီး အစအဆုံး စစ်တပ်က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။ အလှူရှင်တွေကလည်း တပ်ခေါင်းဆောင်တွေနဲ့ တပ်မိသားစုဝင်တွေပဲ များပါတယ်။
ရုပ်ပွားတော်မြတ်ကြီးရဲ့ ပလ္လင်တော်ကို စကျင် ကျောက်တော်ကြီး အပိုင်း ၅ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမှာဖြစ်ပြီး အခြားသာသနိက အဆောက်အဦများကိုလည်း ရင်ပြင်တော်အပြည့် ပြည့်စုံစွာ ထည့်သွင်းပြီးတော့ ရတနာပုံခေတ် မြန်မာ့အနုပညာ လက်ရာတွေလည်း ထည့်သွင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
credit
စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ ဦးေဆာင္ၿပီး တည္ထားကိုးကြယ္ေနတဲ့ ေနျပည္ေတာ္က မာရဝိဇယ ဆင္းတုေတာ္ႀကီးမွာ မ်က္လုံးေအာက္က အစင္းေၾကာင္းေတြေပၚၿပီး
“မ်က္ရည္က်သလိုျဖစ္ေန”လို႔ ဘုရားႀကီးကို အဝတ္ေတြနဲ႔ ကာရန္ကာ ျပန္လည္ ျပဳျပင္ေနၿပီး ဘုရားဖူးခြင့္၊ ဓာတ္ပုံရိုက္ခြင့္ေတြ ပိတ္ပင္ထားတယ္လို႔ ေနျပည္ေတာ္က သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔က ေနျပည္ေတာ္မွာ ကိုယ္တိုင္ ၾကဳံေတြ႕ခဲ့ရသူတဦးက “ဘုရားႀကီးကို ပိတ္ထားတယ္။ ဖူးေမၽွာ္ခြင့္၊ ဓာတ္ပုံရိုက္ခြင့္ ပိတ္ထားတယ္၊ ႀကိတ္ၿပီးေတာ့ မ်က္ႏွာေတာ္ ျပဳျပင္ေနတာ ေသခ်ာတယ္”လို႔ ဆိုပါတယ္။
အခု “မာရဝိဇယ” ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးဟာ ကမၻာ့အႀကီးဆုံး ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္ အျမင့္ဆုံး ျဖစ္လာပါမယ္။ “တည္ေဆာက္ၿပီးစီးပါက ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ စုစုေပါင္း ၈၁ ေပ အျမင့္ေဆာင္မည္”လို႔ စစ္ေကာင္စီ သတင္းစာေတြက ဆိုထားပါတယ္။
ေနျပည္ေတာ္ကို ေရာက္လာဖို႔ စက်င္ေက်ာက္ေတာ္ႀကီး တည္ရွိရာ မတၱရာၿမိဳ႕နယ္၊ စက်င္ေတာင္မွ ဆီမီးခုံဆိပ္ကမ္း အထိ ေရလမ္းေၾကာင္း၊ အဲဒီကေနတဆင့္ မႏၲေလး-ရန္ကုန္ အျမန္ လမ္းအတိုင္း ေနျပည္ေတာ္အထိ စက္ယႏၲရားႀကီးေတြနဲ႔ ခက္ခက္ခဲခဲ သယ္ယူခဲ့ရၿပီး သယ္ေဆာင္တဲ့လမ္းမွာ ေတာင္သူေတြရဲ့ ေျမေနရာ ပ်က္စီးဆုံးရႈံးတာေတြလည္း ၾကဳံခဲ့ရပါေသးတယ္။
ေတာင္သူေတြဘက္က ကန႔္ကြက္ေနခ်ိန္ စစ္တပ္က အာဏာသိမ္းလိုက္တာမို႔ ေနာက္ပိုင္း အဲဒီသတင္းေတြလည္း ေပ်ာက္သြားခဲ့ရပါတယ္။ အျမန္လမ္းကေနတဆင့္ သယ္ယူခ်ိန္မွာ အျမန္လမ္းမွာ လက္ရွိ အသုံးျပဳေနတဲ့ တံတားေတြ အေပၚကို ျဖတ္လို႔ မရတာေၾကာင့္ လမ္းေၾကာင္းအသစ္ေတြ ေဖာက္ၿပီး သယ္ယူရတာလည္း ျဖစ္ပါတယ္။
ဒီ႐ုပ္ပြားေတာ္ႀကီးဆီကို အာဏာရွင္ေဟာင္း ဦးသန္းေရႊလည္း အခုလဆန္းပိုင္းမွာ သြားေရာက္ခဲ့တဲ့ ပုံေတြ လူမႈ ကြန္ရက္မွာ ဓာတ္ပုံနဲ႔ တကြ ပ်ံ႕ႏွံ့ခဲ့ပါေသးတယ္။
“မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး”ဆိုတဲ့ အမည္နာမဟာ “မာရ္နတ္မင္း၏ အေႏွာင့္အယွက္ ရန္စြယ္ အႏၲရာယ္ အေပါင္းကို အထူးေအာင္ျမင္ေတာ္မူေသာျမတ္စြာဘုရား” လို႔ အဓိပၸာယ္ ရပါတယ္။
“ဒီလို မ်က္ရည္က်တယ္ဆိုတဲ့ ပုံစံဆိုရင္ေတာ့ အတိတ္နမိတ္အရ မေကာင္းဘူး။ တိုင္းျပည္မွာ အခု ျဖစ္ပ်က္ေနတာေတြကလည္း တခုမွ ေကာင္းတာလည္း မရွိေတာ့ တိုင္းျပည္လည္း ေအးခ်မ္းမယ့္ပုံ မေပၚေသးဘူး။ အဲဒါကို ျမင္ရတယ္။ ဒီလို သတင္းၾကားရင္ စစ္တပ္က လူႀကီးေတြလည္း စိတ္ခ်မ္းသာမယ္ မထင္ဘူး။ ယၾတာေတြေတာင္ လုပ္ၿပီးေနေလာက္ၿပီ” လို႔ ရန္ကုန္ၿမိဳ႕က ေဗဒင္ကၽြမ္းက်င္သူတေယာက္က ေျပာပါတယ္။
အခု ဗုဒၶ႐ုပ္ပြားေတာ္ႀကီးေၾကာင့္ တိုင္းျပည္ေအးခ်မ္း သာယာမႈ ရွိေစဖို႔၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပည္တြင္းျပည္ပ ဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသ တိုးတက္စည္ကားမႈ ျဖစ္ေစဖို႔လည္း ရည္ရြယ္တယ္လို႔လည္း စစ္ေကာင္စီဘက္က ထုတ္ျပန္ထားတာပါ။
ဒီဘုရားကို မင္းေအာင္လွိုင္ဘုရားလို႔ လူေတြက ေခၚၾကၿပီး အစအဆုံး စစ္တပ္က တာဝန္ယူ တည္ေဆာက္ခဲ့တာပါ။ အလႉရွင္ေတြကလည္း တပ္ေခါင္းေဆာင္ေတြနဲ႔ တပ္မိသားစုဝင္ေတြပဲ မ်ားပါတယ္။
႐ုပ္ပြားေတာ္ျမတ္ႀကီးရဲ့ ပလႅင္ေတာ္ကို စက်င္ ေက်ာက္ေတာ္ႀကီး အပိုင္း ၅ ပိုင္းျဖင့္ ထုဆစ္ပူေဇာ္သြားမွာျဖစ္ၿပီး အျခားသာသနိက အေဆာက္အဦမ်ားကိုလည္း ရင္ျပင္ေတာ္အျပည့္ ျပည့္စုံစြာ ထည့္သြင္းၿပီးေတာ့ ရတနာပုံေခတ္ ျမန္မာ့အႏုပညာ လက္ရာေတြလည္း ထည့္သြင္းသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။
credit