နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို လုံးဝပျောက်ကင်းသွားစေမယ့် လျှို့ဝှက်ချက် (၅) မျိုး
အမာရွတ်တွေရှိလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့နေပါသလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပျော်လိုက်ပါတော့
နှစ်ချို့နေတဲ့အမာရွတ်တွေ၊ ဝက်ခြံအမာရွတ်တွေ၊ ခြေထောက်က အမာရွတ်တွေနဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်မှန်သမျှကို ပျောက်ကင်းသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သံပုယို
သံပုယိုရည်ကို ရေအနည်းငယ်ရောလိုက်ပါ။ ရလာတဲ့သံပုယိုရည်ကို ဂွမ်းစလေးနဲ့တို့ပြီး အမာရွတ်တွေပေါ်မှာလိမ်းပေးလိုက်ပါ။
ခြောက်သွားတဲ့အထိထားပြီးရင် ရေဆေးပေးလိုက်ရုံပါပဲ။ ဒီနည်လမ်းလေးကို လုပ်ပြီးပြီးချင်းနေရောင်အောက်ကို မထွက်ပါနဲ့။ ထွက်မယ်ဆိုလည်း နေရောင်ကာခရင်မ် လိမ်းပေးပါ။
(၂) ပျားရည်
ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါတို့ကို သေသေချာချာရောမွှေပေးပြီး အမာရွတ်တွေပေါ်ကိုလိမ်းလိုက်ပါ။ ပြီးရင်တော့ ၅မိနစ်ခန့်နှပ်ထားလိုက်ပါ။
အဲ့ဒီ့အပေါ်ကနေ တဘက်ကို ရေနွေးမှာစိမ်၊ ညှစ်ပြီး အုပ်ထားလိုက်ပါ။ တဘက်အေးသွားပြီဆိုရင် ရေဆေးချလိုက်လို့ရပါပြီ။
(၃) ကြက်သွန်နီ
ကြက်သွန်နီကို ကြိတ်ပြီးအရည်ညှစ်လိုက်ပါ။ ရလာတဲ့အရည်ကို အမာရွတ်တွေပေါ်မှာလိမ်းပြီး ခြောက်သွားတဲ့အထိထားပါ။ ၁၅ မိနစ်ခန့်အကြာမှာရေဆေးပေးလိုက်ရုံပါပဲ။
(၄) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို လိုးရှင်းလိုပဲ အသားထဲစိမ့်ဝင်သွားအောင် နေ့စဉ်ပုံမှန်လိမ်းပေးရမှာပါ။ ပြန်လည်ဆေးကြောပေးစရာ မလိုပါဘူး။
(၅) လက်ဖက်ဆီ
လက်ဖက်ဆီနဲ့သံလွင်ဆီကိုရောပြီး ညအိပ်ရာမဝင်ခင်တိုင်း အမာရွတ်တွေပေါ်ကိုလိမ်းပေးပါ။ ရေပြန်ဆေးစရာမလိုပါဘူး။ တစ်ညလုံးထားလိုက်ပါ။SK MM Knowledge