ချစ်သောသူများ ဒီစာကိုမရေးချင်ပေမဲ့ ရေးရပါဦးမယ်။ ကြောက်ရွံထိတ်လန့်တာမျိုးမဖြစ်စေချင်ပါဘူး၊ပေါ့လျော့လို့မဖြစ်တဲ့နှစ်မို့
ဆင်ခြင်သတိထားနိုင်ဖို့ပါနော်။
ောဪချစ်သောသူများ ၂၀၂၃ ခုနှစ်အတွင်းမှာ ကပ် ၃ ပါးဘေးကြုံကြရမှာဖြစ်အတွက်ချစ်သောသူများအနေနဲ့ ဆင်ခြင်သတိနဲ့နေထိုင်ပေးပါနော်။
၂၀၂၃ ခုနှစ်အတွင်းမှာ(၁) ရောဂါဘေး(ရောဂါကူးစက်မှုကိုမထိန်းချုပ်နိုင်ခြင်း၊လူအများရောဂါကူးစက်ခံရခြင်း၊လူနှင့်သတ္တဝါအများသေကြေပျက်ဆီးရခြင်းတို့ကို
တွေ့ကြုံရနိုင်ပါတယ်)(၂) စစ်ဘေး( အများသေဆုံးရခြင်း၊ မီးရှို့ခံရခြင်း၊ ဗုံးကျဲခံရခြင်း၊ အိုးအိမ်များ ပျက်ဆီးဆုံးရှုံးရခြင်း၊လယ်ယာမြေများပျက်ဆီးခြင်းတို့ကိုတွေ့ကြုံရနိုင်ပါတယ်)
(၃) သဘာဝဘေး(ရေဘေး၊လေဘေး၊မြေဘေး၊မီးဘေးကို ကြုံရနိုင်ပြီး လူနဲ့သတ္တဝါအများသေဆုံးနိုင်တာတွေ့ရပါတယ်)
(၄) ဒါ့အပြင်ငွေဈေးမတည်ငြိမ်ခြင်း၊အစာရှားပါးခြင်း၊ဆေးဝါးရှားပါးခြင်း၊မြန်မာငွေဖောင်းပွလွန်းခြင်း၊တို့ကိုကြုံရနိုင်ပါတယ်။
(၅) ဒါ့အပြင် ရာဇဝတ်မှုများလာခြင်းတို့ကိုလည်းကြုံတွေ့ရနိုင်ပါတယ်။၂၀၂၃ ခနှစ်နှစ်အေအောက်တိုဘာလကျော်ပြီးချိန်မှာ စစ်ဘေးနဲ့ရောဂါဘေးငြိမ်းနိုင်တာကိုတွေ့ရပါတယ်။
၂၀၂၃ နှစ်ကုန်ခါနီး၂၀၂၄ နှစ်ဆန်းပိုင်းမှသာလျှင် မြန်မာပြည်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို စတင်နိုင်တာတွေ့ရပါတယ်။
ကျမအနေနဲ့အကြံပြုချင်တာကတော့ အသက်ကို ကံက မစောင့်ပါဘူး။အသက်ကို ဉာဏ်စောင့်တာဖြစ်တဲ့အတွက် ချစ်သောသူများအနေနဲ့ အသက်ရှည်ကျန်းမာအောင်
နေထိုင်ပေးဖို့အထူးအကြံပြုတိုက်တွန်းပါတယ်ရှင်။အကြံပြုချင်တာကတော့(၁) အတတ်နိုင်ဆုံး လူစုလူဝေးကို ရှောင်နိုင်သလောက်ရှောင်ပေးပါ။
(၂)ရောဂါကူးစက်မခံရစေဖို့အတွက် ဆင်ခြင်သတိနဲ့နေထိုင်ပေးပါ။ဆေးဝါးရှားပ(၃)ငွေကြေးပြဿနာ၊အစာရေစာရှာပါးခြင်းပြဿနာများလည်း ရှိနေတဲ့အတွက် ငွေကို ချွေတာသုံးစွဲပါ။
ငွေကြေးအပိုမသုံးမိစေဖို့ ဂရုစိုက်ပေးပါ။(၄)ကိုယ့်ဆီမှာပိုနေတယ်ဆိုရင်တကယ် လိုအပ်နေတဲ့သူတွေကို မျှဝေကူညီပေးပါ။ တကယ်လိုနေတဲ့ နေရာတွေကို လှူဒါန်းပေးပြီ
းဒါနကုသိုလ်ပြုပေးပါနော်။(၅)သီလစောင့်ထိန်းပေးပါ။(၆)ဘာဝနာတရားအားထုတ်ပေးပါ။ မေတ္တာဘာဝနာပွားပါလို့ အထူးပဲ မေတ္တာနဲ့ တိုက်တွန်းချင်ပါတယ်။
ချစ်သောသူများအားလုံး ကျန်းမာ၊ချမ်းသာ၍ဘေးကင်းလိုရာပြည့်ကြပါစေ။ဆရာမ မေသင်္ကြန်ဟိန်း