ကိုယ်တိုင်အုန်းဆီ ခဏငုံထားပြီးမှအာလုတ်ကျင်းလုပ်လာတာ ကြာပြီ အင်မတန်အကျိုးများလှပါတယ်နော် ။
ကျန်းမာရေး လက်ဆောင်
ကိုယ်တိုင်အုန်းဆီ ခဏငုံထားပြီးမှအာလုတ်ကျင်းလုပ်လာတာ ကြာပြီ အင်မတန်အကျိုးများလှပါတယ်နော် ။
အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတဘဲ
ကိုယ်သွားဖုံးပြည်တည်ပြီး ပြည်ပေါက်တော့ကျောက်ကပ်က မခံမရပ်နိုင်နာတယ်ယောင်တယ် ဆီးလဲသွားလို့ခက်လာတယ်သိပ်မထွက်တော့ဘူး
စနေနေ့ကသွားလဲထွက်သွားရော ခဏနေယူပစ်လိုက်သလိုနေသာထိုင်သာရှိသွားတာ ခုထိကျောက်ကပ်ကဘာမှမဖြစ်သလို ဒူးနာတာပါသက်သာလာခဲ့တယ် ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ
ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ
တန်ဖိုးထားရပါသောမိတ်ဆွေများအား မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးခြင်းဖြင့်
ပြန်လည်ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများနှင့်ခံတွင်းက အာပုတ်ရည်များအစာအိမ်သို့ မရောက်ရှိတော့ဘဲ အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ ဆေးရုံ ဆေးပေးခန်းတွေမှာအများအပြားတွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်
ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်းကောင်းကောင်းမှတ်မိနေသေးတာက ကျွန်တော့်အမေဒူးအရမ်းနာနေ၍ ပခုက္ကူမြို့ထင်းတန်းရပ်မှာဆေးခန်းဖွင့်ထားတဲ့ ပန်ချာဘီဆရာဝန်ကြီး ဒေါက်တာမာဒေးထံသို့ သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်
အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီးလမ်းတောင်မလျှောက်နိုင်လို့ ဆေးခန်းသွားမယ်ဆိုရင်လည်း အမေကိုဦးလေးတွေကချီမပြီး ခေါ်သွားလေ့ရှိပါတယ်
ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကိုသေသေချာချာ စစ်ဆေးပြီးနောက် သွားတွေကောင်းရဲ့လားလို့မေးတော့ အမေမျက်နာအမူအရာက ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်
ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့အံသွားပေါက်တွေကိုတွေ့သွားပါတယ်အံသွားတွေကပြည်ပုပ်တွေဟာ ဒူးကိုရောက်သွားပြီး ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ
ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့ အမေဒူးနာလည်းကောင်းသွားတာကိုလက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ် ။
ဆက်လက်၍ဒေါက်တာမာဒေးမှ အမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်ပလုတ်ကျင်းခိုင်းရာ အမေဒူးနာပြန်မဖြစ်တော့တာကိုလည်း သတိထားမိပါတယ်
နောက်တစ်ယောက်ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ ဟိုမုန်းအထွက်နဲတော့ လူကလေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်လည်းတက်လာတယ်
ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေကသိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပၴားလို့ ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက် သွားဆရာဝန်ဆီမှာသေချာကုသလိုက်တဲ့နောက်မှာတော့ ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်
ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့ သူတစ်ယောက်အကြောင်းကို ပြောပြဆွေးနွေးလိုပါသေးတယ်
သူ့မှာကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး မျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်
ခြေထောက်တွေကလည်းဖောပြီးရောင်ကိုင်းနေပါတော့တယ် ကျောက်ကပ်ဆေးတွေသောက်လည်း လူကသိပ်မသက်သာရှာပါဘူး တစ်နေ့ သူသွားအရမ်းနာနေလို့
သွားဆရာဝန်ကိုသွားရောက်ပြသတဲ့ အခါကြတော့မှ သွားဆရာဝန်တွေက သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့ သွားဖုံးတွေကိုပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက်ကပ်လည်းပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာနေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ် ။
ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်းငယ်ငယ်ကတည်းက ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ
ဘယ်လောက်တောင်းနံသလည်းဆိုရင်မျက်နှာချင်းဆိုင်စကားပြောလို့တောင်အဆင်သိပ်မပြေချင်ပါဘူး..။
ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့. သွားတိုက်လည်းအတော်လေးပျင်းသူဖြစ်တဲ့အတွက် နှစ်တွေကြာလာတော့ ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်
ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ ငယ်ငယ်ကတည်းကလည်း သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်
ယခုအချိန်အခါမှာလည်း ရာသီဥတုအစားအသောက် အပြုအမူအနေအထိုင်တွေကြောင့် လူတော်တော်များများဖြစ်နေတဲ့ ရောဂါဝေဒနာတွေကတော့ အသည်းရောဂါ အဆုတ်ရောဂါ
အစာအိမ် ကျောက်ကပ် နှလုံး အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ
ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့် အများဆုံးဖြစ်နေကြတာကိုအားလုံးသတိထားမိစေချင်ပါတယ်
ခံတွင်းမသန့်လေ ရောဂါထူလေဘဲဖြစ်ပြီးပါးစပ်နံလေရောဂါများလေ အသက်တိုလေပဲဖြစ်ပါတယ်
သွားဖုံးအရင်းမှာ အစိမ်းရောင်အဝါရောင်ရှိတဲ့ ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်
ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်
ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့ အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင် ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်
ဘာကြောင့်လည်းဆိုတော့ဆီကအဆိပ်စုပ်အားကောင်းပြီးသွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်
နံနက်စောစောအိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါက ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ် ။
ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ သွားတိုက်တာသည်အကောင်းဆုံးပါပဲ ပလုပ်ကျင်းပြီးရင်တော့ ရေနွေးနွေးလေးဖြင့်ပါစပ်ကို ပြန်လည်ဆေးကြောပေးရင်ဖြင့်အကောင်းဆုံးပါပဲခင်ဗျာ
ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့အုန်းဆီဘဲဖြစ်ပါတယ် ။
အုန်းဆီအပြင်သံလွင်ဆီ၊ နှမ်းဆီတွေနဲ့လည်းပလုတ်ကျင်းလို့လည်းရပါတယ် ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ပလုတ်မကျင်းစေချင်ပါဘူး
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ဆီဖြင့်ပလုပ်ကျင်းတာကို နေ့စဉ်မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို(၂)ခါ(၃)ခါလောက် လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်
ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ ကျန်းမာနေထိုင်တဲ့နည်းကို နိုင်ငံတော်တော်များများအထူးသဖြင့် ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကို သိရှိရပါတယ်ခင်ဗျာ
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ခံတွင်းမသန့်လေ ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက် ခံတွင်းကိုသန့်ရှင်အောင်ထားပြီး ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့်ရှင်သန် နေထိုင်ကြရအောင်ပါခင်ဗျာ..။
#Crd – ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ