မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊
ကျွန့်နှယ်အလား ၊ထိုမယားမူ ၊ ယောကြာငျ်းဆုပနျ.. ၊ နိဗ္ဗာန်ဆုကောင်း ၊တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။
( က ) ခိုးသူနဲ့တူတဲ့မယား ၊
( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊
( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယားအဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့
( ဃ ) အမေနဲ့တူတဲ့မယား ၊
( င ) နှမနဲ့တူတဲ့မယား ၊
( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊
( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ
တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေဟာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ် ။ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ်
ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့်အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာလဲ မေးတော့ -အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ – မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။
ဒီကလေးမဟာ ယောက္ခမလင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကိုမှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား လို့လျှောက်ပါတယ် ။ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး ဆိုပြီးမြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့
( က ) ခိုးသူနဲ့ တူတဲ့မယား ၊လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ဝယ်ခြမ်းစားသောက် ဝတ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။
( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းထက်ယောကျာ်းကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အဝိုင်းကိုပါ မောက်မာစွာဆက်ဆံတာ ၊
( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊လင်သားအပေါ် ပစ်မှားလိုစိတ်ရှိတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊တခြားယောကျာ်းတစ်ဦးအပေါ်တပ်မက်ကြတာ၊လင်သားအပေါ်ငြူစူတာ။
( ဃ ) အမေနဲ့တူတဲ့မယား ၊လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။
( င ) နှမနဲ့တူတဲ့ မယား ၊အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊
( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။
( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။
သုဇာတာ ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ လို့ဘုရားရှင်ကမေးတော့ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ဝန်ခံခဲ့သတဲ့ ။
ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊
လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊- အနာဒရ ၊ ပြုတတ်စွ..ာ။
( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာမှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။
( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊
( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊
( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမဝင်တဲ့လင်မျိုး ။
( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။
( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ဝီရိယ လုံ့လမရှိတဲ့လင် ။
( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရေ ။
( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့.. ။
Credit – မူရင်း