Unicode
ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့
မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး..။
ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက်ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို
သူက သိပ်သဘောကျတာကလား ။ ဒါနဲ့ကိုအောင်နိုင်က ကြက်ဥတစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲက ခရမ်းချဉ်သီးတစ်လုံးကို ယူလာခဲ့တယ်
ပြီးတော့ ဘေဇင်က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်းအမှတ်တမဲ့ ကြည့်လိုက်တော့ ခရမ်းချဉ်သီးရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ်
အော် ပိုးဖောက်ထားတာဘဲလို့ သူတွေးလိုက်တယ်။ အဲဒါနဲ့ ကိုအောင်နိုင်က ခရမ်းချဉ်သီးက အပေါက်လေးကိုဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း
သေချာကြည့်လိုက်တော့ အပေါက်ကလေးက စက်နဲ့ ဝိုင်းထားသလား ထင်ရအောင် ညီညီညာညာ ဝိုင်းစက်စက်လေး ဖြစ်နေတယ်
သူ့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်။ စိတ်ထဲမသိုးမသန့်ဖြစ်လာလို့
အဲဒီ ခရမ်းချဉ်သီးကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ခရမ်းချဉ်သီး တစ်လုံးကို ရေခဲ သေတ္တာထဲက သွားယူလာပြီး ရေဆေးမယ်လုပ်တော့
ဟင် … ဒါကလည်းအပေါက်လေးနဲ့ပါလားဒါနဲ့သူမသင်္ကာလို့ ခရမ်းချဉ်သီးတွေ အကုန်လုံးကို ရေခဲသေတ္တာထဲက ထုတ်ကြည့် လိုက်တဲ့ အခါမှာ
ခရမ်းချဉ်သီးအားလုံးမှာ အပေါက်တွေက တစ်ပုံစံထဲ ပါနေတာ တွေ့ရတယ်။ နောက်တော့ သူစဉ်းစားရင်း သဘောပေါက်လာတယ်
အို ဘုရားရေ သူတို့တတွေက ခရမ်းချဉ်သီးတောင် အလွှတ်မပေးတော့ပါလား။ အဲဒီမှာ Facebook ပေါ်မှာ အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာကို သွားသတိ ရမိတယ်
အဲဒီ Facebook မှာ ဘာရေးထားသလဲ ဆိုတော့ အဲဒီ အမျိုးသမီးက ဈေးကနေ ငါးရံ့လေး ငါးကောင်ဝယ်လာပြီး ချက်ဖို့ ပြင်ဆင်တော့
ငါးအားလုံးရဲ့ ပါးဟက် အောက်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေးတွေ တွေ့လို့ စိတ်ထဲ မသင်္ကာတာနဲ့ ပုရွက်ဆိတ်တွေနား
ငါးကို ချကြည့်တဲ့အခါမှာ ပုရွက်ဆိတ်တွေ တစ်ကောင်မှ စားတာ မတွေ့ဘူးတဲ့။
ဒါနဲ့ သူလည်း မစားရဲတော့ဘဲ ဒီအတိုင်း ထားလိုက်တာ နောက်တစ်ရက် ရောက်တာတောင် ငါးတွေက ပုတ်မသွားဘူးတဲ့
အော် ကျနော်သိလိုက်ပြီ အခုခေတ် ဈေးသည် တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေ မြန်မြန် မပုတ်သိုးအောင်
လူသေတွေကို ကြာရှည်အထားခံအောင် သုံးတဲ့ ဖော်မလင်ကို ဒီအသားငါးတွေကို ထိုးပေးနေတာကိုး။ ဒီဆေးထိုးထားတဲ့ အသားငါးတွေကို ကျနော်တို့ စားလိုက်ပြီဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ..။
မိတ်ဆွေတို့ အဲဒီအစာတွေကို အစာအိမ်က ချက်ပြီး စုတ်ယူလို့ရတဲ့ အဟာရမှန်သမျှကို ကောင်းတာရော မကောင်းတာရောသွေးထဲကနေတဆင့်
အသည်းကို အရင်ဆုံး ရောက်ရတယ် အသည်းရဲ့ တာဝန်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပြီး သန့်စင်ပေးရတယ် ။
အဲလိုမျိုး အသားတွေ စားပါများရင် ကြာလာတော့ ကျနော်တို့တတွေရဲ့ အသည်းကို ထိခိုက်လာတယ် ။
အဲလိုနည်းနဲ့ လူတွေဟာ အနှေးနဲ့ အမြန် အသည်း ရောဂါတွေ ဖြစ်ကုန်ကြမှာကို ဒီဈေးသည်တွေ မသိကြဘူးလားဗျာ သိတော့သိကြ မှာပါ ။
အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အသည်းခြောက် အသည်း ကင်ဆာ ရေဖျင်းစွဲပြီး အသည်းရောဂါနဲ့ သေတဲ့သူတွေ တော်တော် များနေပြီဗျ..။
သူတို့က ဆရာဝန်မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးထိုးနေမှတော့ ဆေးရဲ့ဆိုးကျိုးတွေ လည်း မသိဘဲတော့ မနေလောက်ဘူး
သူတို့ရောင်းတဲ့အသားတွေ အချိန်မှီ မရောင်းရရင် ပုတ်ကုန်မှာစိုးလို့ သိသိကြီးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲ ။ ဘယ့်နယ်ဗျာ အခုတော့ ခရမ်းချဉ်သီးတောင် အလွှတ်မပေးကြတော့ဘူး..။
အော် ဒီလိုလုပ်တဲ့ ဈေးသည်တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ဝိဿမ လောဘသားတွေတနည်းပြောရရင် လျှို့ဝှက် လူသတ်သမားတွေလို့ဘဲ ပြောရတော့မယ်နဲ့ တူတယ်။
ကဲကျနော်တို့ ရှေ့လျှောက် ဘာတွေစားကြမလဲ။ ကျနော်တို့အားလုံး ကျန်းမာရေးအတွက် ရွေးခြယ်စရာ အစားအစာတွေ ဒီကမ္ဘာကြီးမှာသိပ်ရှားပါးနေပြီ။
အင်း…ငါတို့ လူသားတွေရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါလားနော် လို့ ကိုအောင်နိုင်က တွေးနေရင်း
ခရမ်းချဉ်သီးမပါဘဲ ခလောက်ထားတဲ့ ကြက်ဥကို ဆီငွေ့တွေ လှိုင်လှိုင် ထွက်နေပြီဖြစ်တဲ့ ဒယ်အိုးထဲသို့ လောင်းထည့်ရင်း အဆုတ်ထဲကလေပူများကို မှုတ်ထုတ် လိုက်ပါတော့တယ်
စာဖတ်သူမိတ်ဆွေများအားလုံး ကျန်းမာရေး ဗဟုသုတများ ရကြ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
Credit
>>>>><<<<<
Unicode
ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့..
မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး..။
ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက်ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို
သူက သိပ်သဘောကျတာကလား ။ ဒါနဲ့ကိုအောင်နိုင်က ကြက်ဥတစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲက ခရမ်းချဉ်သီးတစ်လုံးကို ယူလာခဲ့တယ် ။
ပြီးတော့ ဘေဇင်က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်းအမှတ်တမဲ့ ကြည့်လိုက်
တော့ ခရမ်းချဉ်သီးရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ် ။
အော် ပိုးဖောက်ထားတာဘဲလို့ သူတွေးလိုက်တယ်။ အဲဒါနဲ့ ကိုအောင်နိုင်က ခရမ်းချဉ်သီးက အပေါက်လေးကိုဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း
သေချာကြည့်လိုက်တော့ အပေါက်ကလေးက စက်နဲ့ ဝိုင်းထားသလား ထင်ရအောင် ညီညီညာညာ ဝိုင်းစက်စက်လေး ဖြစ်နေတယ် ။
သူ့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်။ စိတ်ထဲမသိုးမသန့်ဖြစ်လာလို့
အဲဒီ ခရမ်းချဉ်သီးကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ခရမ်းချဉ်သီး တစ်လုံးကို ရေခဲ သေတ္တာထဲက သွားယူလာပြီး ရေဆေးမယ်လုပ်တော့
ဟင် … ဒါကလည်းအပေါက်လေးနဲ့ပါလားဒါနဲ့သူမသင်္ကာလို့ ခရမ်းချဉ်သီးတွေ အကုန်လုံးကို ရေခဲသေတ္တာထဲက ထုတ်ကြည့် လိုက်တဲ့ အခါမှာ
ခရမ်းချဉ်သီးအားလုံးမှာ အပေါက်တွေက တစ်ပုံစံထဲ ပါနေတာ တွေ့ရတယ်။ နောက်တော့ သူစဉ်းစားရင်း သဘောပေါက်လာတယ်
အို ဘုရားရေ သူတို့တတွေက ခရမ်းချဉ်သီးတောင် အလွှတ်မပေးတော့ပါလား။ အဲဒီမှာ Facebook ပေါ်မှာ အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာကို သွားသတိ ရမိတယ် ။
အဲဒီ Facebook မှာ ဘာရေးထားသလဲ ဆိုတော့ အဲဒီ အမျိုးသမီးက ဈေးကနေ ငါးရံ့လေး ငါးကောင်ဝယ်လာပြီး ချက်ဖို့ ပြင်ဆင်တော့
ငါးအားလုံးရဲ့ ပါးဟက် အောက်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေးတွေ တွေ့လို့ စိတ်ထဲ မသင်္ကာတာနဲ့ ပုရွက်ဆိတ်တွေနား
ငါးကို ချကြည့်တဲ့အခါမှာ ပုရွက်ဆိတ်တွေ တစ်ကောင်မှ စားတာ မတွေ့ဘူးတဲ့။
ဒါနဲ့ သူလည်း မစားရဲတော့ဘဲ ဒီအတိုင်း ထားလိုက်တာ နောက်တစ်ရက် ရောက်တာတောင် ငါးတွေက ပုတ်မသွားဘူးတဲ့
အော် ကျနော်သိလိုက်ပြီ အခုခေတ် ဈေးသည် တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေ မြန်မြန် မပုတ်သိုးအောင်
လူသေတွေကို ကြာရှည်အထားခံအောင် သုံးတဲ့ ဖော်မလင်ကို ဒီအသားငါးတွေကို ထိုးပေးနေတာကိုး။ ဒီဆေးထိုးထားတဲ့ အသားငါးတွေကို ကျနော်တို့ စားလိုက်ပြီဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ
မိတ်ဆွေတို့ အဲဒီအစာတွေကို အစာအိမ်က ချက်ပြီး စုတ်ယူလို့ရတဲ့ အဟာရမှန်သမျှကို ကောင်းတာရော မကောင်းတာရောသွေးထဲကနေတဆင့်
အသည်းကို အရင်ဆုံး ရောက်ရတယ် အသည်းရဲ့ တာဝန်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပြီး သန့်စင်ပေးရတယ်
အဲလိုမျိုး အသားတွေ စားပါများရင် ကြာလာတော့ ကျနော်တို့တတွေရဲ့ အသည်းကို ထိခိုက်လာတယ်
အဲလိုနည်းနဲ့ လူတွေဟာ အနှေးနဲ့ အမြန် အသည်း ရောဂါတွေ ဖြစ်ကုန်ကြမှာကို ဒီဈေးသည်တွေ မသိကြဘူးလားဗျာ သိတော့သိကြ မှာပါ
အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အသည်းခြောက် အသည်း ကင်ဆာ ရေဖျင်းစွဲပြီး အသည်းရောဂါနဲ့ သေတဲ့သူတွေ တော်တော် များနေပြီဗျ
သူတို့က ဆရာဝန်မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးထိုးနေမှတော့ ဆေးရဲ့ဆိုးကျိုးတွေ လည်း မသိဘဲတော့ မနေလောက်ဘူး
သူတို့ရောင်းတဲ့အသားတွေ အချိန်မှီ မရောင်းရရင် ပုတ်ကုန်မှာစိုးလို့ သိသိကြီးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲ ။ ဘယ့်နယ်ဗျာ အခုတော့ ခရမ်းချဉ်သီးတောင် အလွှတ်မပေးကြတော့ဘူး
အော် ဒီလိုလုပ်တဲ့ ဈေးသည်တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ဝိဿမ လောဘသားတွေတနည်းပြောရရင် လျှို့ဝှက် လူသတ်သမားတွေလို့ဘဲ ပြောရတော့မယ်နဲ့ တူတယ်
ကဲကျနော်တို့ ရှေ့လျှောက် ဘာတွေစားကြမလဲ။ ကျနော်တို့အားလုံး ကျန်းမာရေးအတွက် ရွေးခြယ်စရာ အစားအစာတွေ ဒီကမ္ဘာကြီးမှာသိပ်ရှားပါးနေပြီ