Unicode
နားကိုက် နားပြည်ယိုအတွက် အစွမ်းထက်တဲ့ ရွက်ကျပင်ပေါက် _
နားကိုက်သည်မှ ပါးချိတ်ရောင်တော့သည်အထိဖြစ်တော့သည် နားသန့်ဆေးမထည့်ဘူးလားမေးတော့ ထည့်တော့ထည်တယ်မသက်သာဘူး..။
ဒါဆို ဆရာဝန်နဲ့ပြလေ ဆရာဝန်ဆီသွားဖို့ ပိုက်ဆံလည်းမရှိဘူးနောက်ပြီး.. ရွာနဲ့မြို့က ဆိုင်ကယ်ငှားစီးရင် (၆)နာရီခရီးလေ။
ဆေးမြီးတိုလေးရှိရင်ပြောပါဆို၍ရွက်ကျပင်ပေါက်ရွက်အား ခူးပြီး ရေစင်အောင်ဆေး၍ အရွက်ကိုမီးအနည်းငယ်ကင်ရပါသည်။
ထိုနောက်မီးကင်းပြီးသား ရွက်ကျပင်ပေါက်ရွက်အား နားအတွင်းသို့ (၄)စက် (၅)စက် ချပေးလိုက်ခြင်းဖြစ်လေသည်။အံ့ဖွယ်ပျောက်ကင်းသက်သာစေပါသည်။
နားနှင့် ပတ်သက်ပြီး နားကိုက်၊နားအူ၊နားပြည်ယိုသူများအား ဦးစွာဆရာဝန်ထံပြရန်လမ်းညွှန်ပေးပြီး၊ဆရာဝန်၊ဆေးခန်း ၊ဆေးဆိုင်ဖြင့် ဝေးသူများအတွက်-
ရွက်ကျပင်ပေါက်အား တင်ပြပါနည်းအတိုင်း နားအတွင်းသို့ အစက်ပေးခြင်းဖြင့် ကြုံတိုင်း ကုသပေးခဲ့ရာ ပျောက်ကင်းကြပါကြောင်း သိမှီသမျှ ဆေးမြီးတိုသုတအားတင်ပြလိုက်ပါသည်။
ရွက်ကျပင်ပေါက်သည် အရွက်မှအပင်လေးများ မြေသို့ကျပြီး.. ပြန်ပေါက်ပါသည် ။
မူးရင်းရေးသူ ဆရာအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။