ၾကားသိရသမွ်

ဝန္ထမ္းအခ်ိဳ႕ကိုဗစ္လူနာႏွင့္ ထိေတြ႕မႈရွိခဲ့ေသာ္လည္း ေအာင္ဘာေလထီဖြင့္ပြဲကို ပုံမွန္အတိုင္း က်င္းပမည္

ဝန္ထမ္းအခ်ိဳ႕ကိုဗစ္လူနာႏွင့္ ထိေတြ႕မႈရွိခဲ့ေသာ္လည္း ေအာင္ဘာေလထီဖြင့္ပြဲကို ပုံမွန္အတိုင္း က်င္းပမည္

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲ႐ုံးမွ ဝန္ထမ္းအခ်ိဳ႕ မွာ ကိုဗစ္ ဓါတ္ခြဲအ တည္ ျပဳလူနာႏွင့္ ထိေတြ႕ ဆက္စပ္မႈရွိခဲ့ေသာ္လည္း ပုံမွန္အတိုင္း ႐ုံးဖြင့္မည္ျဖစ္ၿပီး လာမည့္(၁၉) ႀကိမ္ေျမာက္ ထီဖြင့္ပြဲကိုလည္း

ပုံမွန္ အတိုင္းက်င္းပသြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ သိရသည္။ ေအာင္ဘာေလသိန္းဆုဌာနခြဲ႐ုံးမွ ဝန္ထမ္းတဦးမွာ ကိုဗစ္ ဓါတ္ခြဲအတည္ျပဳလူနာႏွင့္ ထိေတြ႕ ဆက္စပ္မႈရွိခဲ့သည့္အ တြက္ ၄င္းႏွင့္ ထိေတြ႕မႈရွိခဲ့သည့္ ဝန္ထမ္း၂ဝဦးခန႔္ကို Home Quarantine /Facility Quarantine သို႔ ပို႔ေဆာင္ထားၿပီး ေအာင္ဘာ ေလထီ႐ုံးကိုလည္း တိုင္းက်န္းမာေရးဦးစီးဌာနမွ စစ္ေဆးမႈမ်ား ျပဳလုပ္ထားၿပီး ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္ကေျပာသည္။

“ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္း က်န္းမာေရးအဖြဲ႕ကိုခ်ျပထားတယ္။ က်န္းမာေရးအဖြဲ႕ကလည္း လိုအပ္တဲ့စစ္ေဆးမႈေတြ၊ လိုအပ္တဲ့ ပိုးသက္ေဆးျဖန္းတာေတြ အားလုံး ေဆာင္႐ြက္ၿပီးပါၿပီ။

 

ပုံမွန္လည္ပတ္လို႔ရတယ္ဆိုလို႔ ကြၽန္ေတာ္တို႔အေနနဲ႔ (၁၉) ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲကို ပုံမွန္အတိုင္းက်င္းပမွာ ျဖစ္ပါတယ္”ဟု ၎ကေျပာသည္။ ယင္းသို႔ (၁၉) ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီဖြင့္ပြဲကို က်င္းပရာတြင္ က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လူတစ္ဦးႏွစ္ တစ္ဦး Social distancing မ်ားျပဳလုပ္၍ ခြဲထိုင္ေစျခင္း၊ ႏွာေခါင္းစည္းတပ္ေစျခင္း၊ လက္ေဆးေစ ျခင္းအစရွိ သည္တို႔ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဦးမင္းထြဋ္က ဆက္ေျပာသည္။

ယခုလဖြင့္လဗစ္မည့္ ေအာင္ဘာေလထီ (၁၉) ႀကိမ္ေျမာက္တြင္ ထီအကၡရာ သုံးလုံးေလွ်ာ့ခ်ခဲ့သည့္အတြက္ ယခင္လထက္ ေရာင္းခ်သည့္ထီလက္မွတ္ေစာင္ေရ ၂ ဒသမ ၆ သန္းေက်ာ္ ေလ်ာ့နည္းခဲ့သည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္ (၁၈)ႀကိမ္ေျမာက္ထီ ဖြင့္ပြဲ၌ ဆုေငြက်ပ္ ၁၉,၆၃၆ သန္းခြဲေဝခ်ီးျမႇင့္ခဲ့ၿပီး (၁၉) ႀကိမ္ေျမာက္တြင္ က်ပ္ ၁၈,၁၆၃ သန္းခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေအာင္ဘာေလ သိန္းစုဌာနက ေၾကညာထားသည္။

Credit to ေက်ာ္သူ

Unicode

ဝန်ထမ်းအချို့ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း အောင်ဘာလေထီဖွင့်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းအချို့ မှာ ကိုဗစ် ဓါတ်ခွဲအ တည် ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သော်လည်း ပုံမှန်အတိုင်း ရုံးဖွင့်မည်ဖြစ်ပြီး လာမည့်(၁၉) ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း

ပုံမှန် အတိုင်းကျင်းပသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။ အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းတဦးမှာ ကိုဗစ် ဓါတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သည့်အ တွက် ၎င်းနှင့် ထိတွေ့မှုရှိခဲ့သည့် ဝန်ထမ်း၂ဝဦးခန့်ကို Home Quarantine /Facility Quarantine သို့ ပို့ဆောင်ထားပြီး အောင်ဘာ လေထီရုံးကိုလည်း တိုင်းကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

 

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးအဖွဲ့ကိုချပြထားတယ်။ ကျန်းမာရေးအဖွဲ့ကလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ၊ လိုအပ်တဲ့ ပိုးသက်ဆေးဖြန်းတာတွေ အားလုံး ဆောင်ရွက်ပြီးပါပြီ။

ပုံမှန်လည်ပတ်လို့ရတယ်ဆိုလို့ ကျွန်တော်တို့အနေနဲ့ (၁၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ပုံမှန်အတိုင်းကျင်းပမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ယင်းသို့ (၁၉) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို ကျင်းပရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတစ်ဦးနှစ် တစ်ဦး Social distancing များပြုလုပ်၍ ခွဲထိုင်စေခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ လက်ဆေးစေ ခြင်းအစရှိ သည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးမင်းထွဋ်က ဆက်ပြောသည်။

ယခုလဖွင့်လဗစ်မည့် အောင်ဘာလေထီ (၁၉) ကြိမ်မြောက်တွင် ထီအက္ခရာ သုံးလုံးလျှော့ချခဲ့သည့်အတွက် ယခင်လထက် ရောင်းချသည့်ထီလက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်းကျော် လျော့နည်းခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီ ဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး (၁၉) ကြိမ်မြောက်တွင် ကျပ် ၁၈,၁၆၃ သန်းချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းစုဌာနက ကြေညာထားသည်။

Credit to ကျော်သူ