Knowledge

ကျီးပေါင်းရောဂါ ပျောက်ကင်းစေသော ဆေးနည်း

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီး

နောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့်.. ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။

သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။

သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ ..တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။

ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါ်လာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်..။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို

အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။ ဆောင်းပါးရှင် – ကြည်လွင်မြင့်(မုဒြာ)

မှတ်ချက် –

အကြွပ်ကြော်၊ အရွကြော်၊ အမွကြော်တို့ကို ရှောင်ရပါမည် ။

မယ်ဇလီဖူး ဂွေးတောက်ဖူ ကင်းပုံညွန့် တို့လို အညွန့်များကို မှန်မှန်စားပေးခြင်းဖြင့် သက်သာလာပါလိမ့်မည်။ခရက္ဒစ္