Knowledge
ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့
Crd
Zawgyi
ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့
အမဲလိုင်စင်ကို မြို့နေလူတွေက ငွေစုပြီး နှစ်တိုင်း လေလံနိုင်အောင်ဆွဲပြီး ဘယ်သူ့ကိုမှသတ်ခွင့်မပေးပဲသိမ်းထားတာ နှစ်ပေါင်းမနည်းတော့ဘူး။အခုနောက်ပိုင်းတော့ အမဲပေါ်လို့ သတင်းပေးရင် သတင်းပေးတဲ့သူကို ဆုငွေပါပေးတယ်တဲ့။
နှစ်ပတ်လည် အာရုံဆွမ်းလောင်းတဲ့မြို့ မြို့မှာရှိတဲ့ တောဈေးတန်း (ဟင်းသီးဟင်းရွက်တန်း) ဟင်းချက်စရာတွေရောင်းတဲ့ ဈေးတန်း ၃ခု ၄ခုလောက်မှာမှမြို့လယ်မှာရှိတဲ့ တောဈေးတန်းမှာ အလှူခံမဏ္ဍက နှစ်ပတ်လည်ရှိပါတယ်။
သူ့ရက်နဲ့သူ အလှူခံရတဲ့ငွေကို နောက်အပတ် အဲ့ဒီရက်မှာ အာရုံဆွမ်းချက်လောင်းပါတယ်။ အလှူခံမဏ္ဍက တနေရာထဲ။ ဆွမ်းချက်တဲ့နေရာကလည်း တခုထဲပါပဲ။ ဒါပေမဲ့ အဖွဲ့ ရဖွဲ့။မနက် ၄နာရီလောက်ဆို မြို့ပေါ်ကျောင်းပေါင်း ၄ဝကျော်က သံဃာတွေက မြို့ပတ်ပြီး ဆွမ်းတန်းကြီးတွေက ဟိုဖက်ကလာလိုက် ဒီဖက်ကလာလိုက်နဲ့ ထွက်လာကြတာ တကယ့်ကို ပီတိဖြစ်စရာပါ။
ဆွမ်းတန်း ၂တန်းမျက်နှာခြင်းဆိုင်လည်း သူ့လမ်းကြောင်းနဲ့သူ ဖြတ်နေကြတာပဲလေ။ အဲ့ဒါက မော်ကျွန်းမြို့လေးကို ကပ်ဆိုးတွေမကျရောက်စေတဲ့ အကြောင်းရင်းထင်တာပဲနော်..။
Crd
Crd