သစ်တံခါးဆရာတော် အရှင်မဏိဇောတ( ယော )၏ ” မြေ”ပိုင်ရှင် “အိမ်”ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း –
သစ်တံခါးဆရာတော်၏ “မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်”ဖြစ်အောင် ဆောင်ရွက်နည်း၊ မြန်မာဂမ္ဘီရ လောကီဝိဇ္ဇာ ဓရ ပညာဖြင့် “မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်”ဖြစ်အောင် ဆောင်ရွက်နည်း ။
သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန်ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ။မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင်ဖြစ်လိုပါက နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှလည်းကောင်း
တစ်နေရာတွင် သီးသန့်ထား၍သော်လည်းကောင်း တစ်ယောက်စာ တစ်ပန်းကန်စာကို ဟင်းအားလုံး စုပုံထည့်ကာ ခက်ရင်း၊ ဇွန်း တပ်ပြီး လက်နှင့်ကိုင်မြှောက်ကာ ”ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသော မြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ။
ရဟန္တာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်းအပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင်ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။
သုံးဆောင်တော်မူကြပါဟု ”ပင့်ဖိတ်၍ အလှုဒါနပြုပေးပါ၊သောက်တော်ရေ(သို့)ရေနွေးကြမ်းတစ်ခွက်စီချ၍ ကပ်လှူပေးပါ။ ကပ်လှူထားသော ပန်းကန်၂ခုထဲတွင် အချိူ ပွဲပါစုပုံပြီး ကပ်လှူပါ။
မိမိထမင်းစားပြီးပါက မြတ်ဗုဒ္ဓနှင့်ရဟန္တာများ၊ အရိယာဝိဇ္ဇာ၊ ဓမ္မဝိဇ္ဇာတို့အတွက် အလှူဒါနပြုထားသော ပန်းကန်များကိုကိုင်ပြီး မြေကြီးအလွတ်တစ်နေရာတွင်(မြေပြင်ပေါ်တွင် ဘာမှမခင်းရပါ။)
သစ္စာပြုကာ “တပည့်တော် တစ်ခါမှမလှူဒါန်းဖူးသော အလှူဒါနကို လှူဒါန်းပါ၏ ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ၊ မြေကြီးပေါ်မှာစား၊ မြေကြီးပေါ်မှာ ကျင်ကြီးကျင်ငယ်စွန့်ကာ နေထိုင်သည့်အတွက်
‘အသင်’မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။ ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ဤမြေကြီးကို စောင့်ရှောက်နေပါသော ‘ဝသုန္ဒရေ’မြေစောင့်နတ်မင်းနှင့်..
မြေကြီးပေါ်တွင်ရှိကြကုန်သော ပုရွတ်ဆိတ်၊ တီကောင်၊ ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါမှန်သမျှတို့သည် ဘုရားတပည့်တော်စားသလို စားနိုင်ပါစေ။ ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ၊
အေးချမ်းကြပါစေ၊ သာယာကြပါစေ၊ ကျန်းမာကြပါစေ၊ ချမ်းချမ်းသာသာ စားသောက် နိုင်ကြပါစေ”ဟု သစ္စာပြုဆုတောင်းကာအရင်ကပ်လှုထားသော ထမင်းဟင်း ၂ပွဲ၊ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ
အလှူဒါနပြုပါ ဆွေတော်မျိူးတော်အပေါင်းနှင့် မြင်အပ်သောပုဂ္ဂိုလ် မမြင်အပ်သောပုဂ္ဂိုလ် ‘ဝသုန္ဒရေ’နတ်မင်းနှင့် (၃၁)ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။
သုံးဆောင်တော်မူကြပါ။ ဤကဲ့သို့ ကုသိုလ်ကောင်းမှု့ထူး ကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့်
“ဘုရားတပည့်တော်(နာမည်)သည် “မြေပိုင်ရှင် အိမ်ပိုင်ရှင်”သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ။
အမြန်ဖြစ်၍ ဘာသာအကျိူးး သာသနာအကျိူးး သာသနာပြုနိုင်ပါစေသား”ဟု ဆုတောင်းသစ္စာပြုပါ။
ကျန်တစ်ဝက်ကို မိမိစားပါ။ရောဂါပျောက်ပါစေ၊ ကျန်းမာပါစေ၊ လာဘ်လာဘပွင့်ပါစေ၊ ဝင်ငွေတိုးပါစေဟုရွတ်၍ လက်တွေ့ဆောင်ရွက်ကြည့်ပါ။ လက်တွေ့အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန်လုပ်ကြည့်ကြပါ
အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။ခရက္ဒစ္