လူပျိုကြီးများ မိန်းမနဲ့ ခွဲနေရသူများ ဒီဆေး နှစ်ခုကို တွဲစားမိရင်တော့…
ဇီဖြူသီး တစ်ပြည်သား ကို လက်နဲ့ဖိချေလို့ရတဲ့အထိ ကျက်အောင်ပြုတ်လိုက်ပါ။
ပြုတ်ပြီးသား ဇီးဖြူသီးများကို အစေ့အားလုံးကိုထုတ်ပြီး ဒန်အိုးတစ်လုံးထဲထည့်ပါ။ ပြီးရင် သကြား ၅၀ သား ဆား လဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး ညက်အိသွားတဲ့အထိ များများနယ်ချေလိုက်ပါ။
ပြီးရင် ရေ အနည်းငယ်လောက်ထည့်ပြီး ထည့်တဲ့ရေခန်းသွားတဲ့ အထိ ပြုတ်လိုက်ပါ။ ရပါပြီ..။
ထိုဇီးဖြူသီး သကြား ပြုတ်ကို နေ့စဉ် ထမင်းစားပြီးတိုင်း ဟင်းစားဇွန်း နဲ့ ဇွန်းဝက်ခန့် စားပါ..။
ထိုသို့စားသုံးခြင်းဖြင့် လိုအပ်တဲ့ ခွန်အားများ သိသိသာသာ ပြည့်ဝပြီး ကျန်းမာ သန်စွမ်းရုံမျှမက အသားအရေများလည်း ဝင်းဝါ စိုပြည်လာပါလိမ့်မယ်..။
အသက်ရှည်ဆေးလို့တောင် ရှေးရ ခေါ်ဆိုခဲ့တဲ့ ဆေးနည်းတစ်လက်ဖြစ်ပါသည်။
ဒီထက်ပို၍ အစွမ်ထက်လိုသူများအတွက် အထူးသဖြင့် ယောက်ျားများအတွက် အလွန်အားကောင်းစေလိုလျှင်
ဒါကတော့လွယ်ပါတယ်..
ကြက်သွန်ဖြူအတက်များကို ပါးပါးလှီးပါ ပြီးရင် လှီးပြီးသား ကြက်သွန်ဖြူများကို ဖန်ပုလင်းတစ်လုံးထဲထည့်ပါ.. ပျားရည်ကို ကြက်သွန်ဖြူ မြုတ်တဲ့အထိထည့်ပါ..။
ထိုပုလင်းကို တစ်ပတ်ခန့် နေပူထဲမှာ မဖုံးပိတ်ပြီး လှန်းထားလိုက်ပါ။
တစ်ပတ်ပြည့်သွားပြီဆိုတာနဲ့ ဒီကြက်သွန်ဖြူ ပျားရည်စိမ်ကို နေ့စဉ် ဟင်းစားဇွန်း တစ်ဝက်ခန့်စားပေးပါက ကင်ဆာ ရောဂါအတွက် ကာကွယ်ပြီးသား ဖြစ်သလို…
နေ့စဉ်လန်းဆန်း တက်ကြွစေပါတယ်..။
ယောက်ျားများအတွက် အထူးအထူး မှတ်ချက်လေးကတော့.. အပေါ်က ဖေါ်ပြခဲ့တဲ့ ဇီးဖြူသီး သကြားပြုတ်နဲ့ ကြက်သွန်ဖြူ ပျားရည်စိမ်ကို နေ့စဉ် တွဲပြီး မှီဝဲကြည့်လိုက်ပါ။
နှစ်ရက် အတွင်း သင်ကိုယ်တိုင်တောင် ငါဟာ ငါမှဟုတ်ရဲ့လားလို့ အတွေးတောင် ဝင်သွားနိုင်ပါတယ်..။
သတိ။ ။ လူပျိုကြီးများ မိန်းမနဲ့ ခွဲနေရသူများ ဒီဆေး နှစ်ခုကို တွဲစားမိရင်တော့ ဒုက္ခလှလှလေး ခံစားနေရမှာ သေချာတယ်နော်…။
လေးစားစွာဖြင့်
Share From:ApannPyay
Share From:ApannPyay