Health Care

ဆံကေသာ ကို ၁၀ ရက်အတွင်း ပြန်လည်သန်စွမ်းစေမယ့် နည်းလမ်း လေးတွေ

ဆံကေသာ ဆိုတာ ကျွန်မတို့ မိန်းကလေး ရဲ့ ဒုတိမျက်နှာပါပဲ။အလှအပဆိုရာမှာ ဆံကေသာ ၏ကောင်းခြင်းကို မေ့ထားလို့ရမယ်မထင်ပါဘူး။

ကျွန်မတို့ရဲ့ ဆံသား တွေဟာ ကိုယ်နေ့စဉ်ထိတွေ့နေရတဲ့ ဓာတုပစ္စည်းတွေကြောင့် ကြမ်းတမ်းပျက်စီးနေတာ လူတိုင်းအသိပါပဲ။

ဆံကေသာကို ၁၀ ရက်အတွင်း ပြန်လည်သန်စွမ်းစေမယ့် နည်းလမ်းကောင်း လေးတွေကို မျှဝေပေးပါ မယ်။

၁။ စားသုံးပေးသင့်တဲ့ အစားအစာ တွေ

၁၀ ရက်အတွင်း သံဓာတ် ၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်စတဲ့ အဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ။ အစား အဟာရဟာ ဆံကေသာ ကောင်းခြင်းအတွက်အရေးပါပပါတယ်။

၂။ ဦးရေပြား ကို နှိပ်ပေးမယ်။

ဦးရေပြား ကို ခေါင်းမလျှော်ခင် ခပ်ဖွဖွလေးနှိပ်ပေးတာဟာ ဆံကေသာ ကို ကျန်းမာသန်စွမ်းစေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အတိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အုန်းဆီ (သို့) သံလွင်ဆီ လိမ်းပြီး နှိပ်ပေးရင်လည်း ကောင်းမွန်ပါတယ်။

၃။ အဖျားလေးတွေကို တိပေးမယ်။

ဆံကေသာ အဖျားလေးတွေကို တိပေးပါ။ ဆံကေသာ အဖျားလေးတွေ ခြောက်သွေ့ကြမ်းတမ်းနေရင် ညှပ်ပစ်ဖို့ နှမျော်မနေပါနဲ့။

၄။ စိတ်ဖိစီးမှု လျှော့ချမယ်။

စိတ်ဖိစီးမှု လျှော့ချစေဖို့ အသက်ရှု လေ့ကျင့်ခန်း တွေ၊ ကမ္မဌာန်းထိုင်တာတွေမျိုး လုပ်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှု ကို လျှော့ချပေးတာဟာ ဆံကေသာ ကို ကျန်းမာသန်စွမ်းစေပါတယ်။

၅။ သဘာ၀ နည်းလမ်း နဲ့ပေါင်းတင်မယ်။

ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ ဒိန်ချဉ်၊ ကြက်ဥ ၊ ပျားရည် စတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးသင့်ပါတယ်။

ရှောင်ရမယ့်အချက်တွေ

ကျန်းမာရေး နဲ့ မညီညွှတ်တဲ့ အစားအစာ တွေရှောင်မယ်။ ဆံပင် ကောက်တာ ဖြောင့်တာ ပုံသွင်းတာ ဆံပင်အခြောက်ခံစက်မှုတ်တာ၊ နေရောင်ချည်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့တာရှောင်မယ်။ ဓာတုပစ္စည်း တွေအသုံးမပြုဘဲ သဘာဝခေါင်းလျှော်ရည်သုံးမယ်။

Credit

Unicode