Health Care

(၄) ကြိမ်လောက် သုံးရုံဖြင့် ဆံပင်တွေ မဲနက်… ဆံံပင်အကျွတ်ရပ်ပြီး မျက်ခုံးမွှေးလေးတွေပါ ပေါက်လာစေတဲ့ နည်းလမ်းကောင်းလေး

Unicode

(၄) ကြိမ်လောက် သုံးရုံဖြင့် ဆံပင်တွေ မဲနက်… ဆံံပင်အကျွတ်ရပ်ပြီး မျက်ခုံးမွှေးလေးတွေပါ ပေါက်လာစေတဲ့ နည်းလမ်းကောင်းလေး…

၄ခါ အသုံးပြုရုံနဲ့ ဆံပင်ကျွတ်ရပ်၊ ဆံပင်မဲနက် သန်စွမ်းစေပြီး မျက်ခုံးမွှေးလေးတွေပါ ပေါက်လာစေသောနည်း ။ (2) ပါတ်အတွင်း ၉၅% ဆံပင်ကျွတ်သက်သာ၊ ဆံပင်မဲနက် သန် စွမ်းစေပြီး

မျက်ခုံးမွှေးလေးတွေပါ ပေါက်လာစေတဲ့ သဘာဝနည်းလေး ဒီနည်းလေးက ယုမွန်ကိုယ်တိုင်စမ်းသပ်ထားပြီး တကယ်ထူးခြားလို့ တင်ပေးဖြစ်တာပါ။

(၄)ခေါက်လောက် အသုံးပြုရုံနဲ့ ဆံပင် ၉၅%အကျွတ်သက်သာ မဲနက်သန်စွမ်းစေပါတယ်။ ယုမွန်အရင်က ဆံပင်တွေ ကျွတ်တာ ထိပ်ပါပြောင်တဲ့ အထိပါ။ ဆေးနည်းပေါင်းစုံ ကုခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ထိပ်ပါပြောင်ပြီး ဆံပင်တအားကျွတ်လို့ အစခံရတဲ့အထိပါ။

ခု ဒီနည်းလေးကို စမ်းသပ်တာ ၄ခါမြောက်မှာတင် ခေါ င်းလျှော်ရင် ဆံပင် ၁၀၀ ကျော်ကျွတ်တဲ့သူက ၅ပင်လောက်ပဲ ကျွတ်တော့ပါတယ်။ အစက တော်တော်ကို အံ့ဩခဲ့တာပါ။ အဲ့လိုရလဒ်

ရလာလိမ့်မယ်လို့တောင် ထင်မထားပါဘူး။ပြီးတော့ မျက်ခုံးကိုပါ လိမ်းတာ၊ မျက်ခုံးမွှေးတွေပါ ပေါက်လာပြီး ထူထဲလာပါတယ်။ ရေရှည်စွဲလုပ်ရင် ဆံပင်ပေါက်လာနိုင်ပါတယ်။ ယုမွန်ကတော့ ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါပြီ။ နည်းလေးကတော့ လွယ်ကူပါတယ် ပစ္စည်း ၂မျိုးသာ လိုအပ်ပါတယ်။

၁။ ထောလပတ်ရွက် ၂။ သံလွင်ဆီရယ်ပါ။

သဘာဝနည်း ပြုလုပ်ပုံ

ထောလပတ်ရွက် အရွက် ၂၀ (သို့)အရွက် ၃၀ ခန့်ကို ရေဆေးပြီး အနံ့မပါတဲ့ Tissueနဲ့ ရေစင်.ကြယ်အောင် သုတ်ပေးပါ။ ပြီးရင် ဇကာ (သို့) ဗန်းအလွတ်တစ်ခုထဲကို

တစ်ခုနဲ့တစ်ခု အရွက်တွေ ထပ်မနေအောင် တစ်ရွက်ချင်းဆီ ဖြန့်ချထားပေးပါ။လေဝင်လေထွက် ကောင်းမွန်ပြီး နေရောင်ခြည်နဲ့ မထိတွေ့တဲ့နေရာမှာ အရွက်တွေခြောက်အောင် လှမ်းပေးပါ။

(မှတ်ချက်… နေပူထဲ လုံးဝမလှန်းရပါ။နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင် အရွက်ရဲ့ အာနိသင်ပျက်ပြယ်တတ်ပါသည်။ လေဝင်လေထွက် မကောင်းတဲ့ နေရာလှန်းလျှင်လည်း အရွက်မှိုတတ်တက်ပါသည်။)

ဒါ့ကြောင့် လေဝင်လေထွက်ကောင်းပြီး နေမပူသောနေရာတွင် လှန်းရပါမည်။ အရွက်တွေကို ၇ရက်(သို့)၁၀ရက် ချေလို့ရပြီး ကြွတ်ဆတ်နေသည်အထိ လှမ်းရပါမည်။ (မှိုတတ်နေလျှင် လုံးဝ မသုံးပါနှင့် အထူးသတိထားပါ)

ခြောက်သွားပြီး ချေလို့ရသည့်အနေရောက်ရင်ဖန်ပုလင်း အလွတ်တစ်ခုထဲသို့ အရွက်တွေကို မွသွားအောင် ချေပြီးထည့်ပါ။ (ပလက်စတစ်ဗူး အသုံးမပြုရပါ။) ပြီးရင်

ယုမွန် ပုံမှာ ပြထားတဲ့ သံလွင်ဆီကို အရွက်တွေ မြုပ်ရုံသာမက အရွက်အပေါ် လက်သုံးလုံးလောက်ထိ မြုပ်အောင်ထည့်ပေးပါ။ ပြီးရင် အဖုံးကိုပိတ်ပြီး ရောနှောသွားစေရန် ၂မိနစ်ခန့်လှုပ်ရမ်းပေးပါ။

အာနိသင် ထိရောက်စေရန် ၁ပါတ်ခန့် စိမ်ထားပြီးမှ အသုံးပြုပေးပါ။(အသုံးပြုပြီးတိုင်း ပုလင်းအဖုံးကို သေချာလေလုံအောင် ပိတ်ပါ) တစ်ခါ ပြုလုပ်ထားလျှင် ၇လ အသုံးပြုနိုင်ပါသည်။ သံလွင်ဆီကုန်လျှင် ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ

ခေါင်းမလျှော်ခင် ယုမွန်တို့ လုပ်ထားတဲ့ အရည်လေးကို ဦးရေ အနှံ့သေချာလိမ်းပြီး ၁နာရီလောက်ထားပြီးမှ ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ပြီး ဆံပင်ပေါင်းဆေး သုံးမယ်ဆိုရင်လည်း

ပေါင်းဆေးကို ဦးရေမထိရပါ။ဆံပင်အဖျားနားကိုဘဲ ပေါင်းပေးရပါမယ်။ ပေါင်းဆေးက ဦးရေထိရင် ဆံပင်ကျွတ်ပါတယ်။

(အရည်ဘဲလိမ်းရပါမယ်။ ထောလပတ်ရွက်ဖက်တွေ လိမ်းစရာမလိုပါ။ အာနိသင်က အရည်ထဲကို ဝင်ရောက်ပြီး ဖြစ်ပါသည်) ၁ပါတ် ၂ကြိမ် အသုံးပြုပေးပါ။

၄ကြိမ်မြောက်မှာ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။ ဆံပင်အတွက်သာမက မျက်ခုံးကိုလည်း ညအိပ်ယာဝင်တိုင်းလိမ်းပေးပါ။ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ်။

ကျား၊ မ မရွေးအသုံးပြုလို့ ရပါတယ်ရှင်။ ဒါကတော့ ယုမွန်လုပ်ထားတဲ့ သဘာဝဆေးလေးပါ။အရည်လေးကိုဘဲ လိမ်းပေးပါ။ ကုန်သွားရင် သံလွင်ဆီ ထပ်ဖြည့်ပါ။ အဖတ်တွေ မလိမ်းရပါဘူးနော်။ ၇လထိ သုံးလို့ရပါတယ်။

Credit to Yu Mon (လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်)။