နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်
၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်
၂။ တရားအားထုတ်တော့ ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်ရယ်
၃။ တရားရသွားလို့ အရိယာဖြစ်သွားတဲ့ အချိန်ရယ်ပါတဲ့ဗျာ..။
အဲသလို နတ်ကောင်းနတ်မြတ်တွေက လူ့ပြည်ကို ကြည့်နေတာပါတဲ့နော်။
ဒါပေမယ့် တရား အားမထုတ်မှီမှာ လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်။
(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့ ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း
(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ် ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့ အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း
(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း
(၄) သံသရာတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ အဓိဌာန်ပြုခြင်း
(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ် ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့ မရောက်မှီ ဤတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု စိတ်အားထက်သန်မှုကို ပြုခြင်း
ဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့ သက်ဝင်မယ့်သူရဲ့ ရှိရမယ့် အကျင့်၊ မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့ ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ တရားအားထုတ်သူမှာ အမှန်တကယ် ရှိရမယ့် အရည်အချင်း (၁၅) ပါးပါတဲ့ဗျာ
(၁) သက္ကော – ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်။
(၂) ဥဇု – ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး မလိမ်မညာဘဲ ဟန်မဆောင်ဘဲ အမှန်အတိုင်း အားထုတ်နိုင်သူ ဖြစ်ရပါမယ်။
(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ ဖြစ်ရပါမယ်။
(၄) သုဝစော – ပြောဆိုဆုံးမရင် နာခံလွယ်သူ၊ နားထောင်တတ်သူ ဖြစ်ရပါမယ်
(၅) မုဒု – ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်။
(၆) အနတိမာနီ – မာနမကြီး မောက်မာ ထောင်လွှား မရှိဘဲ နှိမ့်ချသူ ဖြစ်ရပါမယ်။
(၇) သန္တုဿကော – ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်။
(၈) မွေးမြူရ လွယ်ကူသူ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ၊ ဇီဇာမကြောင်သူ ဖြစ်ရပါမယ်။
(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့ အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်
(၁၀) သလ္လဟုကဝုတ္တိ – အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့ ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်။
(၁၁) သန္တိန္ဒြိယော – ကောင်းဆိုးအာရုံတို့အပေါ် အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမှုအရာရှိသူ ဖြစ်ရပါမယ်။
(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင် လုပ်ကိုင်နိုင်တဲ့ အသိဉာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်။
(၁၃) အပ္ပဂဗ္ဘော – ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိဘဲ ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်။
(၁၄) ကုလေသု အနနုဂိဒ္ဓေါ – မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ် အလွန်အမင်း မခင်တွယ်သူ၊ သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်
(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ – ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ ဖြစ်ရပါမယ်တဲ့ဗျာ
နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး မဂ်ဖိုလ် ဆိုက်ကြပါစေဗျာ..။
#Credit မူရင်းစာစီသူအားလေးစားပါသည်။
Zawgyi
နတ္ေကာင္းနတ္ျမတ္ေတြက သာဓုေခၚတဲ့ အခ်ိန္ ၃ ခ်ိန္
၁။ လူေတြ တရားအားထုတ္ဖို႔ စိတ္ကူးၾကတဲ့၊ ျပင္ဆင္ၾကတဲ့ အခ်ိန္ရယ္
၂။ တရားအားထုတ္ေတာ့ ကိေလသာနဲ႔ တိုက္ေနၾကတဲ့ အခ်ိန္ရယ္
၃။ တရားရသြားလို႔ အရိယာျဖစ္သြားတဲ့ အခ်ိန္ရယ္ပါတဲ့ဗ်ာ..။
အဲသလို နတ္ေကာင္းနတ္ျမတ္ေတြက လူ႔ျပည္ကို ၾကည့္ေနတာပါတဲ့ေနာ္။
ဒါေပမယ့္ တရား အားမထုတ္မွီမွာ လုပ္ရမယ့္ ပုဗၺကိစၥ ၅ ပါး လုပ္ၾကရပါမယ္။
(၁) ျမတ္စြာဘုရားရွင္အား တရားအားထုတ္သူရဲ႕ ခႏၶာ ၅ ပါးကို အပ္ႏွင္း လႉဒါန္းျခင္း
(၂) ခင္ပြန္းႀကီး ၁၀ ပါးတို႔အေပၚ ျပစ္မွားမိခဲ့သည္မ်ားကို ခင္ပြန္းႀကီးတို႔ရဲ႕ အထြဋ္အထိပ္ျဖစ္ေတာ္မူတဲ့ ျမတ္စြာဘုရားရွင္ထံ ဝန္ခ်ေတာင္းပန္ ရွိခိုးကန္ေတာ့ျခင္း
(၃) အမွ်ေဝျခင္း၊ ေမတၱာပို႔သျခင္း
(၄) သံသရာတစ္ေလွ်ာက္လုံး ျပဳခဲ့သမွ် ကုသိုလ္အေပါင္းတို႔ကို မဂ္ဖိုလ္ရျခင္းအလို႔ငွာသာ အဓိဌာန္ျပဳျခင္း
(၅) ငါသည္ ဤေဖာက္ျပန္ ပ်က္စီး စက္ဆုပ္ ႐ြံ႕ရွာဖြယ္ ခႏၶာႀကီး ပ်က္သုန္းၿပီး ေသျခင္းသို႔ မေရာက္မွီ ဤတရားကို ႐ို႐ိုေသေသ ေလးေလးစားစား ျမတ္ျမတ္ႏိုးႏိုးျဖင့္ ေလးနက္ ယုံၾကည္စြာ အားထုတ္ပါမည္ဟု စိတ္အားထက္သန္မႈကို ျပဳျခင္း
ဒီေနရာမွာ တရားအားထုတ္မယ့္ နိဗၺာန္သို႔ သက္ဝင္မယ့္သူရဲ႕ ရွိရမယ့္ အက်င့္၊ ေမတၱာသုတ္လာ ကမၼဌာ-ႏုပစာရဆိုတဲ့ ကမၼဌာန္းေရွ႕ေျပးအက်င့္ (၁၅) ပါးဟာ တရားအားထုတ္သူမွာ အမွန္တကယ္ ရွိရမယ့္ အရည္အခ်င္း (၁၅) ပါးပါတဲ့ဗ်ာ
(၁) သေကၠာ – ဒီတရားကို အဟုတ္အားထုတ္ႏိုင္သူ ျဖစ္ရပါမယ္။
(၂) ဥဇု – ကိုယ္ေရာ စိတ္ပါ တရားနဲ႔ပတ္သက္ၿပီး မလိမ္မညာဘဲ ဟန္မေဆာင္ဘဲ အမွန္အတိုင္း အားထုတ္ႏိုင္သူ ျဖစ္ရပါမယ္။
(၃) စိတ္ထဲမွာကိုက ႐ိုးသားေျဖာင့္မတ္သူ ျဖစ္ရပါမယ္။
(၄) သုဝေစာ – ေျပာဆိုဆုံးမရင္ နာခံလြယ္သူ၊ နားေထာင္တတ္သူ ျဖစ္ရပါမယ္။
(၅) မုဒု – ကိုယ္ႏႈတ္ႏွလုံး ၃ ပါးလုံး ႏူးညံ့ ေပ်ာ့ေပ်ာင္း သိမ္ေမြ႕ ယဥ္ေက်းသူ ျဖစ္ရပါမယ္။
(၆) အနတိမာနီ – မာနမႀကီး ေမာက္မာ ေထာင္လႊား မရွိဘဲ ႏွိမ့္ခ်သူ ျဖစ္ရပါမယ္။
(၇) သႏၲဳႆေကာ – ရသမွ်၊ ရွိသမွ်နဲ႔ ေရာင့္ရဲ တင္းတိမ္လြယ္သူ ျဖစ္ရပါမယ္။
(၈) ေမြးျမဴရ လြယ္ကူသူ၊ စားဝတ္ေနမႈ ျပဳစုေစာင့္ေရွာက္ရလြယ္သူ၊ ဇီဇာမေၾကာင္သူ ျဖစ္ရပါမယ္။
(၉) ေၾကာင့္ၾက ဗ်ာပါရ တက္တဲ့ အလုပ္ပိုမရွိတဲ့ အမႈကိစၥနည္းသူ ျဖစ္ရပါမယ္။
(၁၀) သလႅဟုကဝုတၱိ – အသုံးအေဆာင္ အဝတ္အထည္ အပိုမရွိတဲ့ ေပါ့ပါးလြယ္ကူ ေမြးျမဴ ေနထိုင္သူ ျဖစ္ရပါမယ္။
(၁၁) သႏၲိျႏၵိေယာ – ေကာင္းဆိုးအာ႐ုံတို႔အေပၚ ေအးေဆးတည္ၿငိမ္တဲ့ ကိုယ္ႏႈတ္အမႈအရာရွိသူ ျဖစ္ရပါမယ္။
(၁၂) အရာရာ ခ်င့္ခ်ိန္ ေျမႇာ္ျမင္ ဆင္ျခင္ လုပ္ကိုင္ႏိုင္တဲ့ အသိဉာဏ္ ရင့္က်က္သူ ျဖစ္ရပါမယ္။
(၁၃) အပၸဂေဗာၻ – ကိုယ္ႏႈတ္စိတ္ ႐ိုင္းပ်ျခင္းမရွိဘဲ ယဥ္ေက်းလိမ္မာသူ ျဖစ္ရပါမယ္။
(၁၄) ကုေလသု အနႏုဂိေဒၶါ – မိသားစု ေဆြမ်ိဳး မိတ္ေဆြတို႔အေပၚ အလြန္အမင္း မခင္တြယ္သူ၊ သံေယာဇဥ္ မႀကီးသူ ျဖစ္ရပါမယ္
(၁၅) န စ ခုဒၵ မာစေရ ကိၪၥိ၊ ေယန ဝိညဴ ပေရ ဥပဝေဒယ်ဳံ – ပညာရွိ သူေတာ္ေကာင္းတို႔ ကဲ့ရဲ႕ ရႈတ္ခ်စရာဆိုက မည္သို႔ပင္ ေသးငယ္ေသာ မေကာင္းမႈကိုမွ မက်ဴးလြန္ မျပဳလုပ္ေသာသူ ျဖစ္ရပါမယ္တဲ့ဗ်ာ
နတ္တို႔ရဲ႕ ၾကည့္ရႈေစာင္မျခင္းကို ခံရၿပီး ေဘးရန္ကင္းစြာ တရားအားထုတ္ႏိုင္ၾကၿပီး မဂ္ဖိုလ္ ဆိုက္ၾကပါေစဗ်ာ..။
#Credit မူရင္းစာစီသူအားေလးစားပါသည္