Business ပဲ ပြောပြော၊ အရောင်းအဝယ် Trading ပဲ ပြောပြော အလုပ်တစ်ခုမှာ အဓိက အရေးအကြီးဆုံး အသက်က … ကိုယ်ဘာလုပ်တာလဲ ဆိုတာ ကိုယ် ခိုင်ခိုင်မာမာ သိဖို့ပဲရယ်၊
ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက် ကို ကိုယ်တိုင် ခိုင်ခိုင်မာမာ မသိရင် စိတ်ခံစားမှု Emotions ကို ထိန်းဖို့ ဘယ်လိုမှ မလွယ်ဘူး
Major Emotions တွေဖြစ်တဲ့ Greed လောဘ၊ Fear ကြောက်စိတ်က လူတွေကို ရောင်းမှား၊ ဝယ်မှား ဖြစ်စေတယ်။ အဲဒီ ရောင်းမှား၊ ဝယ်မှားက အရှုံးကို ဖြစ်စေတယ်။
အဲဒီအတွက် အရှုံး အားလုံးရဲ့ ပင်မ အရင်းအမြစ်က စိတ်ခံစားမှု၊ စိတ်ခံစားမှု ရဲ့အရင်းအမြစ်က ကိုယ် ဘာလုပ်ချင်မှန်း၊ ကိုယ်ဘာလုပ်တာမှန်း ခိုင်ခိုင်မာမာ မသိတာ။ အဲဒီတော့ ကိုယ်ဘာလုပ်ချင်မှန်း ခိုင်ခိုင်မာမာ မသိသမျှ ရှုံးနေမှာပဲရယ်။
ဥပမာ ပြောရရင် ပြည်တွင်း ရွှေ ဝယ်တယ်၊ ဒေါ်လာ ဝယ်တယ်ထား။ နှစ်မျိုးကွဲပြားတယ် ။
(၁) Safe-Haven Asset ကပ်ကျော်ပစ္စည်း အဖြစ် ဝယ်တာလား၊
Safe-Haven ရဲ့ အဓိက ရည်ရွယ်ချက်က Inflation ငွေကြေးဖောင်းပွမှုကို Hedge လုပ်ဖို့ ရွှေ (သို့) ငွေမာ $USD ကို ပြောင်းထားလိုက်တာ။
နေ့စဉ် အတက်အကျ အရှုံးအမြတ်ကို ခံစားနေစရာ မလိုဘူးရယ်။ လက်ငင်း အမြတ်လိုချင်လို့လည်း လုံးဝ မရဘူး။ သူ့ ရည်ရွယ်ချက် ကကို ဖြစ်လာနိုင်သမျှသော Risk အန္တရာယ် မှန်သမျှ ကို Hedge လုပ်ပစ်တာ။
သေချာတာ ခေတ်ကာလ တစ်ခုပြီးရင် ကိုယ့် ငွေလုံးငွေရင်း မပျောက်ဖို့သာ အဓိကပဲ။
(၂) ရေတို အရောင်းအဝယ် လုပ်ချင်တာလား
ဒါဆိုရင်တော့
(၁) ကမ္ဘာ့ရွှေ၊ ဒေါ်လာ ဈေးနှုန်း အတက်အကျ၊
(၂) ပြည်တွင်း ဈေးကွက်ရဲ့ ဝယ်လိုအား/ရောင်းလိုအား၊
(၃) ပြန်တွင်းဈေးကွက် အပေါ်လွှမ်းမိုးလာမယ့် နိုင်ငံရေး၊ စီးပွားရေး Fundamental များ၊ စတာတွေကို သိကို သိရမယ်။ နေ့စဉ် လေ့လာနေရမယ်။
ဈေးကွက် အကျ၊ ဈေးကွက် အတန့်၊ ဈေးကွက် အတက် အလှုပ် အဲဒီ သုံးချက် ကို မဖြစ်မနေ သိကို သိရမယ်။ တတ်နိုင်သမျှ Buy Low, Sell High ဝိသေသ အရ အဝယ်မှန် ဖို့ကို ကြိုးစားရမယ်။ အဝယ်မှန်ထားရင် လူတစ်ယောက်ဟာ အများကြီး အသာစီး ရတယ်။
လောလောဆယ် မြင်မိသလောက်မှာ အချို့သူတွေဟာ အဝယ်မှား၊ အဝင်အထွက် မှားတယ်။ ဘာကြောင့်လဲ ဆိုတော့ Safe-Haven နဲ့ Trading ကိုယ် ဘာလုပ်နေတာလဲ ဆိုတာကို မကွဲဘူးဖြစ်နေတာက ပင်မ ပြဿနာ။
အဲဒီတော့ ကျန်တာတွေခဏထား …
တစ်ခုခု လုပ်တော့မယ်ဆို ကိုယ် ဘာဖြစ်ချင်တာလဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ ရောထွေးနေသမျှ ရှုံးဖို့များတယ်။ အရှုံးနဲ့ ကာလရှည် hold ရတဲ့ အရင်းအမြစ်က အဲဒီလို အလုပ်ကို ရောထွေးလုပ်နေလို့ ဖြစ်ရတာ။ စာရေးသူ – မျိုးအိမ်ဇန်