Local News

ျမင္ရသူတုိင္း ရင္နင့္ဖြယ္ေကာင္းတဲ့ ျမင္ကြင္းေလး သူတုိ႔ေနရာမွာ ကုိယ့္သားသမီးသာဆုိရင္…

စိတ္ထဲမွာျမင္ရတဲ့အခါတိုင္း ရင္နင့္ဖြယ္ေကာင္းတဲ့ ျမင္ကြင္းေလး

အခုလိုမ်ိဳး သီလရင္ ကေလးေလးေတြ၊ ကိုရင္ ကေလးေလးေတြကို ျမင္တိုင္း ရင္ထဲမွာ အတိုင္းအဆမရွိ ဆို႔နင့္မိပါတယ္။

အ႐ြယ္ေလးေတြနဲ႕ မလိုက္ေအာင္ မနက္အေစာႀကီးမွာ ဆြမ္းခံထြက္ၾကရတယ္။တစ္ခ်ိဳ႕ဆိုရင္ အေဝးႀကီးကေန ကားေတြအဆင့္ဆင္းစီးၿပီးလာခဲ့ၾကရပါသတဲ့။

စာသင္ေက်ာင္းေတြေရွ႕ေရာက္ရင္အ႐ြယ္တူ ကေလးေလးေတြ ေက်ာင္းဝတ္စုံေလးေတြနဲ႕ ေက်ာင္းဝင္းထဲ ေျပးလႊားေဆာ့ကစားေနၾကတာကိုအျပင္ဘက္ကေန ေငးေမာၿပီး ၾကည့္ေနတတ္တာလည္း ျမင္ဖူးပါရဲ႕။

သူတို႔ေလးေတြရဲ႕ ဘဝေနာက္ေၾကာင္းဟာ မသာယာလွဘူးဆိုတာ ေမးဖို႔မလိုေအာင္ ထင္ရွားပါတယ္၊ ေတာ္ပါေသးရဲ႕ သာသနာ့ေဘာင္ရဲ႕ ေစာင့္ေရွာက္မႈ အရိပ္ေအာက္မွာခိုလႈံခြင့္ရေသးလို႔ဆိုၿပီး စိတ္ေျဖရပါတယ္၊

ေစာင့္ေရွာက္လက္ခံထားတဲ့ ေက်ာင္းေတြကိုလည္းေေက်းဇူးတင္မိပါတယ္ ။သာသနာ့ေဘာင္မွာဆိုေတာ့လည္း စည္းကမ္း ဝိနည္းေတာ္ေတြနဲ႕အညီ ထိန္းသိမ္း ေနထိုင္ရေတာ့ကေလးေတြ ပင္ပမ္းၾကမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။

(လူႀကီးေတြေတာင္ လိုက္နာက်င့္ႀကံဖို႔ခဲယဥ္းတယ္ မဟုတ္လား)ကိုယ့္သားသမီးေလးေတြသာ ဆိုတဲ့ အေတြးသက္သက္နဲ႕စာနာၾကည့္မိတိုင္းကေလးဘဝေလးေတြကို ဆုံးရႈံးသြားတဲ့ သူတို႔ရဲ႕အျဖစ္ကို သနားမိပါတယ္။

ကိုယ့္သားသမီးေလးသာဆိုရင္ အိပ္ပါေစေလဆိုၿပီး မနက္အေစာႀကီး ႏွိုးရက္မွာ မဟုတ္ပါ ေနပူႀကဲႀကဲႀကီးထဲမွာ လမ္းအေဝးႀကီးသြားရတဲ့အခါ ခ်ီးပိုးသြားမိမွာပါလမ္းေဘးဆိုင္ေလးေတြမွာ ျဖစ္သလို ဝင္စားေနတာမ်ိဳး အျဖစ္မခံနိုင္ပါဘူး၊

ခရက္ဒစ္

Unicode Version

စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်းလေး

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။

အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီးလာခဲ့ကြရပါသတဲ့။

စာသင်ကျောင်းတွေရှေ့ရောက်ရင်အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကိုအပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။

သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်၊ တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊

စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်းေကျေးဇူးတင်မိပါတယ် ။သာသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။

(လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့စာနာကြည့်မိတိုင်းကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။

ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီး မနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ နေပူကြဲကြဲကြီးထဲမှာ လမ်းအဝေးကြီးသွားရတဲ့အခါ ချီးပိုးသွားမိမှာပါလမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး၊

ခရက်ဒစ်