ယေန႔ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ အေၾကာင္းအရာတခုကေတာ့ ဝိုင္ဘီအက္စ္ေပၚက ခါးပိုက္ႏႈိက္မ်ား ေသာင္းက်န္းေနတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။
ဆရာေလးကိုေတာင္ မေရွာင္ၾကတဲ့ ခါးပိုက္ႏႈိက္ေတြကို ျပည္သူေတြက ေဝဖန္လ်က္ ရွိၾကပါတယ္။
ဝိုင္ဘီအက္စ္ စီးနင္းေနၾကတဲ့ ျပည္သူေတြကလည္း ဘယ္ေန႔ အႏႈိက္ခံရမလဲဆိုတာ စိုးတထိတ္ထိတ္ ျဖစ္ေနၾကပါတယ္။
တာဝန္ရွိသူေတြအေနနဲ႔လည္း အဆိုပါ ခါးပိုက္ႏႈိက္ေတြကို ႏွိမ္နင္းႏိုင္မယ့္ အေျခအေန မရွိတာေၾကာင့္ ျပည္သူေတြက ေဝဖန္လ်က္ရွိပါတယ္။
ဆရာေလးအေၾကာင္း ကိုယ္ေတြ႕ႀကဳံခဲ့ရသူ ေရးသားတဲ့ ပို႔စ္ကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္-
ဘာေတြလုပ္ၾကတာလည္း၊ ျမန္မာျပည္ ဗုဒၶဘာသာႏိုင္ငံဆို တအားစိတ္ဆိုးတယ္။ ဒီေန႔ မနက္မွာ ဆိုင္မွာ ဆြမ္းအၿမဲခံေနတဲ့ သဘာဝတရားရိပ္သာက အသက္၇၀ ေက်ာ္ သီလရွင္ဆရာေလးတစ္ပါး
ရန္ကုန္ၿမိဳ႕ထဲမွာ ဆြမ္းခံထြက္ေနရင္း သိမ္ႀကီးေစ်းနားမွာ ဆရာေလးလြယ္ထားတဲ့အိတ္ ဒါးခြဲခံရၿပီး သီလရွင္ကဒ္ျပား ပိုက္ဆံေတြေရာ ဖုန္းပါသြားတယ္။
ဆရာေလးမွာ လမ္းေဘးမွာငိုေနလို႔ လမ္းသြားတဦးက လိုက္ပို႔လို႔ ဆိုင္ေရာက္လာခဲ့တယ္။ ရင္ထဲမွာ မေကာင္းလြန္းလို႔ ဒီပို႔စ္ကို တင္မိတာပါ။ ဆရာေလး အတြက္စိတ္မေကာင္းပါဘူး။
တာဝန္ယူကူညီေစာင့္ေရွာက္မိတယ္။ ဖုန္းလိုက္ဝယ္ ေပးလိုက္တယ္။ ဆရာေလး အႏၲရယ္ကင္းေဘးရွင္းပါေစ။
(မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)
unicode
ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတခုကတော့ ဝိုင်ဘီအက်စ်ပေါ်က ခါးပိုက်နှိုက်များ သောင်းကျန်းနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဆရာလေးကိုတောင် မရှောင်ကြတဲ့ ခါးပိုက်နှိုက်တွေကို ပြည်သူတွေက ဝေဖန်လျက် ရှိကြပါတယ်။
ဝိုင်ဘီအက်စ် စီးနင်းနေကြတဲ့ ပြည်သူတွေကလည်း ဘယ်နေ့ အနှိုက်ခံရမလဲဆိုတာ စိုးတထိတ်ထိတ် ဖြစ်နေကြပါတယ်။
တာဝန်ရှိသူတွေအနေနဲ့လည်း အဆိုပါ ခါးပိုက်နှိုက်တွေကို နှိမ်နင်းနိုင်မယ့် အခြေအနေ မရှိတာကြောင့် ပြည်သူတွေက ဝေဖန်လျက်ရှိပါတယ်။
ဆရာလေးအကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ ရေးသားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
ဘာတွေလုပ်ကြတာလည်း၊ မြန်မာပြည် ဗုဒ္ဓဘာသာနိုင်ငံဆို တအားစိတ်ဆိုးတယ်။ ဒီနေ့ မနက်မှာ ဆိုင်မှာ ဆွမ်းအမြဲခံနေတဲ့ သဘာဝတရားရိပ်သာက အသက်၇၀ ကျော် သီလရှင်ဆရာလေးတစ်ပါး
ရန်ကုန်မြို့ထဲမှာ ဆွမ်းခံထွက်နေရင်း သိမ်ကြီးစျေးနားမှာ ဆရာလေးလွယ်ထားတဲ့အိတ် ဒါးခွဲခံရပြီး သီလရှင်ကဒ်ပြား ပိုက်ဆံတွေရော ဖုန်းပါသွားတယ်။
ဆရာလေးမှာ လမ်းဘေးမှာငိုနေလို့ လမ်းသွားတဦးက လိုက်ပို့လို့ ဆိုင်ရောက်လာခဲ့တယ်။ ရင်ထဲမှာ မကောင်းလွန်းလို့ ဒီပို့စ်ကို တင်မိတာပါ။ ဆရာလေး အတွက်စိတ်မကောင်းပါဘူး။
တာဝန်ယူကူညီစောင့်ရှောက်မိတယ်။ ဖုန်းလိုက်ဝယ် ပေးလိုက်တယ်။ ဆရာလေး အန္တရယ်ကင်းဘေးရှင်းပါစေ။
(မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)