လူတစ္ေယာက္ဟာ တစ္ေယာက္တည္း (single) အျဖစ္နဲ႔ အၾကာၾကီးေနတဲ့အခါမွာ တစ္ခ်ိဳ႕ကေတာ့ သူတုိ႔ကုိ မစြံဘူးလို႔ပဲ ထင္တတ္ၾကပါတယ္။ အဲ့ဒီလိုလူမ်ိဳးေတြကမွ လြယ္လြယ္မခ်စ္တတ္သူေတြပါေနာ္။ လြယ္လြယ္မခ်စ္တတ္တဲ့ သူေတြရဲ႕ေနာက္ကြယ္မွာ အရမ္း ခ်စ္တတ္တဲ့ ႏွလံုးသားတစ္စံု ရွိေနျပီး ဘာေၾကာင့္ လြယ္လြယ္မခ်စ္တတ္ရသလဲ ဆိုတဲ့ အေၾကာင္းရင္းေလးေတြကို ေျပာျပလိုက္ပါတယ္ေနာ္။
၁။ အရမ္းခ်စ္ခဲ့ဖူးတယ္
လြယ္လြယ္မခ်စ္တတ္တဲ့သူေတြဟာ တစ္ခ်ိန္တုနး္ကေတာ့ အရမး္ကို ခ်စ္တတ္ခဲ့တဲ့သူေတြျဖစ္ေနႏိုင္ပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိ္ဳးေၾကာင့္ အခ်စ္ရဆံုးသူနဲ႔ ေကြကြင္းခဲ့ျပီးေနာက္ပိုင္းမွာ လြယ္လြယ္မခ်စ္တတ္ေတာ့တာပါ။
၂။ အေစာ္ကားခံရဖူးတယ္
ဒီလိုလူမ်ိဳးေတြဟာ အရမ္းအခ်စ္ၾကီးတဲ့သူေတြပါ။ ဒီလိုအခ်စ္ၾကီးတာကို အခြင့္ေကာင္းယူျပီး သူတို႔ရဲ႕ ေစတနာကို ေစာ္ကားတာေတြ၊ လိမ္ညာလွည့္စားတာေတြ၊ အသံုးခ်တာေတြကို အမ်ားၾကီးခံခဲ့ရပါတယ္။ ဒါေၾကာင့္မို႔ ေနာက္ဘယ္သူ႔ကိုမွ မခ်စ္ေတာ့ေအာင္ သူတို႔ရဲ႕ ႏွလံုးသားကုိ ေသာ့ခတ္လိုက္တာလည္း ျဖစ္ေနႏိုင္ပါတယ္။
၃။ နာက်င္ရမွာေၾကာက္တယ္
လြယ္လြယ္နဲ႔ မခ်စ္တတ္တဲ့သူေတာ္ေတာ္မ်ားမ်ားဟာ နာက်င္ရမွာကို ေၾကာက္ၾကတဲ့သူေတြပါ။ ကိုယ့္ဖက္က ပံုေအာျပီးခ်စ္သေလာက္ တစ္ဖက္လူက ကိုယ့္ကို လွည့္စားသြားမွာ၊ အႏုိင္က်င့္မွာ၊ အသည္းကြဲျပီး က်န္ခဲ့ရမွာမ်ိဳးေတြကို အရမး္ေၾကာက္ပါတယ္။ နာက်င္ရမွာကိုေၾကာက္တဲ့ သူတို႔အဖို႔ အခ်စ္နဲ႔ေဝးေဝးေနဖုိ႔ကိုသာ ဆံုးျဖတ္လိုက္ၾကပါတယ္။
၄။ ကုိယ္ခ်စ္သေလာက္ ကိုယ့္ကို ျပန္ခ်စ္မွၾကိဳက္တယ္
လြယ္လြယ္မခ်စ္တတ္တဲ့သူေတြရဲ႕ ေနာက္ထပ္အေၾကာင္းရင္းကေတာ့ ကိုယ္ခ်စ္သေလာက္ ကိုယ့္ကုိ ျပန္ခ်စ္မွၾကိဳက္လို႔ပါ။ ကိုယ့္ဖက္က အစြမ္းကုန္၊ ႏွလံုးသားတစ္ခုလံုး ပံုအပ္ျပီးခ်စ္ေပမယ့္ တစ္ဖက္က ကိုယ့္ကို တူညီတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႔ မခ်စ္မွာကို စိုးရိမ္တတ္ၾကပါတယ္။
Ref;DEARPAIN
Unicode
=======
လူတစ်ယောက်ဟာ တစ်ယောက်တည်း (single) အဖြစ်နဲ့ အကြာကြီးနေတဲ့အခါမှာ တစ်ချို့ကတော့ သူတို့ကို မစွံဘူးလို့ပဲ ထင်တတ်ကြပါတယ်။ အဲ့ဒီလိုလူမျိုးတွေကမှ လွယ်လွယ်မချစ်တတ်သူတွေပါနော်။ လွယ်လွယ်မချစ်တတ်တဲ့ သူတွေရဲ့နောက်ကွယ်မှာ အရမ်း ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ရှိနေပြီး ဘာကြောင့် လွယ်လွယ်မချစ်တတ်ရသလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေကို ပြောပြလိုက်ပါတယ်နော်။
၁။ အရမ်းချစ်ခဲ့ဖူးတယ်
လွယ်လွယ်မချစ်တတ်တဲ့သူတွေဟာ တစ်ချိန်တုန်းကတော့ အရမ်းကို ချစ်တတ်ခဲ့တဲ့သူတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အချစ်ရဆုံးသူနဲ့ ကွေကွင်းခဲ့ပြီးနောက်ပိုင်းမှာ လွယ်လွယ်မချစ်တတ်တော့တာပါ။
၂။ အစော်ကားခံရဖူးတယ်
ဒီလိုလူမျိုးတွေဟာ အရမ်းအချစ်ကြီးတဲ့သူတွေပါ။ ဒီလိုအချစ်ကြီးတာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ စေတနာကို စော်ကားတာတွေ၊ လိမ်ညာလှည့်စားတာတွေ၊ အသုံးချတာတွေကို အများကြီးခံခဲ့ရပါတယ်။ ဒါကြောင့်မို့ နောက်ဘယ်သူ့ကိုမှ မချစ်တော့အောင် သူတို့ရဲ့ နှလုံးသားကို သော့ခတ်လိုက်တာလည်း ဖြစ်နေနိုင်ပါတယ်။
၃။ နာကျင်ရမှာကြောက်တယ်
လွယ်လွယ်နဲ့ မချစ်တတ်တဲ့သူတော်တော်များများဟာ နာကျင်ရမှာကို ကြောက်ကြတဲ့သူတွေပါ။ ကိုယ့်ဖက်က ပုံအောပြီးချစ်သလောက် တစ်ဖက်လူက ကိုယ့်ကို လှည့်စားသွားမှာ၊ အနိုင်ကျင့်မှာ၊ အသည်းကွဲပြီး ကျန်ခဲ့ရမှာမျိုးတွေကို အရမ်းကြောက်ပါတယ်။ နာကျင်ရမှာကိုကြောက်တဲ့ သူတို့အဖို့ အချစ်နဲ့ဝေးဝေးနေဖို့ကိုသာ ဆုံးဖြတ်လိုက်ကြပါတယ်။
၄။ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ်မှကြိုက်တယ်
လွယ်လွယ်မချစ်တတ်တဲ့သူတွေရဲ့ နောက်ထပ်အကြောင်းရင်းကတော့ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ်မှကြိုက်လို့ပါ။ ကိုယ့်ဖက်က အစွမ်းကုန်၊ နှလုံးသားတစ်ခုလုံး ပုံအပ်ပြီးချစ်ပေမယ့် တစ်ဖက်က ကိုယ့်ကို တူညီတဲ့ ချစ်ခြင်းမျိုးနဲ့ မချစ်မှာကို စိုးရိမ်တတ်ကြပါတယ်။
Ref;DEARPAIN