Health Care

ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း (၅) ခု

ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း ၅ ခု-

ဆောင်းရာသီမှာ အများဆုံးဖြစ် တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။

(၁) သျခားသီး

မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီး စိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင် ပါတယ်။

နှုတ်ခမ်းပေါ်မှာ သခွားသီး စိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။

(၂) အုန်းဆီ

အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် အကောင်းဆုံး သဘာဝ ပစ္စည်း တမျိုးပဲ ဖြစ်ပါတယ်။

ညအိပ်ရာဝင်တိုင်း အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်း အားဖြင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၃) ပျားရည်နဲ့ သကြား

နှုတ်ခမ်းသားပေါ်က ခြောက်သွေ့နေတဲ့ အရေပြားအလွှာလေးကို ဖယ်ရှားပေးဖို့အတွက် ဒီနည်းလမ်းကလည်း အသုံးတည့်စေပါတယ်။

ပျားရည် အနည်းငယ်နဲ့ သကြား အနည်းငယ်တို့ကို ရောစပ်ကာ နှုတ်ခမ်းသားပေါ်ကို ဖွဖွလေး ပွတ်တိုက်ပေးခြင်းအားဖြင့် နှုတ်ခမ်းသားကို ပြန်လည် စိုပြည်စေမှာပါ။

(၄) သံလြင္ဆီ

သံလွင်ဆီဟာဆိုရင်လည်း သဘာဝအစိုဓာတ် ဖြည့်ဆီတမျိုး ဖြစ်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲတဲ့အခါ သုတ်လိမ်းပေးရုံနဲ့ သက်သာစေ ပါတယ်။

(၅) Tea Bags

လက်ဖက်ရည်ကြမ်း သောက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ လက်ဖက်ခြောက်ထုပ် (Tea bags) လေးတွေကို ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားပေါ် ကပ်ပေးခြင်းအားဖြင့်လည်း နှုတ်ခမ်း အစိုဓာတ်ကို ပြန်လည် ရရှိစေပါတယ်။

Credit