အသက္အ႐ြယ္က ကိန္းဂဏန္းပါလို႔ ဆိုေပမယ့္ ဇရာကိုေတာ့ ေရွာင္လႊဲလို႔မရပါဘူး။ ေနထိုင္စားေသာက္မႈပုံစံ၊ စိတ္ဖိစီးမႈ စတဲ့အေၾကာင္းအခ်က္ေတြေၾကာင့္ ပုံမွန္ထက္ကို အိုမင္းလြယ္ေနမွာပါ။ အဲဒါေၾကာင့္ သင့္အသက္ကို ၁၀ႏွစ္စာေလာက္ ႏုပ်ိဳသြားေစဖို႔ နည္းလမ္းေတြကို love media ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္
၁။ ဂ်င္းအဝတ္အစားေတြကို ဝတ္ပါ။
ဂ်င္းအဝတ္အစားေတြကို သင့္ကို ငယ္႐ြယ္ႏုပ်ိဳေအာင္၊ ဖက္ရွင္က်လွပေအာင္ ျပဳလုပ္ေပးနိင္ပါတယ္။ ေရွး႐ိုးအဝတ္အစားေတြကို စြန႔္လႊတ္လိုက္ပါ။ ဂ်င္းေဘာင္းဘီက သင့္ကို အရွည္ပိုရွည္လာေအာင္၊ ပိန္သြယ္လာေအာင္ ကူညီေပးႏိုင္ပါတယ္။
၂။ ဆံၿမိတ္ခ်ပါ။
ဆံၿမိတ္က သင့္အသက္အ႐ြယ္ကို ဖုံးကြယ္ေပးႏိုင္တဲ့အရာပါ။ ဆံၿမိတ္ေတြက နဖူးေပၚက အေရးအေၾကာင္းေတြကိုလည္း ဖုံးကြယ္ေပးပါေသးတယ္။ မ်က္ႏွာကိုလည္း ေသးသြယ္ေစပါတယ္။ ခပ္ရွည္ရွည္ဆံၿမိတ္ေတြက မ်က္ႏွာတိုင္းလိုလိုနဲ႔ လိုက္ဖက္ပါတယ္။
၃။ အျဖဴေရာင္ sneakers
ႏုပ်ိဳတဲ့အသြင္ကို ရဖို႔ အျဖဴေရာင္ sneakers က ေ႐ြးခ်ယ္ဖို႔ အသင့္ေတာ္ဆုံးပါ။ အျဖဴေရာင္ sneakers က အဝတ္အစား ေတာ္ေတာ္မ်ားမ်ားနဲ႔လည္း လိုက္ဖက္ပါတယ္။ ဂ်င္းေဘာင္းဘီ၊ စကတ္၊ ေဘာင္းဘီရွည္စတဲ့အရာေတြနဲ႔ အျဖဴေရာင္ sneakers ကို တြဲဖက္ဝတ္ဆင္တဲ့အခါ သင့္အသြင္အျပင္က ၁၀ ႏွစ္ေလာက္ ႏုပ်ိဳသြားပါတယ္။
၄။ အနီေရာင္ႏႈတ္ခမ္းနီ
အနီေရာင္ႏႈတ္ခမ္းနီက မ်က္ႏွာရဲ႕လွပတဲ့ အစိတ္အပိုင္းေတြကို ပိုမိုေပၚလြင္ေစပါတယ္။ ႏႈတ္ခမ္းနီအနီေရာင္အျပင္ အနီေရာင္ဘက္သန္းတဲ့ ပါးနီကိုပါ ျခယ္သလိုက္ပါ။ အဲဒီအခါ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြက ေမွးမွိန္သြားမွာပါ။
၅။ ကုပ္ဝဲဆံပင္
အသက္ႀကီးေနတာကို ႏုပ်ိဳေနတဲ့အထင္ရေစဖို႔ ဆံပင္ရွည္ေတြကို ျဖတ္ၿပီး ကုပ္ဝဲဆံပင္ပဲ ညႇပ္လိုက္ပါ။ ခပ္ထူထူ ဆံပင္ပုံစံေလးေတြက သင့္ရဲ႕မ်က္ႏွာကို ပင့္တင္ေပးသလိုျဖစ္ၿပီး ပါး႐ိုးေတြကိုလည္း ေပၚလြင္လာေစပါတယ္။ အထူးသျဖင့္ အသက္ ၃၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားအမ်ိဳးသမီးေတြက ကုပ္ဝဲဆံပင္ေတြနဲ႔ ပိုလိုက္ဖက္ပါတယ္။
၆။ ေဘးေဘာင္အနက္ေရာင္နဲ႔ မ်က္မွန္
ေဘးေဘာင္ေတြမပါတဲ့မ်က္မွန္ေတြကို တပ္လိုက္ရင္ သင့္အသက္ ပိုႀကီးသလိုေတာင္ ျဖစ္သြားမွာပါ။ အဲဒါေၾကာင့္ ေဘးေဘာင္အနက္ေရာင္နဲ႔ မ်က္မွန္ေတြကို ေ႐ြးခ်ယ္ပါ။ အနက္ေရာင္မ်က္မွန္ေတြက သင့္ကို ခန႔္ညားတည္ၿငိမ္တဲ့ အလွကိုလည္း ေပးႏိုင္ပါတယ္။
၇။ မ်က္ခုံးထူထူ
မ်က္ခုံးကို ခပ္ပါးပါးဆြဲထားသူနဲ႔ ခပ္ထူထူဆြဲထားသူကို ယွဥ္ၾကည့္ပါ။ မ်က္ခုံးပါးပါးဆြဲထားရင္ ျဖဴေဖ်ာ့ၿပီး အားနည္းသေယာင္ ထင္ရေစပါတယ္။ အဲဒါေၾကာင့္ မ်က္ခုံးသန္လာေအာင္ အုန္းဆီလိမ္းေပးၿပီး ႏွိပ္နယ္ေပးပါ။ အဲဒီေနာက္ မ်က္ခုံးကို ဆြဲတံနဲ႔ ထူေအာင္ ဆြဲလိုက္ပါ။
Zombie (lovemedia)
အသက်အရွယ်က ကိန်းဂဏန်းပါလို့ ဆိုပေမယ့် ဇရာကိုတော့ ရှောင်လွှဲလို့မရပါဘူး။ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှု စတဲ့အကြောင်းအချက်တွေကြောင့် ပုံမှန်ထက်ကို အိုမင်းလွယ်နေမှာပါ။ အဲဒါကြောင့် သင့်အသက်ကို ၁၀နှစ်စာလောက် နုပျိုသွားစေဖို့ နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဂျင်းအဝတ်အစားတွေကို ဝတ်ပါ။
ဂျင်းအဝတ်အစားတွေကို သင့်ကို ငယ်ရွယ်နုပျိုအောင်၊ ဖက်ရှင်ကျလှပအောင် ပြုလုပ်ပေးနိင်ပါတယ်။ ရှေးရိုးအဝတ်အစားတွေကို စွန့်လွှတ်လိုက်ပါ။ ဂျင်းဘောင်းဘီက သင့်ကို အရှည်ပိုရှည်လာအောင်၊ ပိန်သွယ်လာအောင် ကူညီပေးနိုင်ပါတယ်။
၂။ ဆံမြိတ်ချပါ။
ဆံမြိတ်က သင့်အသက်အရွယ်ကို ဖုံးကွယ်ပေးနိုင်တဲ့အရာပါ။ ဆံမြိတ်တွေက နဖူးပေါ်က အရေးအကြောင်းတွေကိုလည်း ဖုံးကွယ်ပေးပါသေးတယ်။ မျက်နှာကိုလည်း သေးသွယ်စေပါတယ်။ ခပ်ရှည်ရှည်ဆံမြိတ်တွေက မျက်နှာတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။
၃။ အဖြူရောင် sneakers
နုပျိုတဲ့အသွင်ကို ရဖို့ အဖြူရောင် sneakers က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ အဖြူရောင် sneakers က အဝတ်အစား တော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။ ဂျင်းဘောင်းဘီ၊ စကတ်၊ ဘောင်းဘီရှည်စတဲ့အရာတွေနဲ့ အဖြူရောင် sneakers ကို တွဲဖက်ဝတ်ဆင်တဲ့အခါ သင့်အသွင်အပြင်က ၁၀ နှစ်လောက် နုပျိုသွားပါတယ်။
၄။ အနီရောင်နှုတ်ခမ်းနီ
အနီရောင်နှုတ်ခမ်းနီက မျက်နှာရဲ့လှပတဲ့ အစိတ်အပိုင်းတွေကို ပိုမိုပေါ်လွင်စေပါတယ်။ နှုတ်ခမ်းနီအနီရောင်အပြင် အနီရောင်ဘက်သန်းတဲ့ ပါးနီကိုပါ ခြယ်သလိုက်ပါ။ အဲဒီအခါ မျက်နှာပေါ်က အရေးအကြောင်းတွေက မှေးမှိန်သွားမှာပါ။
၅။ ကုပ်ဝဲဆံပင်
အသက်ကြီးနေတာကို နုပျိုနေတဲ့အထင်ရစေဖို့ ဆံပင်ရှည်တွေကို ဖြတ်ပြီး ကုပ်ဝဲဆံပင်ပဲ ညှပ်လိုက်ပါ။ ခပ်ထူထူ ဆံပင်ပုံစံလေးတွေက သင့်ရဲ့မျက်နှာကို ပင့်တင်ပေးသလိုဖြစ်ပြီး ပါးရိုးတွေကိုလည်း ပေါ်လွင်လာစေပါတယ်။ အထူးသဖြင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားအမျိုးသမီးတွေက ကုပ်ဝဲဆံပင်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။
၆။ ဘေးဘောင်အနက်ရောင်နဲ့ မျက်မှန်
ဘေးဘောင်တွေမပါတဲ့မျက်မှန်တွေကို တပ်လိုက်ရင် သင့်အသက် ပိုကြီးသလိုတောင် ဖြစ်သွားမှာပါ။ အဲဒါကြောင့် ဘေးဘောင်အနက်ရောင်နဲ့ မျက်မှန်တွေကို ရွေးချယ်ပါ။ အနက်ရောင်မျက်မှန်တွေက သင့်ကို ခန့်ညားတည်ငြိမ်တဲ့ အလှကိုလည်း ပေးနိုင်ပါတယ်။
၇။ မျက်ခုံးထူထူ
မျက်ခုံးကို ခပ်ပါးပါးဆွဲထားသူနဲ့ ခပ်ထူထူဆွဲထားသူကို ယှဉ်ကြည့်ပါ။ မျက်ခုံးပါးပါးဆွဲထားရင် ဖြူဖျော့ပြီး အားနည်းသယောင် ထင်ရစေပါတယ်။ အဲဒါကြောင့် မျက်ခုံးသန်လာအောင် အုန်းဆီလိမ်းပေးပြီး နှိပ်နယ်ပေးပါ။ အဲဒီနောက် မျက်ခုံးကို ဆွဲတံနဲ့ ထူအောင် ဆွဲလိုက်ပါ။
Zombie (lovemedia)