ရေနွေးပူပူသောက်တတ်သူများ သတိထားဖို့ ကြောက်စရာ
ရေနွေးကြမ်းသောက်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းကိို အရမ်းပူနေတဲ့အချိန်မှာသောက်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။
အထူးသဖြင့် လည်ချောင်းနဲ့ အစာရေမြိုပြွန်အတွက် အန္တရာယ်ရှိတာပါ။
အမေရိကားအခြေစိုက် ကင်ဆာသုတေသနပညာရှင်တွေက အသက် ၄၀ ကနေ ၇၅ နှစ်ကြား လက်ဖက်ရည်ကြမ်းသောက်တတ်တဲ့ လူ ၅သောင်းကို လေ့လာမှုတွေလုပ်ခဲ့တဲ့အခါမှာ
ရေနွေးအရမ်းပူနေတုန်းမှာ သောက်တာက လည်ချောင်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
လည်ချောင်းက အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက် လောက်ဆို မခံနိုုင်တော့တာကြောင့် အရမ်းပူူတဲ့ ရေနွေးကိုသောက်လိုက်တဲ့အခါ တစ်ခေါက်နှစ်ခေါက်ဆို သက်ရောက်မှုသိပ်မရှိပေမယ့် နေ့တိုင်းလိုလို အဲ့လိုအပူကြီးသောက်မယ်ဆိုရင်တော့
လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းအထိရှိလာစေပါတယ်။ လက်ဖက်ရည်၊ ရေနွေးစတာတွေကို ပူတုန်းလေးသောက်လိုက်ပါ ဆိုတဲ့စကားလေးကိုု ကြားနေကျဖြစ်ပါတယ်။ သောက်စရာတစ်ခုကို မှုတ်ပြီးသောက်ရတဲ့အနေအထားဆိုရင် မသောက်သင့်သေးပါဘူး။
ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ အနွေးဓာတ်ရရုံလောက် အပူချိန်ရောက်မှ သောက်သုံးသင့်တယ်လို့ ထုတ်ပြန်လိုက်ပါတယ််။
အရမ်းပူတဲ့သောက်စရာတွေကို အမြဲသောက်တာက လည်ချောင်းကင်ဆာအပြင်၊ အစာချေလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း ပိုဖြစ်စေနိုင်ပါတယ်။
အဲ့ဒါတွေမဖြစ်ခင်မှာလည်း အစာမြိုချရခက်တာ၊ အစားစားချင်စိတ်မရှိတာတွေ စဖြစ်လာပြီး ကိုယ်အလေးချိန်အရမ်းကျလာတတ်ပါတယ်။ ဒါကြောင့် ရေနွေးကြမ်းသောက်မယ်ဆိုရင် အပူချိန်အရမ်းမများအောင်သတိထားပြီး ခပ်နွေးနွေးလေးဖြစ်တော့မှသောက်ပါ။
မှုတ်ပြီးသောက်ရတဲ့အနေအထားဆို လုံးဝမသောက်ဘဲ ခဏစောင့်လိုက်ပြီးမှ သောက်တာအကောင်းဆုံးပါ။
crd
zawgyi
ေရေႏြးပူပူေသာက္တတ္သူမ်ား သတိထားဖို႔ ေၾကာက္စရာ
ေရေႏြးၾကမ္းေသာက္တာက ခႏၶာကိုယ္အတြက္ေကာင္းက်ိဳးေတြအမ်ားႀကီးရပါတယ္။ ဒါေပမယ့္ ေရေႏြးၾကမ္းကိို အရမ္းပူေနတဲ့အခ်ိန္မွာေသာက္လိုက္မယ္ဆိုရင္ က်န္းမာေရးအတြက္ အႏၲရာယ္ရွိပါတယ္။
အထူးသျဖင့္ လည္ေခ်ာင္းနဲ႔ အစာေရၿမိဳႁပြန္အတြက္ အႏၲရာယ္ရွိတာပါ။
အေမရိကားအေျခစိုက္ ကင္ဆာသုေတသနပညာရွင္ေတြက အသက္ ၄၀ ကေန ၇၅ ႏွစ္ၾကား လက္ဖက္ရည္ၾကမ္းေသာက္တတ္တဲ့ လူ ၅ေသာင္းကို ေလ့လာမႈေတြလုပ္ခဲ့တဲ့အခါမွာ
ေရေႏြးအရမ္းပူေနတုန္းမွာ ေသာက္တာက လည္ေခ်ာင္းကင္ဆာျဖစ္ႏိုင္ေခ်ကို ျမင့္တက္ေစတယ္ဆိုတာ ေတြ႕ရွိခဲ့ပါတယ္။
လည္ေခ်ာင္းက အပူခ်ိန္ ၁၄၀ ဒီဂရီဖာရင္ဟိုက္ ေလာက္ဆို မခံႏိုုင္ေတာ့တာေၾကာင့္ အရမ္းပူူတဲ့ ေရေႏြးကိုေသာက္လိုက္တဲ့အခါ တစ္ေခါက္ႏွစ္ေခါက္ဆို သက္ေရာက္မႈသိပ္မရွိေပမယ့္ ေန႔တိုင္းလိုလို အဲ့လိုအပူႀကီးေသာက္မယ္ဆိုရင္ေတာ့
လည္ေခ်ာင္းကင္ဆာျဖစ္ႏိုင္ေခ် ၉၀ ရာခိုင္ႏႈန္းအထိရွိလာေစပါတယ္။ လက္ဖက္ရည္၊ ေရေႏြးစတာေတြကို ပူတုန္းေလးေသာက္လိုက္ပါ ဆိုတဲ့စကားေလးကိုု ၾကားေနက်ျဖစ္ပါတယ္။ ေသာက္စရာတစ္ခုကို မႈတ္ၿပီးေသာက္ရတဲ့အေနအထားဆိုရင္ မေသာက္သင့္ေသးပါဘူး။
ခႏၶာကိုယ္ကလက္ခံႏိုင္တဲ့ အေႏြးဓာတ္ရ႐ုံေလာက္ အပူခ်ိန္ေရာက္မွ ေသာက္သုံးသင့္တယ္လို႔ ထုတ္ျပန္လိုက္ပါတယ္္။
အရမ္းပူတဲ့ေသာက္စရာေတြကို အၿမဲေသာက္တာက လည္ေခ်ာင္းကင္ဆာအျပင္၊ အစာေခ်လမ္းေၾကာင္းနဲ႔ပတ္သက္တဲ့ေရာဂါေတြကိုလည္း ပိုျဖစ္ေစႏိုင္ပါတယ္။
အဲ့ဒါေတြမျဖစ္ခင္မွာလည္း အစာၿမိဳခ်ရခက္တာ၊ အစားစားခ်င္စိတ္မရွိတာေတြ စျဖစ္လာၿပီး ကိုယ္အေလးခ်ိန္အရမ္းက်လာတတ္ပါတယ္။ ဒါေၾကာင့္ ေရေႏြးၾကမ္းေသာက္မယ္ဆိုရင္ အပူခ်ိန္အရမ္းမမ်ားေအာင္သတိထားၿပီး ခပ္ေႏြးေႏြးေလးျဖစ္ေတာ့မွေသာက္ပါ။
မႈတ္ၿပီးေသာက္ရတဲ့အေနအထားဆို လုံးဝမေသာက္ဘဲ ခဏေစာင့္လိုက္ၿပီးမွ ေသာက္တာအေကာင္းဆုံးပါ။
crd