ပန္းကန္ေဆးဆပ္ျပာရည္နဲ႔ မေဆးေၾကာသင့္တဲ့အရာ (၁၂) ခု –
ပန္းကန္ေဆးဆပ္ျပာရည္ကို ပန္းကန္ေဆးတဲ့ေနရာမွာပဲ သုံးသင့္ၿပီးေတာ့ တျခားေနရာေတြမွာ မသုံးသင့္ပါဘူး။ ပန္းကန္ေဆးဆပ္ျပာကို တျခားေနရာမွာသုံးရင္ ထင္သေလာက္ အက်ိဳးရွိလာမွာ မဟုတ္ပါဘူး။
၁။ ေကာ္ဖီႏွပ္စက္
ေကာ္ဖီႏွပ္စက္ကို ပန္းကန္ေဆးဆပ္ျပာနဲ႔ ေဆးေၾကာရင္ ဆပ္ျပာအႂကြင္းအက်န္ေတြက စက္ထဲမွာ က်န္ခဲ့ႏိုင္ပါတယ္။ ေရနဲ႔ေဆးခ်လည္း မေျပာင္ပါဘူး။ ေနာက္တစ္ခါ ေကာ္ဖီႏွပ္ရင္လည္း ဆပ္ျပာအရသာ က်န္ေနတတ္ပါတယ္။ ေကာ္ဖီႏွပ္စက္ကို ေဆးေၾကာမယ္ဆိုရင္ ေကာ္ဖီရနံ႔ဆီနဲ႔ ေဆးေၾကာတာက စက္ကို လြယ္လြယ္နဲ႔ မပ်က္ေစေတာ့ပါဘူး။
၂။ ပန္းကန္ေဆးစက္
ပန္းကန္ေဆးဆပ္ျပာက အျမႇဳပ္ေတြ အရမ္းထြက္တာေၾကာင့္ ပန္းကန္ေဆးစက္ထဲကို ထည့္ေဆးရင္ စက္ထိခိုက္သြားတတ္ပါတယ္။ ၿပီးေတာ့ အျမႇဳပ္ေတြလည္း လွ်ံက်လာပါတယ္။ ပန္းကန္ေဆးစက္အတြက္ သီးသန႔္သုံးတဲ့ဆပ္ျပာရည္ကိုသာ သုံးသင့္ပါတယ္။
၃။ အဝတ္ေလွ်ာ္စက္
ဆပ္ျပာကုန္ေနေသးလို႔ ပန္းကန္ေဆးဆပ္ျပာရည္ကို အဝတ္ေလွ်ာ္စက္မွာ ထည့္သုံးလို႔မရပါဘူး။ အျမႇဳပ္ေတြ လွ်ံက်လာၿပီး အဝတ္ေတြလည္း ေျပာင္စင္မွာ မဟုတ္ပါဘူး။
၄။ ကား
ပန္းကန္ေဆးဆပ္ျပာရည္ကို ကားမွာ သုံးလို႔ရတယ္လို႔ ေျပာၾကေပမယ့္ မသုံးသင့္ပါဘူး။ ပန္းကန္ေဆးျပာရည္ထဲက ဓါတုေဆးေတြက ကားရဲ႕အေရာင္ေတြကို လြင့္ေစပါတယ္။
၅။ ဆံပင္
ပန္းကန္ေဆးဆပ္ျပာရည္က ေခါင္းေလွ်ာ္ဖို႔ သုံးမယ္ဆိုရင္ အရမ္းကို ၾကမ္းပါတယ္။ သူ႔ထဲမွာပါတဲ့ ဆားေတြက ဆံပင္ကို ေျခာက္ေသြ႕ေစႏိုင္တဲ့အျပင္ ဦးေရျပားကိုလည္း ယားယံေစပါတယ္။
၆။ ျပဴတင္းေပါက္နဲ႔ မွန္
ျပဴတင္းေပါက္နဲ႔မွန္မွာ ကပ္ေနတဲ့ ဖုန္ေတြကို ပန္းကန္ေဆးရည္နဲ႔ သန႔္ရွင္းရင္ ရပါတယ္။ ဒါေပမယ့္ မွန္မွာ ဆပ္ျပာအစင္းေၾကာင္းေတြ က်န္ေနခဲ့တတ္ၿပီး ေရနဲ႔တိုက္လည္း မေျပာင္လြယ္ပါဘူး။ မွန္တိုက္တဲ့ေဆးနဲ႔ပဲ မွန္ေတြ၊ ျပဴတင္းေပါက္ေတြကို သန႔္ရွင္းသင့္ပါတယ္။
၇။ ဒယ္အိုး
ဆပ္ျပာရည္က ဒယ္အိုးက ဆီေတြကို သန႔္ရွင္းေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဟင္းရဲ႕အရသာေတြကို မေကာင္းေစပါဘူး။ ဒယ္အိုးကို သန႔္ရွင္းေရးလုပ္မယ္ဆိုရင္ ဒယ္အိုးထဲဆားနဲ႔ ေရေႏြးထဲၿပီး ပြက္ေအာင္ တည္ပါ။ ၿပီးမွ တစ္ရႉးနဲ႔သန႔္ရွင္းေရးလုပ္ပါ။
၈။ သစ္သားၾကမ္းခင္း
သစ္သားၾကမ္းခင္းေပၚကို ပန္းကန္ေဆးဆပ္ျပာရည္နဲ႔ သန႔္ရွင္းေရးလုပ္ရင္ ဆပ္ျပာအစင္းေၾကာင္းေတြ က်န္ေနပါတယ္။ ၾကမ္းခင္းကို ေျပာင္လက္ေတာက္ပေနဖို႔ သစ္သားၾကမ္းခင္းအတြက္ ထုတ္လုပ္ထားတဲ့ သန႔္ရွင္းေရးသုံးပစၥည္းေတြကို သုံးႏိုင္ပါတယ္။
ဒါေပမယ့္ ေႂကြျပား၊ ဖေယာင္းပုဆိုး၊ ဗီႏိုင္းၾကမ္းခင္းေတြကို ပန္းကန္ေဆးဆပ္ျပာရည္သုံးၿပီး သန႔္ရွင္းေရးလုပ္ရင္ေတာ့ အက်ိဴးရွိပါတယ္။
၉။ သားေရ
သားေရက ႏူးညံ့တာေၾကာင့္ ပန္းကန္ေဆးဆပ္ျပာရည္ထဲမွာပါတဲ့ ဓါတုပစၥည္းေတြက သားေရကို ထိခိုက္ေစပါတယ္။ လူေတြရဲ႕ အသားအေရလိုပဲ သားေရကိုလည္း ႏူးညံ့ေအာင္ အစိုဓါတ္ျဖည့္ခရင္မ္ လိုအပ္ပါတယ္..။ ဒါေပမယ့္ သားေရဖိနပ္ကိုေတာ့ ပန္းကန္ေဆးဆပ္ျပာရည္နဲ႔ ေဆးလို႔ရပါတယ္။
၁၀။ ေခြး
ေခြးရဲ႕အေရျပားနဲ႔ အေမြးေတြအတြက္ ပန္းကန္ေဆးဆပ္ျပာရည္က အရမ္းကို ၾကမ္းပါတယ္။ ပန္းကန္ေဆးဆပ္ျပာရည္နဲ႔ေခြးကို သန႔္ရွင္းေရး လုပ္ေပးရင္ ယားတာ၊ အေမြးကြၽတ္တာေတြ ျဖစ္ေစပါတယ္။
၁၁။ အပင္
အင္းဆက္ပိုးေတြ ကင္းေစတဲ့ ဆပ္ျပာေနရာမွာ ပန္းကန္ေဆးဆပ္ျပာရည္ကို အစားထိုးၿပီးသုံးလို႔ မရပါဘူး..။ အပင္ေတြအတြက္ သီးသန႔္ထုတ္တဲ့ ဆပ္ျပာကိုပဲ ေ႐ြးခ်ယ္သင့္ပါတယ္။
၁၂။ အသီးနဲ႔ ဟင္းသီးဟင္း႐ြက္
အသီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို သန႔္ရွင္းေရးလုပ္ဖို႔ ပန္းကန္ေဆးဆပ္ျပာရည္ကို မသုံးသင့္ပါဘူး။ အသီးေတြမွာ အေပါက္ေလးေတြ ပါတာေၾကာင့္ ဆပ္ျပာရည္ေတြ စိမ့္ဝင္သြားႏိုင္ပါတယ္။ အဲဒီအခါ က်န္းမာေရးကိုပါ ထိခိုက္ေစမွာပါ။
ပန္းကန္းေဆးဆပ္ျပာရည္ကို တျခားသန႔္ရွင္းေရး သုံးဆပ္ျပာရည္ေတြ၊ အေရာင္ခြၽတ္ေဆးေတြ၊ အမိုးနီးယားတို႔နဲ႔ ေရာစပ္ၿပီး မသုံးသင့္ပါဘူး။
ခရက္ဒစ္
Unicode
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောသင့်တဲ့အရာ (၁၂) ခု –
ပန်းကန်ဆေးဆပ်ပြာရည်ကို ပန်းကန်ဆေးတဲ့နေရာမှာပဲ သုံးသင့်ပြီးတော့ တခြားနေရာတွေမှာ မသုံးသင့်ပါဘူး။ ပန်းကန်ဆေးဆပ်ပြာကို တခြားနေရာမှာသုံးရင် ထင်သလောက် အကျိုးရှိလာမှာ မဟုတ်ပါဘူး။
၁။ ကော်ဖီနှပ်စက်
ကော်ဖီနှပ်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောရင် ဆပ်ပြာအကြွင်းအကျန်တွေက စက်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ရေနဲ့ဆေးချလည်း မပြောင်ပါဘူး။ နောက်တစ်ခါ ကော်ဖီနှပ်ရင်လည်း ဆပ်ပြာအရသာ ကျန်နေတတ်ပါတယ်။ ကော်ဖီနှပ်စက်ကို ဆေးကြောမယ်ဆိုရင် ကော်ဖီရနံ့ဆီနဲ့ ဆေးကြောတာက စက်ကို လွယ်လွယ်နဲ့ မပျက်စေတော့ပါဘူး။
၂။ ပန်းကန်ဆေးစက်
ပန်းကန်ဆေးဆပ်ပြာက အမြှုပ်တွေ အရမ်းထွက်တာကြောင့် ပန်းကန်ဆေးစက်ထဲကို ထည့်ဆေးရင် စက်ထိခိုက်သွားတတ်ပါတယ်။ ပြီးတော့ အမြှုပ်တွေလည်း လျှံကျလာပါတယ်။ ပန်းကန်ဆေးစက်အတွက် သီးသန့်သုံးတဲ့ဆပ်ပြာရည်ကိုသာ သုံးသင့်ပါတယ်။
၃။ အဝတ်လျှော်စက်
ဆပ်ပြာကုန်နေသေးလို့ ပန်းကန်ဆေးဆပ်ပြာရည်ကို အဝတ်လျှော်စက်မှာ ထည့်သုံးလို့မရပါဘူး။ အမြှုပ်တွေ လျှံကျလာပြီး အဝတ်တွေလည်း ပြောင်စင်မှာ မဟုတ်ပါဘူး။
၄။ ကား
ပန်းကန်ဆေးဆပ်ပြာရည်ကို ကားမှာ သုံးလို့ရတယ်လို့ ပြောကြပေမယ့် မသုံးသင့်ပါဘူး။ ပန်းကန်ဆေးပြာရည်ထဲက ဓါတုဆေးတွေက ကားရဲ့အရောင်တွေကို လွင့်စေပါတယ်။
၅။ ဆံပင်
ပန်းကန်ဆေးဆပ်ပြာရည်က ခေါင်းလျှော်ဖို့ သုံးမယ်ဆိုရင် အရမ်းကို ကြမ်းပါတယ်။ သူ့ထဲမှာပါတဲ့ ဆားတွေက ဆံပင်ကို ခြောက်သွေ့စေနိုင်တဲ့အပြင် ဦးရေပြားကိုလည်း ယားယံစေပါတယ်။
၆။ ပြူတင်းပေါက်နဲ့ မှန်
ပြူတင်းပေါက်နဲ့မှန်မှာ ကပ်နေတဲ့ ဖုန်တွေကို ပန်းကန်ဆေးရည်နဲ့ သန့်ရှင်းရင် ရပါတယ်။ ဒါပေမယ့် မှန်မှာ ဆပ်ပြာအစင်းကြောင်းတွေ ကျန်နေခဲ့တတ်ပြီး ရေနဲ့တိုက်လည်း မပြောင်လွယ်ပါဘူး။ မှန်တိုက်တဲ့ဆေးနဲ့ပဲ မှန်တွေ၊ ပြူတင်းပေါက်တွေကို သန့်ရှင်းသင့်ပါတယ်။
၇။ ဒယ်အိုး
ဆပ်ပြာရည်က ဒယ်အိုးက ဆီတွေကို သန့်ရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဟင်းရဲ့အရသာတွေကို မကောင်းစေပါဘူး။ ဒယ်အိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဒယ်အိုးထဲဆားနဲ့ ရေနွေးထဲပြီး ပွက်အောင် တည်ပါ။ ပြီးမှ တစ်ရှူးနဲ့သန့်ရှင်းရေးလုပ်ပါ။
၈။ သစ်သားကြမ်းခင်း
သစ်သားကြမ်းခင်းပေါ်ကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ သန့်ရှင်းရေးလုပ်ရင် ဆပ်ပြာအစင်းကြောင်းတွေ ကျန်နေပါတယ်။ ကြမ်းခင်းကို ပြောင်လက်တောက်ပနေဖို့ သစ်သားကြမ်းခင်းအတွက် ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို သုံးနိုင်ပါတယ်။
ဒါပေမယ့် ကြွေပြား၊ ဖယောင်းပုဆိုး၊ ဗီနိုင်းကြမ်းခင်းတွေကို ပန်းကန်ဆေးဆပ်ပြာရည်သုံးပြီး သန့်ရှင်းရေးလုပ်ရင်တော့ အကျိူးရှိပါတယ်။
၉။ သားရေ
သားရေက နူးညံ့တာကြောင့် ပန်းကန်ဆေးဆပ်ပြာရည်ထဲမှာပါတဲ့ ဓါတုပစ္စည်းတွေက သားရေကို ထိခိုက်စေပါတယ်။ လူတွေရဲ့ အသားအရေလိုပဲ သားရေကိုလည်း နူးညံ့အောင် အစိုဓါတ်ဖြည့်ခရင်မ် လိုအပ်ပါတယ်။ ဒါပေမယ့် သားရေဖိနပ်ကိုတော့ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ဆေးလို့ရပါတယ်။
၁၀။ ခွေး
ခွေးရဲ့အရေပြားနဲ့ အမွေးတွေအတွက် ပန်းကန်ဆေးဆပ်ပြာရည်က အရမ်းကို ကြမ်းပါတယ်။ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ခွေးကို သန့်ရှင်းရေး လုပ်ပေးရင် ယားတာ၊ အမွေးကျွတ်တာတွေ ဖြစ်စေပါတယ်။
၁၁။ အပင်
အင်းဆက်ပိုးတွေ ကင်းစေတဲ့ ဆပ်ပြာနေရာမှာ ပန်းကန်ဆေးဆပ်ပြာရည်ကို အစားထိုးပြီးသုံးလို့ မရပါဘူး။ အပင်တွေအတွက် သီးသန့်ထုတ်တဲ့ ဆပ်ပြာကိုပဲ ရွေးချယ်သင့်ပါတယ်။
၁၂။ အသီးနဲ့ ဟင်းသီးဟင်းရွက်
အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့ ပန်းကန်ဆေးဆပ်ပြာရည်ကို မသုံးသင့်ပါဘူး။ အသီးတွေမှာ အပေါက်လေးတွေ ပါတာကြောင့် ဆပ်ပြာရည်တွေ စိမ့်ဝင်သွားနိုင်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။
ပန်းကန်းဆေးဆပ်ပြာရည်ကို တခြားသန့်ရှင်းရေး သုံးဆပ်ပြာရည်တွေ၊ အရောင်ချွတ်ဆေးတွေ၊ အမိုးနီးယားတို့နဲ့ ရောစပ်ပြီး မသုံးသင့်ပါဘူး။
ခရက်ဒစ်