Zawgyi
၆၆၀၀က်ပ္ ရင္းၿပီး ဝယ္ခဲ့တဲ့ေဘထုပ္ကေန ၆၄သိန္း၆ေသာင္းေက်ာ္ အျမတ္ရခဲ့တဲ့ျဖစ္ရပ္
ေဘထုပ္ေရာင္းဝယ္ျခင္းကို ႏိုင္ငံျခားမွာေတာ့ thrift shopping လို႔ေခၚၿပီး အဝတ္ အစား၊ အသုံးအေဆာင္ေတြကိုက်ရင္ေတာ့ vintage ပစၥည္းေတြလို႔ ေခၚပါတယ္။
အမွန္ေတာ့ ေဘထုပ္ဝတ္ျခင္းဟာ ရွက္စရာမေကာင္းပါဘူး။ ေဟာလိဝုဒ္စတားေတြမွာေတာင္မွ vintageအဝတ္အစားအသုံးအေဆာင္ေတြကိုႀကိဳက္ လြန္းလို႔ တမင္ေဈးႀကီးေပးဝယ္ၾကတဲ့လူေတြရွိပါတယ္။
Thrift shopping လုပ္တဲ့အခါ နာမည္ေက်ာ္ ဇိမ္ခံတံဆိပ္ေတြရဲ႕ ေရွးတုန္းကထုတ္ခဲ့ၿပီး ေနာက္ပိုင္းမူရင္းဆိုင္ေတြမွာေတာင္ျပန္ရဖို႔မလြယ္ကူတဲ့ ပစၥည္းေဟာင္းေတြ၊ အကန႔္အသတ္နဲ႔ ထုတ္ထားတဲ့ အသုံးအ ေဆာင္ေတြကို ရွာေတြ႕ႏိုင္သလိုတန္ေၾကးႀကီးတဲ့ ပစၥည္းေတြကိုလည္း ေဈးအရမ္းသက္သာစြာရရွိႏိုင္ပါတယ္။
ဒါေၾကာင့္ ႏိုင္ငံအခ်ိဳ႕မွာေတာ့ ေဘထုပ္တန္းဆိုတာ သပ္သပ္ရွိၿပီးvintage ပစၥည္းေတြကို ႀကိဳက္ႏွစ္သက္တဲ့ လူေတြမွတမင္အခ်ိန္ေပးကာ သြားတတ္ၾကပါတယ္။ေဘထုပ္အက်ီေတၤြဝယ္တဲ့အခါ အိပ္ကပ္ထဲမွ ေဒၚလာေတြပါလာတာမ်ိဳး လက္ဝတ္ရတနာပါလာတာမ်ိဳးေတြ ၾကားဖူးၾကမယ္ထင္ပါတယ္။
အရင္ပိုင္ရွင္က ေမ့ၿပီးအိတ္ထဲထည့္မိတဲ့အခါ ျပန္ေရာင္းေတာ့ ပစၥည္ေတြကို အ ေကာင္းအတိုင္း ျပန္ေတြ႕တတ္ပါတယ္။မေလးရွားႏိုင္ငံမွ အသက္ (၂၉) ႏွစ္အ႐ြယ္ Adam Wan ဟာလည္း ေဘထုပ္ထဲမွ ဆုေၾကးေပါက္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးပါ။
Adam ဟာ Kelantan မွ Kampung Tualang Salak နားမွာ ေဘထုပ္ဆိုင္ဖြင့္ဖို႔အတြက္ စီစဥ္ေနတာပါ။ ေဘထုပ္ဝယ္တဲ့အခါ အထုပ္လိုက္တစ္ခါတည္းေဈးျဖတ္ဝယ္ရတာမို႔ အေပါက္အၿပဲအနာအဆာေတြ ပါ,မပါ၊ ပစၥည္းအေကာင္းစားေတြပါ, မပါကေတာ့ ကိုယ့္ကံနဲ႔ဆိုက္ပါတယ္။
Adam ကေတာ့ (၂၅) ေဒၚလာေပးကာ ေဘထုပ္ႏွစ္ထုပ္ကို ဒိုင္ဆီကေနဝယ္လာခဲ့ပါတယ္။ဒါေပမဲ့ Adam ကေတာ့ ပစၥည္းေကာင္းပါတာထက္ကို ပိုၿပီးကံေကာင္းသြားတဲ့ အ ျဖစ္အပ်က္တစ္ခုကို ႀကဳံခဲ့ရပါတယ္။သူဝယ္လိုက္တဲ့ ေဘထုပ္ထဲကကုတ္အက်ီထၤဲမွာ ပိုက္ဆံအိတ္တစ္အိတ္ကိုရွာေတြ႕ခဲ့တာပါ။
ပိုက္ဆံအိတ္ကိုဖြင့္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ဂ်ပန္ယန္း (၅) သိန္း (၅) ေသာင္းကိုရွာေတြ႕ခဲ့ပါတယ္။ယန္း(၅)သိန္း (၅)ေသာင္းဆိုတာ မေလးရွားရင္းဂစ္ (၂) ေသာင္းႏွင့္ညီမွ်ၿပီး ေဒၚလာ (၄,၈၆၃) ေထာင္ေက်ာ္ေလာက္ရွိပါတယ္။
ပိုက္ဆံေတြကိုရွာေတြ႕ေတြ႕ခ်င္း အရမ္းမအံ့ၾသေပမယ့္ ပိုက္ဆံေရၿပီးတဲ့ အခ်ိန္မွာေတာ့ အရမ္းမ်ားတဲ့ပမာဏေၾကာင့္ ေတာ္ေတာ္ေလးကအံ့ၾသခဲ့ရပါတယ္။
ပိုက္ဆံအခ်ိဳ႕ကိုေတာ့ မေလးရွားေငြနဲ႔ ျပန္လဲလွယ္ကာ စီးပြားေရးအတြက္ သုံးသြားမွာျဖစ္ၿပီး အနည္းငယ္ကိုေတာ့ လာဘ္ေဆာင္တဲ့အေနနဲ႔ သိမ္းထားမယ္လို႔ Adam ကဆိုပါတယ္။
ဒီအေၾကာင္းကို အမ်ားသူငါမုဒိဓာပြားႏိုင္ေအာင္ ဓာတ္ပုံႏွင့္တကြ Facebook ေပၚမွာတင္ထားခဲ့ပါတယ္။ လူအမ်ားစုကေတာ့ ပိုက္ဆံရွာေတြ႕ခဲ့တဲ့ကုတ္အက်ီနၤဲ့ ပိုက္ဆံထည့္ထားတဲ့ အိတ္တို႔ကို ေဈးႀကီးေပးဝယ္ေနၾကေပမယ့္ Adam ကေတာ့ မေရာင္းဘဲ သိမ္းထားမွာျဖစ္ေၾကာင္း ျပန္လည္တုန႔္ျပန္ခဲ့ပါတယ္။
Comment မ်ားထဲတြင္ Datuk Mohamad Shukri မွ ဒီကိစၥနဲ႔ပတ္သတ္ၿပီး Adam ဟာ ေငြကိုရွာေတြ႕ခဲ့တာမွန္ေပမယ့္ ထိုေငြမ်ားဟာ သူမ်ားဟာျဖစ္တာေၾကာင့္ပိုင္ရွင္ကိုရွာသင့္ေၾကာင္းနဲ႔ ပိုင္ရွင္ရွာမေတြ႕ပါက ရဲလက္သို႔အပ္သင့္ေၾကာင္း ဝင္ေရာက္ေျပာထားပါေသးတယ္။
Adam ကေတာ့ ဒီေဘထုပ္ထည္မ်ားဟာ ဂ်ပန္မွတစ္ဆင့္လာတာျဖစ္တဲ့အတြက္ မေလးရွားမွ အမည္မသိ၊ ေနရာမသိဂ်ပန္ႏိုင္ငံမွလူတစ္ေယာက္ကို ရွာဖို႔ဆိုတာဘယ္လိုမွ မျဖစ္ႏိုင္ေၾကာင္း၊ အျခားေဘထုပ္ေရာင္း ဝယ္သမားမ်ားလည္း ပစၥည္းမ်ားယခုလိုေတြ႕တဲ့အခါ
မိမိကံထူးလို႔ေတြ႕တယ္ဆိုၿပီး ယူဆေၾကာင္းနဲ႔ရဲလက္အပ္ဖို႔ဆိုတာ ဒီပိုက္ဆံေတြနဲ႔ အစိုးရနဲ႔ နည္းနည္းမွ မသက္ဆိုင္ေၾကာင္း ျပန္တုန႔္ျပန္ထားပါတယ္။
ခရစ္ဒစ္-မူရင္းေရးသားသူ
>>>>>Unicode<<<<<
၆၆၀၀ကျပ် ရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ၆၄သိန်း၆သောင်းကျော် အမြတ်ရခဲ့တဲ့ဖြစ်ရပ်
ဘေထုပ်ရောင်းဝယ်ခြင်းကို နိုင်ငံခြားမှာတော့ thrift shopping လို့ခေါ်ပြီး အဝတ် အစား၊ အသုံးအဆောင်တွေကိုကျရင်တော့ vintage ပစ္စည်းတွေလို့ ခေါ်ပါတယ်။
အမှန်တော့ ဘေထုပ်ဝတ်ခြင်းဟာ ရှက်စရာမကောင်းပါဘူး။ ဟောလိဝုဒ်စတားတွေမှာတောင်မှ vintageအဝတ်အစားအသုံးအဆောင်တွေကိုကြိုက် လွန်းလို့ တမင်ဈေးကြီးပေးဝယ်ကြတဲ့လူတွေရှိပါတယ်။
Thrift shopping လုပ်တဲ့အခါ နာမည်ကျော် ဇိမ်ခံတံဆိပ်တွေရဲ့ ရှေးတုန်းကထုတ်ခဲ့ပြီး နောက်ပိုင်းမူရင်းဆိုင်တွေမှာတောင်ပြန်ရဖို့မလွယ်ကူတဲ့ ပစ္စည်းဟောင်းတွေ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အသုံးအ ဆောင်တွေကို ရှာတွေ့နိုင်သလိုတန်ကြေးကြီးတဲ့ ပစ္စည်းတွေကိုလည်း ဈေးအရမ်းသက်သာစွာရရှိနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံအချို့မှာတော့ ဘေထုပ်တန်းဆိုတာ သပ်သပ်ရှိပြီးvintage ပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ လူတွေမှတမင်အချိန်ပေးကာ သွားတတ်ကြပါတယ်။ဘေထုပ်အကျီင်္တွေဝယ်တဲ့အခါ အိပ်ကပ်ထဲမှ ဒေါ်လာတွေပါလာတာမျိုး လက်ဝတ်ရတနာပါလာတာမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။
အရင်ပိုင်ရှင်က မေ့ပြီးအိတ်ထဲထည့်မိတဲ့အခါ ပြန်ရောင်းတော့ ပစ္စည်တွေကို အ ကောင်းအတိုင်း ပြန်တွေ့တတ်ပါတယ်။မလေးရှားနိုင်ငံမှ အသက် (၂၉) နှစ်အရွယ် Adam Wan ဟာလည်း ဘေထုပ်ထဲမှ ဆုကြေးပေါက်ခဲ့တဲ့ အမျိုးသားတစ်ဦးပါ။
Adam ဟာ Kelantan မှ Kampung Tualang Salak နားမှာ ဘေထုပ်ဆိုင်ဖွင့်ဖို့အတွက် စီစဉ်နေတာပါ။ ဘေထုပ်ဝယ်တဲ့အခါ အထုပ်လိုက်တစ်ခါတည်းဈေးဖြတ်ဝယ်ရတာမို့ အပေါက်အပြဲအနာအဆာတွေ ပါ,မပါ၊ ပစ္စည်းအကောင်းစားတွေပါ, မပါကတော့ ကိုယ့်ကံနဲ့ဆိုက်ပါတယ်။
Adam ကတော့ (၂၅) ဒေါ်လာပေးကာ ဘေထုပ်နှစ်ထုပ်ကို ဒိုင်ဆီကနေဝယ်လာခဲ့ပါတယ်။ဒါပေမဲ့ Adam ကတော့ ပစ္စည်းကောင်းပါတာထက်ကို ပိုပြီးကံကောင်းသွားတဲ့ အ ဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပါတယ်။သူဝယ်လိုက်တဲ့ ဘေထုပ်ထဲကကုတ်အကျီင်္ထဲမှာ ပိုက်ဆံအိတ်တစ်အိတ်ကိုရှာတွေ့ခဲ့တာပါ။
ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဂျပန်ယန်း (၅) သိန်း (၅) သောင်းကိုရှာတွေ့ခဲ့ပါတယ်။ယန်း(၅)သိန်း (၅)သောင်းဆိုတာ မလေးရှားရင်းဂစ် (၂) သောင်းနှင့်ညီမျှပြီး ဒေါ်လာ (၄,၈၆၃) ထောင်ကျော်လောက်ရှိပါတယ်။
ပိုက်ဆံတွေကိုရှာတွေ့တွေ့ချင်း အရမ်းမအံ့သြပေမယ့် ပိုက်ဆံရေပြီးတဲ့ အချိန်မှာတော့ အရမ်းများတဲ့ပမာဏကြောင့် တော်တော်လေးကအံ့သြခဲ့ရပါတယ်။
ပိုက်ဆံအချို့ကိုတော့ မလေးရှားငွေနဲ့ ပြန်လဲလှယ်ကာ စီးပွားရေးအတွက် သုံးသွားမှာဖြစ်ပြီး အနည်းငယ်ကိုတော့ လာဘ်ဆောင်တဲ့အနေနဲ့ သိမ်းထားမယ်လို့ Adam ကဆိုပါတယ်။
ဒီအကြောင်းကို အများသူငါမုဒိဓာပွားနိုင်အောင် ဓာတ်ပုံနှင့်တကွ Facebook ပေါ်မှာတင်ထားခဲ့ပါတယ်။ လူအများစုကတော့ ပိုက်ဆံရှာတွေ့ခဲ့တဲ့ကုတ်အကျီင်္နဲ့ ပိုက်ဆံထည့်ထားတဲ့ အိတ်တို့ကို ဈေးကြီးပေးဝယ်နေကြပေမယ့် Adam ကတော့ မရောင်းဘဲ သိမ်းထားမှာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
Comment များထဲတွင် Datuk Mohamad Shukri မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး Adam ဟာ ငွေကိုရှာတွေ့ခဲ့တာမှန်ပေမယ့် ထိုငွေများဟာ သူများဟာဖြစ်တာကြောင့်ပိုင်ရှင်ကိုရှာသင့်ကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ပါက ရဲလက်သို့အပ်သင့်ကြောင်း ဝင်ရောက်ပြောထားပါသေးတယ်။
Adam ကတော့ ဒီဘေထုပ်ထည်များဟာ ဂျပန်မှတစ်ဆင့်လာတာဖြစ်တဲ့အတွက် မလေးရှားမှ အမည်မသိ၊ နေရာမသိဂျပန်နိုင်ငံမှလူတစ်ယောက်ကို ရှာဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ အခြားဘေထုပ်ရောင်း ဝယ်သမားများလည်း ပစ္စည်းများယခုလိုတွေ့တဲ့အခါ
မိမိကံထူးလို့တွေ့တယ်ဆိုပြီး ယူဆကြောင်းနဲ့ရဲလက်အပ်ဖို့ဆိုတာ ဒီပိုက်ဆံတွေနဲ့ အစိုးရနဲ့ နည်းနည်းမှ မသက်ဆိုင်ကြောင်း ပြန်တုန့်ပြန်ထားပါတယ်။
ခရစ်ဒစ်-မူရင်းရေးသားသူ