Health Care
အရေးအကြောင်းကို သဘာဝနည်းနဲ့ အလွယ်တကူ ပျောက်ကင်းစေတဲ့နည်းလမ်း
အမျိုးသမီးတိုင်းက အသက်ကြီးပြီး အသားအရေတွေ တွန့်လာမှာ၊ အရေးအကြောင်းတွေဖြစ်လာမှာကို စိုးရိမ်တတ်ကြပါတယ်။
ဒီလို မဖြစ်ဖို့ အလှပြင်ပစ္စည်းတွေ ခရမ်တွေ အများကြီး လိမ်းခြယ်ကြပါတယ်။
ဒီလို အလှပြင်ပစ္စည်းတွေက ၁၀၀ ရာခိုင်နှုန်း အကျိုးမရှိတဲ့အပြင် ဈေးလည်းကြီးပြီး ဓာတုပစ္စည်းတွေလည်း အများကြီးပါဝင်နေပါတယ်။
ဒါကြောင့် အရေးအကြောင်းကို သဘာဝနည်းနဲ့ အလွယ်တကူ ပျောက်ကင်းစေတဲ့နည်းလမ်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥ အနှစ် ၁ခု
သံလွင်ဆီ စားပွဲတင်ဇွန်း ၁ဇွန်း
Vaseline လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
Vaseline အနှစ်ကို ရေနွေးငွေ့နဲ့ပေါင်းပြီး အရည်ဖြစ်အောင် လုပ်ပါ။ ပြီးရင် မီးဖိုပေါ်က ဖယ်ရှားပြီး ကြက်ဥ အနှစ်၊ သံလွင်ဆီနဲ့ ပျားရည်ထည့်ပါ။
အကုန်လုံးကို သမအောင် မွှေပါ။
ပြီးရင် ဗူးတစ်ဗူးထဲထည့်ပါ။ မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပြီး လက်ချောင်းလေးတွေနဲ့ မျက်နှာကို တခါတည်း နှိပ်နယ်ပေးပါ။
မိနစ် ၃၀ အကြာမှာ လက်ကိုင်ပုဝါကို ရေစွတ်ပြီး ဖယ်ရှားပေးပါ။
ညမအိပ်ခင် ၂ နာရီလောက်အလိုမှာ အဲ့ဒီ သဘာ၀ ခရမ်ကို လိမ်းပေးပါ။ ပိုလို့ကျန်ရှိတဲ့ ခရမ်တွေကို ရေခဲသေတ္တာထဲ သိမ်းထားပြီး
နောက်ရက် ဆက်လိမ်းပေးပါ။ ၇ ရက်ကြာရင် အရေးအကြောင်းတွေ သိသာ ပျောက်ကင်းသွားပါလိမ့်မယ် ။ ။
credit
zawgyi
ပါဝင်ပစ္စည်းများ
ကြက်ဥ အနှစ် ၁ခု
ပြုလုပ်နည်း